၂၀၂၄ ခုနှစ် ကမ္ဘာ့လူဦးရေနေ့အထိမ်းအမှတ်အခမ်းအနားကို ဇူလိုင်လ ၁၁ ရက်တွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်ဗဟိုဌာန - ၂ (MICC-2) ၌ ကျင်းပရာ ဗဟို သန်းခေါင်စာရင်းကော်မရှင်နာယက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက်အမှာစကားပြောကြားခဲ့ပါသည်။
အခမ်းအနားတွင် ဗဟိုသန်းခေါင်စာရင်းကော်မရှင်နာယက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က-
- ကမ္ဘာ့နိုင်ငံအသီးသီးတွင် အရေးတကြီးဖြေရှင်းရမည့် မိသားစုစီမံကိန်း၊ ကျား/မတန်းတူ ညီမျှမှု၊ ဆင်းရဲနွမ်းပါးမှု၊ ကိုယ်ဝန်ဆောင်မိခင်ကျန်းမာရေးနှင့် လူ့အခွင့်အရေးများ၏ အရေး ပါမှုစသည့် လူဦးရေဆိုင်ရာပြဿနာရပ်များကို ပြည်သူလူထု အသိပညာပေးလုပ်ငန်းများ ကျယ်ကျယ်ပြန့်ပြန့် တိုးမြှင့်ဆောင်ရွက်နိုင်ရန်ရည်ရွယ်ပြီး ကမ္ဘာ့လူဦးရေ သန်းငါးထောင် ပြည့်ခဲ့သည့် ၁၉၈၇ ခုနှစ် ဇူလိုင်လ (၁၁) ရက်နေ့ကို အစွဲပြုပြီး ကမ္ဘာ့လူဦးရေနေ့အဖြစ် သတ်မှတ်ခဲ့ခြင်းဖြစ်ကြောင်း။
- မြန်မာနိုင်ငံအနေဖြင့်လည်း ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံဖြစ်သည်နှင့်အညီ ကမ္ဘာ့ လူဦးရေနေ့ အထိမ်းအမှတ်အခမ်းအနားများကို ၁၉၉၀ ပြည့်နှစ်ကစပြီး နှစ်စဉ်ကျင်းပလာခဲ့ သည်မှာ (၃၅) ကြိမ်မြောက်ရှိပြီဖြစ်ကြောင်း။
- ရှေးယခင်က ကမ္ဘာ့လူဦးရေ သန်းတစ်ထောင်ပြည့်ရန် နှစ်ပေါင်းရာကျော် ကြာမြင့်ခဲ့သော်လည်း ယနေ့ကာလတွင် ဆေးဝါးနှင့် ကျန်းမာရေး စောင့်ရှောက်မှုများ၊ အဆင့်မြင့် နည်းပညာများ နှင့် လူမှုဘဝများ ဖွံ့ဖြိုးတိုးတက်လာသည့်အပြင် လူဦးရေဆိုင်ရာမွေးဖွားနှုန်း၊ သေဆုံးနှုန်း များ ပြောင်းလဲလာခြင်းကြောင့် လူဦးရေသန်းတစ်ထောင်တိုးရန် အချိန်တဖြည်းဖြည်း တို တောင်းလာသည်ကို တွေ့ရမည်ဖြစ်ကြောင်း။
- တစ်ဖက်တွင်လည်း ကမ္ဘာ့လူဦးရေ တိုးတက်လာသည်နှင့်အမျှ စားနပ်ရိက္ခာ မပြည့်စုံခြင်း များ၊ သောက်သုံးရေရှားပါးပြတ်လပ်ခြင်းများ၊ ရာသီဥတုဖောက်ပြန်ခြင်းများ၊ ကူးစက်ကပ် ရောဂါ ပျံ့နှံ့ခြင်းများ၊ ရေဘေး၊ လေဘေး၊ မုန်တိုင်းဘေးစသည့် သဘာဝဘေး အန္တရာယ် များကို လူသားတို့ ယခင်ကထက် ပိုမိုရင်ဆိုင်ခံစားလာနေကြရကြောင်း။
- နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရန်အတွက် လက်ရှိဖြစ်ပေါ်နေသည့်အခြေအနေများကို အချိန်နှင့် တစ်ပြေးညီ သုံးသပ်ပြီး ကဏ္ဍအလိုက် ဦးစားပေးအဆင့်သတ်မှတ်၍ ထိရောက်စွာ အကောင် အထည်ဖော်နိုင်ရန်အတွက် အထူးလိုအပ်သည့်အခြေခံအချက်များဖြစ်သော မိမိတို့နိုင်ငံ၏ နယ်မြေဒေသအလိုက် လူဦးရေနှင့် လူမှုစီးပွားဆိုင်ရာ အချက်အလက်များရရှိရန် ကမ္ဘာ့ နိုင်ငံအများစုတွင် လူဦးရေသန်းခေါင်စာရင်းများကို ပုံမှန်ကောက်ယူနေကြခြင်းဖြစ်ကြောင်း။
