အာဆီယံဒေသတွင်း ခရီးသွားလုပ်ငန်းများ မြှင့်တင်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးအတွက် အာဆီယံအဖွဲ့ဝင်နိုင်ငံများ၊ တရုတ်နိုင်ငံ၊ ဂျပန်နိုင်ငံ၊ ကိုရီးယားနိုင်ငံနှင့် အိန္ဒိယနိုင်ငံများ၏ ခရီးသွား လုပ်ငန်းဝန်ကြီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်အဆင့် ကိုယ်စားလှယ်များဦးဆောင်ပါဝင်သော အာဆီယံ ခရီးသွားလုပ်ငန်းအာဏာပိုင်အဖွဲ့အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများကို အာဆီယံ အဖွဲ့ဝင်နိုင်ငံများက တစ်နှစ်လျှင် (၂)ကြိမ် အလှည့်ကျ ကျင်းပပြုလုပ်လျက်ရှိပါသည်။
အကြိမ်(၆၀)မြောက် အာဆီယံခရီးသွားလုပ်ငန်း အာဏာပိုင်အဖွဲ့အစည်းအဝေး၊ (၄၅)ကြိမ် မြောက် အာဆီယံ + တရုတ်၊ ဂျပန်၊ ကိုရီးယား ခရီးသွားလုပ်ငန်း အာဏာပိုင်အဖွဲ့အစည်းအဝေး၊ (၃၂) ကြိမ်မြောက် အာဆီယံ + အိန္ဒိယ ခရီးသွားလုပ်ငန်းအဖွဲ့အစည်းအဝေးတို့ကို ဇူလိုင်လ ၁၀ ရက်မှ ၁၁ ရက်အထိ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ကျောက်စိမ်းခန်းမ၌ Video Conferencing စနစ်ဖြင့် မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပလျက်ရှိရာ အဆိုပါအစည်းအဝေးများ၏ ဖွင့်ပွဲ အခမ်းအနားသို့ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင် တက်ရောက်အဖွင့်အမှာစကားပြောကြားခဲ့ရာ-
- ၂၀၂၃ ခုနှစ်အတွင်း ကမ္ဘာလှည့်ခရီးသွားဧည့်သည် ၁ ဒသမ ၂၈ သန်း လာရောက်ခဲ့ပြီး ၂၀၂၂ ခုနှစ်နှင့် နှိုင်းယှဉ်ပါက လေးဆခွဲ တိုးတက်ဝင်ရောက်ခဲ့ရာ အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် မိတ်ဖက်နိုင်ငံများဖြစ်သော တရုတ်၊ ဂျပန်၊ ကိုရီးယားနိုင်ငံတို့ဖြစ်ကြောင်း။
- ၂၀၂၄ ခုနှစ် ဇွန်လအထိ နိုင်ငံတကာခရီးသွားဧည့်သည် ၀ ဒသမ ၆ သန်း ဝင်ရောက်ခဲ့ပြီး ၂၀၂၃ ခုနှစ်နှင့် နှိုင်းယှဉ်ပါက ၆၃ ရာခိုင်နှုန်း တိုးတက်ရောက်ရှိခဲ့ရာ တရုတ်နိုင်ငံနှင့် ထိုင်း နိုင်ငံတို့မှ ခရီးသွားဧည့်သည် ဝင်ရောက်မှုအများဆုံးဖြစ်ကြောင်း။
- အာဆီယံခရီးသွားလုပ်ငန်းမဟာဗျူဟာစီမံကိန်း ၂၀၁၆-၂၀၂၅ နှင့်ဆက်စပ် ပူးပေါင်း ဆောင်ရွက်မှု မူဘောင်များအရ အာဆီယံဒေသတွင်းခရီးသွားလုပ်ငန်းဆိုင်ရာ လူ့စွမ်းအား အရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေး၊ ရေရှည်တည်တံ့သည့် ခရီးသွားလုပ်ငန်းနှင့် ပူးပေါင်း ဈေးကွက်မြှင့်တင်ခြင်းများကို တိုးမြှင့်ဆောင်ရွက်စေလိုကြောင်း။
၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၁၁ ရက်တွင် (၄၅) ကြိမ်မြောက် အာဆီယံ+၃ (တရုတ်၊ ဂျပန်၊ ကိုရီးယား) ခရီးသွားလုပ်ငန်းအာဏာပိုင်အဖွဲ့အစည်းအဝေးကို မလေးရှားနိုင်ငံနှင့် ကိုရီးယားနိုင်ငံတို့မှ ပူးတွဲ အစည်းအဝေးဥက္ကဋ္ဌများအဖြစ်လည်းကောင်း၊ (၃၂)ကြိမ်မြောက် အာဆီယံ+အိန္ဒိယ ခရီးသွားလုပ်ငန်း အဖွဲ့အစည်းအဝေးကို မလေးရှားနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့မှ ပူးတွဲအစည်းအဝေးဥက္ကဋ္ဌများအဖြစ် လည်းကောင်း ဆောင်ရွက်၍ ဆက်လက်ကျင်းပသွားမည်ဖြစ်ပြီး အဆိုပါအစည်းအဝေးများသို့ တရုတ်နိုင်ငံ၊ ဂျပန်နိုင်ငံ၊ ကိုရီးယားနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့မှ ခရီးသွားလုပ်ငန်း အာဏာပိုင်အဖွဲ့ များမှ ကိုယ်စားလှယ်များ၊ အာဆီယံ-တရုတ်စင်တာ၊ အာဆီယံ-ဂျပန်စင်တာနှင့် အာဆီယံ-ကိုရီးယား စင်တာတို့မှ ကိုယ်စားလှယ်များ တက်ရောက်ကြမည်ဖြစ်ကြောင်း သိရှိပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၁-၇-၂၀၂၄)
- ၂၀၂၃ ခုနှစ်အတွင်း ကမ္ဘာလှည့်ခရီးသွားဧည့်သည် ၁ ဒသမ ၂၈ သန်း လာရောက်ခဲ့ပြီး ၂၀၂၂ ခုနှစ်နှင့် နှိုင်းယှဉ်ပါက လေးဆခွဲ တိုးတက်ဝင်ရောက်ခဲ့ရာ အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် မိတ်ဖက်နိုင်ငံများဖြစ်သော တရုတ်၊ ဂျပန်၊ ကိုရီးယားနိုင်ငံတို့ဖြစ်။
- ၂၀၂၄ ခုနှစ် ဇွန်လအထိ နိုင်ငံတကာခရီးသွားဧည့်သည် ၀ ဒသမ ၆ သန်း ဝင်ရောက်ခဲ့ပြီး ၂၀၂၃ ခုနှစ်နှင့် နှိုင်းယှဉ်ပါက ၆၃ ရာခိုင်နှုန်း တိုးတက်ရောက်ရှိခဲ့ရာ တရုတ်နိုင်ငံနှင့် ထိုင်း နိုင်ငံတို့မှ ခရီးသွားဧည့်သည် ဝင်ရောက်မှုအများဆုံးဖြစ်။
- ခရီးသွားလုပ်ငန်းအာဏာပိုင် အဖွဲ့အစည်းအဝေးများသို့ တရုတ်နိုင်ငံ၊ ဂျပန်နိုင်ငံ၊ ကိုရီးယား နိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့မှ ခရီးသွား လုပ်ငန်းအာဏာပိုင်အဖွဲ့ များမှ ကိုယ်စားလှယ်များ၊ အာဆီယံ-တရုတ်စင်တာ၊ အာဆီယံ-ဂျပန်စင်တာနှင့် အာဆီယံ-ကိုရီးယား စင်တာတို့မှ ကိုယ်စားလှယ်များ တက်ရောက်ကြမည်ဖြစ်။
Add new comment