နိုင်ငံရေးပါတီ (၂၃) ပါတီ၏ ပူးတွဲသဘောထားထုတ်ပြန်ကြေညာချက်

 ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလအတွင်း မြောက်ပိုင်းမဟာမိတ် (၃) ဖွဲ့သည် ရှမ်းပြည်နယ် (မြောက်ပိုင်း) နယ်မြေဒေသများအတွင်း ၁ဝ၂၇ စစ်ဆင်ရေးအမည်ဖြင့် အကြမ်းဖက်တိုက်ခိုက်မှုများ စတင်ပြုလုပ်ခဲ့ရာ MNDAA/ TNLA/AA နှင့် ယင်းအဖွဲ့အစည်းများအား ကူညီဆက်စပ်၊ ပါဝင် ပတ်သက်နေသော အကြမ်းဖက်လက်နက်ကိုင်အဖွဲ့အစည်းများသည် ပစ်ခတ်တိုက်ခိုက်မှုများ ရပ်စဲ ထားမှုကို အခွင့်ကောင်းယူပြီး ၂၀၂၄ ခုနှစ်၊ ဇွန်လမှစ၍ ၁၀၂၇ ဒုတိယလှိုင်းအမည်ဖြင့် အကြမ်းဖက် တိုက်ခိုက်မှုများအား ထပ်မံလုပ်ဆောင်လာခဲ့ပါသည်။

ယခုလက်ရှိအခြေအနေတွင်လည်း အဆိုပါ အကြမ်းဖက်သောင်းကျန်းသူအဖွဲ့အစည်းများသည် အပြစ်မဲ့ပြည်သူများအား သတ်ဖြတ်ခြင်း၊ စစ်ရေးပစ်မှတ်မဟုတ်သော အများပြည်သူနေထိုင်ရာ မြို့ကြီးများအား အဝေးမှလက်နက်ကြီးများ၊ Drop Bomb များဖြင့် ပစ်ခတ်ခြင်း၊ တိုင်းရင်းသား မျိုးနွယ်စုများအား ၎င်းတို့ထိန်းချုပ်ထားသည့် နယ်မြေဒေသအတွင်းမှ ခြိမ်းခြောက်နှင်ထုတ်ခြင်းစသည့် အကြမ်းဖက်လုပ်ရပ်များအား လုပ်ဆောင်လျက်ရှိရာ နိုင်ငံရေးပါတီများအနေဖြင့် လက်ရှိဖြစ်ရပ်များ အပေါ် သုံးသပ်မှုအရ-

  • အကြမ်းဖက်သောင်းကျန်းသူအဖွဲ့အစည်းများသည် တိုင်းရင်းသားမျိုးနွယ်စုများအား ၎င်းတို့ ထိန်းချုပ်ထားသည့် နယ်မြေဒေသအတွင်းမှ ခြိမ်းခြောက်နှင်ထုတ်ပြောင်းရွှေ့စေခြင်းသည် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂ဝဝ၈ခုနှစ်) ၏ ပုဒ်မ (၃၅၅) ပါ “နိုင်ငံသားတိုင်းသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အတွင်း မည်သည့်အရပ်ဒေသ၌မဆို ဥပဒေနှင့်အညီ အခြေစိုက်နေထိုင်ခွင့်ရှိသည်” နှင့် အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေး ကြေညာစာတမ်းအပိုဒ် ၁၃ (၁) ပါ “လူတိုင်းတွင် မိမိ၏နိုင်ငံနယ်နိမိတ်အတွင်း၌ လွတ်လပ်စွာသွားလာ ရွှေ့ပြောင်း နိုင်ခွင့်၊ နေထိုင်ခွင့်ရှိသည်” ဟူသော ပြဋ္ဌာန်းချက်ကို အတိအလင်းချိုးဖောက်ခြင်းဖြစ်။
  • အဆိုပါအကြမ်းဖက်သောင်းကျန်းသူအဖွဲ့အစည်းများ၏ အဆင့်ဆင့်သော ကြီးကြပ်ကွပ်ကဲ သူများသည် တည်ဆဲဥပဒေများနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ဆန့်ကျင်ချိုးဖောက်ခြင်း၊ နိုင်ငံတော်၏ ကျေးဇူးသစ္စာကို ဖောက်ဖျက်ခြင်းနှင့် နိုင်ငံတကာက လက်ခံကျင့်သုံးနေသော လူအခွင့်အရေးများအား ချိုးဖောက်နေခြင်းဖြစ်။
  • အကြမ်းဖက်အဓမ္မဝါဒကို မလိုလား၊ လက်မခံကြသော နိုင်ငံတစ်ဝန်းရှိ တိုင်းရင်းသားပြည်သူ များကိုယ်စား နိုင်ငံရေးပါတီများက အကြမ်းဖက်လုပ်ရပ်များကို လုပ်ဆောင်လျက်ရှိသည့် MNDAA/TNLA/AA နှင့် ၎င်းတို့နှင့် တိုက်ရိုက်၊ သွယ်ဝိုက်၊ ဆက်စပ်ပူးပေါင်းပါဝင် ကူညီပေး နေကြသော အဖွဲ့အစည်းများအားလုံးကို လုံးဝဆန့်ကျင်ကန့်ကွက်လျက်ရှိ။

အဆိုပါအကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်လျက်ရှိသည့် အကြမ်းဖက်လက်နက်ကိုင်အဖွဲ့ အစည်းများအား အကြမ်းဖက်အုပ်စုများအဖြစ် နိုင်ငံတွင်း၌သာမက နိုင်ငံတကာထိ သိရှိလက်ခံနိုင်ရန် နှင့် အကြမ်းဖက်အဖွဲ့အစည်းများ၏ အဆင့်ဆင့်သော ကြီးကြပ်ကွပ်ကဲသူများအား အကြမ်းဖက် သမားများအဖြစ် သတ်မှတ်ကြေညာ၍ အာဆီယံရဲတပ်ဖွဲ့ဌာနချုပ်၊ နိုင်ငံတကာရဲတပ်ဖွဲ့ ဌာနချုပ်တို့နှင့် ဆက်သွယ်၍လည်းကောင်း၊ နိုင်ငံတကာရဲတပ်ဖွဲ့အချင်းချင်း ဆက်သွယ်၍လည်းကောင်း လိုအပ်သလို ကန့်သတ်၊ ထိန်းချုပ်ခြင်းတို့ဖြင့်  သက်ဆိုင်ရာဌာန/အဖွဲ့အစည်းများက ပိုမိုအရှိန်မြှင့်ဆောင်ရွက်ပေး နိုင်ရန် နိုင်ငံရေးပါတီများက အကြံပြုတင်ပြထားကြောင်းနှင့် ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၁၁ ရက်တွင် အကြမ်းဖက်အဖွဲ့အစည်းများနှင့် ယင်းတို့၏လုပ်ရပ်များကို ဆန့်ကျင်ကန့်ကွက်သဖြင့် နိုင်ငံရေးပါတီ (၂၃) ပါတီက လက်မှတ်ရေးထိုး ပူးတွဲသဘောထားထုတ်ပြန်ကြေညာခဲ့ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၂-၇-၂၀၂၄)

  • အကြမ်းဖက်သောင်းကျန်းသူအဖွဲ့အစည်းများနှင့် အဆင့်ဆင့်သော ကြီးကြပ်ကွပ်ကဲသူများသည် တည်ဆဲဥပဒေများနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ဆန့်ကျင်ချိုးဖောက်ခြင်း၊ နိုင်ငံတော်၏ ကျေးဇူးသစ္စာကို ဖောက်ဖျက်ခြင်းနှင့် နိုင်ငံတကာက လက်ခံကျင့်သုံးနေသော လူအခွင့် အရေးများအား ချိုးဖောက်နေခြင်းဖြစ်။
  • အကြမ်းဖက်လက်နက်ကိုင်အဖွဲ့အစည်းများနှင့် ၎င်းတို့ကို ကြီးကြပ်ကွပ်ကဲသူများအား အကြမ်းဖက် အုပ်စုများအဖြစ် နိုင်ငံတွင်း၌သာမက နိုင်ငံတကာထိ သိရှိလက်ခံနိုင်ရန် နိုင်ငံတကာရဲတပ်ဖွဲ့ ဌာနချုပ်တို့နှင့်ဆက်သွယ်၍ လိုအပ်သလို ကန့်သတ်၊ ထိန်းချုပ်ခြင်းတို့ဖြင့်  သက်ဆိုင်ရာဌာန/ အဖွဲ့အစည်းများက ပိုမိုအရှိန်မြှင့်ဆောင်ရွက်ပေးနိုင်ရန် နိုင်ငံရေးပါတီများက အကြံပြုတင်ပြခဲ့။
  • ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၁၁ ရက်တွင် အကြမ်းဖက်အဖွဲ့အစည်းများနှင့် ယင်းတို့၏လုပ်ရပ်များကို ဆန့်ကျင်ကန့်ကွက်သဖြင့် နိုင်ငံရေးပါတီ (၂၃) ပါတီက လက်မှတ်ရေးထိုးပူးတွဲသဘောထား ထုတ်ပြန်ကြေညာခဲ့။

Add new comment