- နိုင်ငံ၏ အသေးငယ်ဆုံး အုပ်ချုပ်မှုနယ်မြေအဆင့်အထိ နယ်မြေဒေသအလိုက်လူဦးရေနှင့် လူမှုစီးပွားဆိုင်ရာ အချက်အလက်များကို လူဦးရေသန်းခေါင်စာရင်းများကသာ ရရှိနိုင်မည်ဖြစ် သည့်အတွက် လူဦးရေသန်းခေါင်စာရင်းကို မဖြစ်မနေကောက်ယူရန်လိုကြောင်း။
- မိမိတို့နိုင်ငံတွင် မကြာမီကောက်ယူတော့မည့် ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းနှင့်ပတ်သက်၍ သန်းခေါင်စာရင်း၏ ထူးခြားသည့် ဝိသေသလက္ခဏာ တစ်ခုမှာ ရပ်ကွက်၊ ကျေးရွာအုပ်စုကဲ့သို့ အုပ်ချုပ်မှုဧရိယာ အသေးငယ်ဆုံးအဆင့်ထိ အချက် အလက်များ ပံ့ပိုးပေးနိုင်ခြင်းပင်ဖြစ်ကြောင်း။
- သန်းခေါင်စာရင်းကရရှိလာသည့် အချက်အလက်များသည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး အတွက် မှန်ကန်သည့်မူဝါဒများ၊ မဟာဗျူဟာများ၊ နည်းဗျူဟာများ ချမှတ်နိုင်ရန်နှင့် စီမံ ကိန်းများရေးဆွဲနိုင်ရန် လိုအပ်သည့် လူဦးရေနှင့် လူမှုစီးပွားရေးဆိုင်ရာ စာရင်းအင်း အချက် အလက်များ ပံ့ပိုးပေးနိုင်မည်ဖြစ်ကြောင်း။
- သယံဇာတအရင်းအမြစ်များ ခွဲဝေသတ်မှတ်ခြင်း၊ ဘဏ္ဍာငွေခွဲဝေချထားခြင်း၊ စာသင်ကျောင်း၊ ဆေးရုံနှင့် ကျန်းမာရေးဌာနများ၊ လမ်း၊ တံတားများစသည့် အခြေခံ အဆောက်အဦများ တည်ဆောက်ပေးခြင်း၊ မသန်စွမ်းနှင့် သက်ကြီးရွယ်အိုစောင့်ရှောက်ခြင်း၊ အလုပ်အကိုင် အခွင့်အလမ်း ဖန်တီးပေးခြင်းစသည်များကို ထိထိရောက်ရောက် စီမံခန့်ခွဲရန်မရှိ မဖြစ်လို အပ်သည့် အခြေခံအချက်အလက်များပင်ဖြစ်ကြောင်း။
- ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်း ကောက်ယူပြီးနောက်ပိုင်းတွင် နိုင်ငံတော်အတွက် လိုအပ် နေသည့် စာရင်းအင်းဆိုင်ရာ အချက်အလက်အတော်များများကို နိုင်ငံ၏ဖွံ့ဖြိုး တိုးတက်မှု စီမံကိန်းများ ရေးဆွဲသည့်နေရာတွင်အသုံးပြုခဲ့ပြီး နှစ်စဉ် နိုင်ငံ၏ ခန့်မှန်း လူဦးရေစာရင်းကို လည်း အနီးစပ်ဆုံး ခန့်မှန်းတွက်ချက် ထုတ်ပြန်ပေးနေခြင်းဖြစ်ကြောင်း။
- နှစ်စဉ်ထုတ်ပြန်သည့် နိုင်ငံ၏ ခန့်မှန်းလူဦးရေစာရင်းများ ခိုင်မာမှုရှိစေရန်အတွက် လည်း ကောင်း၊ ကဏ္ဍအလိုက် ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်းများနှင့် သုတေသန လုပ်ငန်းများ အတွက် မှန်ကန်သည့် အခြေခံအချက်အလက်များရရှိစေရန် လည်းကောင်း ရည်ရွယ်ပြီး မြန်မာ နိုင်ငံတွင် ၂၀၂၄ ခုနှစ် အောက်တိုဘာလ ၁ ရက်မှ ၁၅ ရက်အထိ လူဦးရေနှင့် အိမ်အကြောင်း အရာသန်းခေါင်စာရင်းကောက်ယူရန် စီစဉ်ဆောင်ရွက်နေကြောင်း။
- သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းသည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းများနှင့် မူဝါဒများချမှတ်ရန် အရေးကြီးသည့် လူမှုစီးပွားဆိုင်ရာအချက်အလက်များ ရရှိနိုင်မည့် တစ်ခုတည်းသော စီမံကိန်းလုပ်ငန်းဖြစ်ခြင်းကြောင့် အမျိုးသားရေးတာဝန် တစ်ရပ်အနေဖြင့် အောင်မြင်အောင် အကောင်အထည်ဖော်ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း။
- ရှေ့လုပ်ငန်းစဉ် (၅) ရပ်၏ နောက်ဆုံးအချက်ဖြစ်သည့် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ အားလုံး၏ အခွင့်အရေးများ နစ်နာမှုမရှိစေရေးနှင့် နည်းလမ်းကျနမှန်ကန်မှုရှိသည့် အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် အခြေခံလိုအပ်သည့် မဲစာရင်းမှန်ကန် စေရေးကိုလည်း အထောက်အကူဖြစ်စေမည်ဖြစ်ကြောင်း။
- ယခုနှစ် ၂၀၂၄ ခုနှစ် ကမ္ဘာ့လူဦးရေနေ့ဆောင်ပုဒ်ကို “ထိခိုက်လွယ်သူ ဖေးမကူ၊ အရေးပေါ်က စောင့်ရှောက်ကြ”၊ “Helping vulnerable populations in emergencies”ဟု သတ်မှတ် ထားကြောင်း။
- အရေးပေါ်အခြေအနေတွင် အသုံးပြုနိုင်ရန်၊ ထိခိုက်လွယ်သူများကို ထိထိရောက်ရောက် ကူညီပံ့ပိုးပေးနိုင်ရန်အတွက် ကိန်းဂဏန်းအချက်အလက်များနှင့် ဒေသအလိုက် လူမှုစီးပွား ဆိုင်ရာ အချက်အလက်များရရှိရန် အရေးကြီးသကဲ့သို့ နောက်ဆုံးအခြေအနေနှင့် အညီ Update ဖြစ်နေရန်လည်း လိုကြောင်း။
- ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း၏ ဆောင်ပုဒ်ဖြစ်သည့် “ပြည်သူအားလုံးပါဝင်လို့၊ သန်းခေါင်စာရင်းကောက်ကြစို့” “A nation-wide census, let us all participate” ဟု ဆိုသည့်အတိုင်း ပူးပေါင်းပါဝင်ကြရန်တိုက်တွန်းမှာကြား လိုကြောင်း ဖြင့် ပြောကြားခဲ့။
အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးများနှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ သံတမန်များ၊ အထိမ်းအမှတ်အခမ်းအနားကျင်းပရေးဗဟိုကော်မတီနှင့် ဆပ်ကော်မတီများမှ တာဝန်ရှိသူများ၊ ဝန်ကြီးဌာနများနှင့် အသင်းအဖွဲ့များမှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြကြောင်းသိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၂-၇-၂၀၂၄)
