နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေး နိုင်ငံပိုင်နှင့် ပုဂ္ဂလိကဘဏ်များမှ နာယကများ၊ ဥက္ကဋ္ဌများနှင့် ဘဏ်လုပ်ငန်းဆိုင်ရာများ တွေ့ဆုံဆွေးနွေး

            နိုင်ငံပိုင်နှင့်ပုဂ္ဂလိကဘဏ်များမှ နာယကများ၊ ဥက္ကဋ္ဌများနှင့် ဘဏ်လုပ်ငန်းဆိုင်ရာများ တွေ့ဆုံဆွေးနွေးပွဲကို ဇူလိုင်လ ၁၀ ရက်တွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေး တက်ရောက်အမှာစကားပြောကြားခဲ့ပါသည်။

          အဆိုပါတွေ့ဆုံပွဲတွင်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေးက-

  • နိုင်ငံတော်၏ အရေးပါသော ငွေရေးကြေးရေးကဏ္ဍအတွင်း ကြီးမားသော တာဝန်များ ထမ်းဆောင်နေကြသည့်ဘဏ်များ၊ ငွေရေးကြေးရေးအဖွဲ့အစည်းများနှင့် နိုင်ငံတော်အစိုးရနှင့် ဗဟိုဘဏ်တို့အကြား ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုအားကောင်းလာစေရန်၊ နိုင်ငံတော်၏ ငွေကြေးစနစ်တည်ငြိမ်မှုရှိပြီး နိုင်ငံ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရန်နှင့် အပြန်အလှန် နားလည်မှုများ အပြည့်အဝရရှိစေရန် ရည်ရွယ်၍ ဖိတ်ခေါ်တွေ့ဆုံခြင်းဖြစ်ကြောင်း။
  • ဘဏ်များသည် ငွေအပ်နှံသူများ၏ အကျိုးစီးပွားကို ကာကွယ်ပေးရန်တာဝန်ရှိသကဲ့သို့ ငွေကြေးစနစ်တည်ငြိမ်မှု၊ လုံခြုံမှုနှင့်ခိုင်မာမှု ထိန်းသိမ်းရေးကို တစ်ပါတည်းဆောင်ရွက်သွား နိုင်ကြရန်အတွက် နိုင်ငံတော်အစိုးရ၊ ဗဟိုဘဏ်နှင့် ဘဏ်များပူးပေါင်း ဆောင်ရွက်သွားရ မည်ဖြစ်ကြောင်း။
  • ဘဏ်များ၏လိုအပ်ချက်ကို နိုင်ငံတော်အစိုးရနှင့် ဗဟိုဘဏ်တို့က ပံ့ပိုးနေသကဲ့သို့ ဘဏ်များ ကလည်း နိုင်ငံတကာစံသတ်မှတ်ချက်များနှင့်အညီ စည်းမျဉ်းစည်းကမ်းများကို လိုက်နာ ရမည်ဖြစ်ကြောင်း။
  • စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် စည်းစနစ်ဖြင့် ယှဉ်ပြိုင်ခြင်းထက် ကိုယ်ကျိုး စီးပွားကြောင့် လက်ဝါးကြီးအုပ်ခြင်း၊ ဈေးကစားမှုပြုခြင်းများကြောင့် အများပြည်သူ၏ အကျိုးစီးပွားကို ထိခိုက်နစ်နာစေခြင်းမှ တားဆီးကာကွယ်ပေးရမည်ဖြစ်သလို တည်ဆဲဥပဒေ စည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်းတစ်ရပ်ရပ်ကို ဖောက်ဖျက်ပြီး နိုင်ငံတော်၏ ငွေကြေး၊ ပစ္စည်းနှင့်ပိုင်ဆိုင်မှုကို ထိခိုက်နစ်နာ ပျက်စီးဆုံးရှုံးစေပါကလည်း သက်ဆိုင်ရာဥပဒေ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း။
  •  မြန်မာနိုင်ငံအနေဖြင့် ဈေးကွက်စီးပွားရေးစနစ်ကို ကျင့်သုံးနေသည့်အတွက် ဗဟိုဘဏ်နှင့် ဘဏ်များသည် သီးခြားလွတ်လပ်စွာ ဆောင်ရွက်နိုင်သော်လည်း သတ်မှတ်စည်းကမ်းများကို ဖောက်ဖျက်၍ နိုင်ငံတော်၏စီးပွားရေး မူဝါဒများကို ထိပါးလာသည့်အတွက် နိုင်ငံတော် အစိုးရ အနေဖြင့် ထိုက်သင့်အားလျော်စွာ ကြီးကြပ်ဆောင်ရွက်ပေးနေကြောင်း။
  • ပြည်သူလူထုအနေဖြင့်လည်း မလိုအပ်ဘဲငွေကြေးအမြောက်အမြား ထုတ်ယူခြင်း၊ ကောလာ ဟလသတင်းများအပေါ် စိုးရိမ်စိတ်လွန်ကဲပြီး ထုတ်ယူခြင်းများမပြုလုပ်ကြရန်လည်း လိုကြောင်း။
  •  အကြောင်းအမျိုးမျိုးကြောင့် ဝန်ထမ်းအင်အားနည်းပါးလာခြင်းအပေါ် ဘဏ်များ၏ ဝန်ဆောင်မှု လုပ်ငန်းများ လစ်ဟာမှုမရှိစေရန် အကြိမ်ကြိမ်ကြပ်မတ်စစ်ဆေးခြင်းများ ဆောင်ရွက်စေလို ကြောင်း။
  •  Card စနစ်များ၊ e-Banking စနစ်များဖြင့် ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲနိုင်ရေး အလေးထား ဆောင်ရွက်သွားကြရန်နှင့် ဝန်ဆောင်မှုအရည်အသွေးအပြည့်အဝရှိသည့် ဘဏ်ခွဲများကို ကျစ်ကျစ်လစ်လစ်ဖြင့် တိုးချဲ့ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်သွားစေလိုကြောင်း။
  • နိုင်ငံတော်အစိုးရသည် ပြည်သူလူထုတစ်ရပ်လုံးနှင့်အတူ လက်တွဲကြိုးပမ်းဆောင်ရွက် နေချိန်တွင် ဘဏ်လုပ်ငန်းရှင်ကြီးများ၊ စီးပွားရေးလုပ်ငန်းရှင်ကြီးများကို ပြည်သူများ၏ အကျိုးစီးပွားအား အပြည့်အဝကာကွယ်စောင့်ရှောက်မည့်ပုဂ္ဂိုလ်များအဖြစ် အားကိုးအားထား ပြုပြီး ပူးပေါင်းဆောင်ရွက်သွားလိုကြောင်း။
  •  နိုင်ငံတော်အစိုးရ၊ အများပြည်သူနှင့် ဘဏ်များအကြား သုံးဦးသုံးဖလှယ်အကျိုးရှိသည့် Win-Win-Win Situation ရရှိစေရေး ကြိုးပမ်းဆောင်ရွက်သွားကြရန် တိုက်တွန်းကြောင်းဖြင့် ပြောကြားခဲ့။

            နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ တွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များနှင့် ပြည်ထောင်စုဝန်ကြီးများ၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေနှင့် နိုင်ငံပိုင်နှင့်ပုဂ္ဂလိကဘဏ်များမှ နာယကများ၊ ဥက္ကဋ္ဌများ၊ ဦးဆောင်ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများက ခိုင်မာအားကောင်းသည့် ငွေရေးကြေးရေးကဏ္ဍ ဖြစ်ပေါ်လာစေရေးအတွက် ပူးပေါင်းဆောင်ရွက်သွားမည့် အခြေအနေများအား ဆွေးနွေးခဲ့ကြပြီး နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေးက ဆွေးနွေးချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။၊

            အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ တွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်နှင့် နိုင်ငံခြားသုံးငွေကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ညိုစော၊ ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေ၊ နိုင်ငံပိုင်နှင့် ပုဂ္ဂလိကဘဏ်များမှ နာယကများ၊ ဥက္ကဋ္ဌများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြကြောင်းသိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၁-၇-၂၀၂၄)

  • နိုင်ငံတော်၏ အရေးပါသော ငွေရေးကြေးရေးကဏ္ဍအတွင်း ကြီးမားသော တာဝန်များ ထမ်းဆောင်နေကြသည့်ဘဏ်များ၊ ငွေရေးကြေးရေးအဖွဲ့အစည်းများနှင့် နိုင်ငံတော်အစိုးရနှင့် ဗဟိုဘဏ်တို့အကြား ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုအားကောင်းလာစေရန်၊ နိုင်ငံတော်၏ ငွေကြေးစနစ်တည်ငြိမ်မှုရှိပြီး နိုင်ငံ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရန်နှင့် အပြန်အလှန် နားလည် မှုများ အပြည့်အဝရရှိစေရန် ရည်ရွယ်၍ ဖိတ်ခေါ်တွေ့ဆုံခြင်းဖြစ်။
  • ဘဏ်များ၏လိုအပ်ချက်ကို နိုင်ငံတော်အစိုးရနှင့် ဗဟိုဘဏ်တို့က ပံ့ပိုးနေသကဲ့သို့ ဘဏ်များ ကလည်း နိုင်ငံတကာစံသတ်မှတ်ချက်များနှင့်အညီ စည်းမျဉ်းစည်းကမ်းများကို လိုက်နာရမည်ဖြစ်။
  • မြန်မာနိုင်ငံအနေဖြင့် ဈေးကွက်စီးပွားရေးစနစ်ကို ကျင့်သုံးနေသည့်အတွက် ဗဟိုဘဏ်နှင့် ဘဏ်များသည် သီးခြားလွတ်လပ်စွာ ဆောင်ရွက်နိုင်သော်လည်း သတ်မှတ်စည်းကမ်းများကို ဖောက်ဖျက်၍ နိုင်ငံတော်၏စီးပွားရေး မူဝါဒများကို ထိပါးလာသည့်အတွက် နိုင်ငံတော် အစိုးရ အနေဖြင့် ထိုက်သင့်အားလျော်စွာ ကြီးကြပ်ဆောင်ရွက်ပေးနေခြင်းဖြစ်။
  • ပြည်သူလူထုအနေဖြင့်လည်း မလိုအပ်ဘဲငွေကြေးအမြောက်အမြား ထုတ်ယူခြင်း၊ ကောလာ ဟလသတင်းများအပေါ် စိုးရိမ်စိတ်လွန်ကဲပြီး ထုတ်ယူခြင်းများမပြုလုပ်ကြရန်လို။
  • နိုင်ငံတော်အစိုးရသည် ပြည်သူလူထုတစ်ရပ်လုံးနှင့်အတူ လက်တွဲကြိုးပမ်းဆောင်ရွက်နေချိန် တွင် ဘဏ်လုပ်ငန်းရှင်ကြီးများ၊ စီးပွားရေးလုပ်ငန်းရှင်ကြီးများကို ပြည်သူများ၏ အကျိုးစီးပွားအား အပြည့်အဝကာကွယ်စောင့်ရှောက်မည့်ပုဂ္ဂိုလ်များအဖြစ် အားကိုးအားထားပြုပြီး ပူးပေါင်း ဆောင်ရွက်သွားလို။

 

Add new comment