နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလွင်ဦးသည် တာဝန်ပြီးဆုံး၍ ပြန်လည်ထွက်ခွာ မည့် ရခိုင်ပြည်နယ်စစ်တွေမြို့အခြေစိုက် အိန္ဒိယသမ္မတနိုင်ငံ ကောင်စစ်ဝန်ချုပ်ရုံးမှ ကောင်စစ်ဝန်ချုပ် မစ္စတာဘီဘေကာနန္ဒာ ဘတ္တာမစ်ရှရာကို ဇူလိုင်လ ၁၀ ရက်တွင် နေပြည်တော်ရှိ နိုင်ငံခြားရေး ဝန်ကြီးဌာန၌ တွေ့ဆုံစဉ် နှစ်နိုင်ငံအကြား သမိုင်းကြောင်းစဉ်လာရှိသည့်ဆက်ဆံရေး ပိုမိုတိုးတက် ခိုင်မာရေး၊ နှစ်နိုင်ငံအကြား ဆောင်ရွက်လျက်ရှိသည့် ကုလားတန်မြစ်ကြောင်း ဘက်စုံသုံးဖြတ်သန်း သယ်ယူပို့ဆောင်ရေးစီမံကိန်းနှင့် ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ စီမံကိန်းများကို ဆက်လက် ပူးပေါင်းအကောင်အထည်ဖော်သွားရေးကိစ္စရပ်များနှင့်စပ်လျဉ်း၍ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြ ကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၁-၇-၂၀၂၄)
- ဒုတိယဝန်ကြီး ဦးလွင်ဦး တာဝန်ပြီးဆုံး၍ ပြန်လည်ထွက်ခွာမည့် စစ်တွေမြို့အခြေစိုက် အိန္ဒိယသမ္မတနိုင်ငံ ကောင်စစ်ဝန်ချုပ်ကို တွေ့ဆုံစဉ် နှစ်နိုင်ငံအကြား ဆောင်ရွက်လျက်ရှိသည့် ကုလားတန်မြစ်ကြောင်း ဘက်စုံသုံးဖြတ်သန်း သယ်ယူပို့ဆောင်ရေးစီမံကိန်းနှင့် ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ စီမံကိန်းများကို ဆက်လက် ပူးပေါင်းအကောင်အထည်ဖော်သွားရေး ကိစ္စရပ်များ ဆွေးနွေးခဲ့။
Add new comment