- ကမ္ဘာ့နိုင်ငံအသီးသီးတွင် အရေးတကြီးဖြေရှင်းရမည့် မိသားစုစီမံကိန်း၊ ကျား/မတန်းတူ ညီမျှမှု၊ ဆင်းရဲနွမ်းပါးမှု၊ ကိုယ်ဝန်ဆောင်မိခင်ကျန်းမာရေးနှင့် လူ့အခွင့်အရေးများ၏ အရေးပါမှုစသည့် လူဦးရေဆိုင်ရာပြဿနာရပ်များကို ပြည်သူလူထု အသိပညာပေးလုပ်ငန်းများ ကျယ်ကျယ် ပြန့်ပြန့် တိုးမြှင့်ဆောင်ရွက်နိုင်ရန် ရည်ရွယ်ပြီး ကမ္ဘာ့လူဦးရေ သန်းငါးထောင် ပြည့်ခဲ့သည့် ၁၉၈၇ ခုနှစ် ဇူလိုင်လ (၁၁) ရက်နေ့ကို အစွဲပြုပြီး ကမ္ဘာ့လူဦးရေနေ့အဖြစ် သတ်မှတ်ခဲ့ခြင်းဖြစ်။
- နိုင်ငံ၏ အသေးငယ်ဆုံး အုပ်ချုပ်မှုနယ်မြေအဆင့်အထိ နယ်မြေဒေသအလိုက်လူဦးရေနှင့် လူမှု စီးပွားဆိုင်ရာ အချက်အလက်များကို လူဦးရေသန်းခေါင်စာရင်းများကသာ ရရှိနိုင်မည်ဖြစ်သည့် အတွက် လူဦးရေသန်းခေါင်စာရင်းကို မဖြစ်မနေကောက်ယူရန်လို။
- သန်းခေါင်စာရင်းကရရှိလာသည့် အချက်အလက်များသည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် မှန်ကန်သည့်မူဝါဒများ၊ မဟာဗျူဟာများ၊ နည်းဗျူဟာများ ချမှတ်နိုင်ရန်နှင့် စီမံကိန်းများရေး ဆွဲနိုင်ရန် လိုအပ်သည့်လူဦးရေနှင့် လူမှုစီးပွားရေးဆိုင်ရာ စာရင်းအင်းအချက်အလက်များ ပံ့ပိုး ပေးနိုင်မည်ဖြစ်။
- နှစ်စဉ်ထုတ်ပြန်သည့် နိုင်ငံ၏ ခန့်မှန်းလူဦးရေစာရင်းများ ခိုင်မာမှုရှိစေရန်အတွက် လည်းကောင်း၊ ကဏ္ဍအလိုက် ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်းများနှင့် သုတေသန လုပ်ငန်းများအတွက် မှန်ကန်သည့် အခြေခံအချက်အလက်များရရှိစေရန် လည်းကောင်း ရည်ရွယ်ပြီး မြန်မာနိုင်ငံတွင် ၂၀၂၄ ခုနှစ် အောက်တိုဘာလ ၁ ရက်မှ ၁၅ ရက်အထိ လူဦးရေနှင့် အိမ်အကြောင်း အရာသန်းခေါင်စာရင်း ကောက်ယူရန် စီစဉ်ဆောင်ရွက်နေ။
- သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းသည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းများနှင့် မူဝါဒများချမှတ်ရန် အရေးကြီးသည့် လူမှုစီးပွားဆိုင်ရာအချက်အလက်များ ရရှိနိုင်မည့် တစ်ခု တည်းသော စီမံကိန်းလုပ်ငန်းဖြစ်ခြင်းကြောင့် အမျိုးသားရေးတာဝန် တစ်ရပ်အနေဖြင့် အောင်မြင် အောင် အကောင်အထည်ဖော်ဆောင်ရွက်ကြရမည်ဖြစ်။
- ရှေ့လုပ်ငန်းစဉ် (၅) ရပ်၏ နောက်ဆုံးအချက်ဖြစ်သည့် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ အားလုံး၏ အခွင့် အရေးများ နစ်နာမှုမရှိစေရေးနှင့် နည်းလမ်းကျနမှန်ကန်မှုရှိသည့် အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် အခြေခံလိုအပ်သည့် မဲစာရင်းမှန်ကန်စေရေးကိုလည်း အထောက်အကူဖြစ်စေမည်ဖြစ်။
Add new comment