ကုန်သွယ်ရေးပုံစံအသစ် စနစ်အသစ်ဖြင့် ရန်ကုန်-ကော့သောင်း-ရနောင်းသို့ ကွန်တိန်နာ သင်္ဘောဖြင့် ကုန်သွယ်မှု စတင်ပြုလုပ်

နယ်စပ်ကုန်သွယ်ရေး ပုံစံအသစ်စနစ်အသစ်ဖြင့် ရန်ကုန်-ကော့သောင်း-ရနောင်းသို့ ကွန်တိန် နာ သင်္ဘောဖြင့် ကုန်သွယ်မှုစတင်ပြုလုပ်နေပြီဖြစ်ရာ ဇူလိုင်လ ၈ ရက်က တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းမြို့သို့  ဆိုက်ကပ်ခဲ့ပါသည်။

ရန်ကုန်မြို့မှ ထိုင်းနိုင်ငံ ရနောင်းမြို့သို့ နယ်စပ်ကုန်သွယ်ရေး (Border Trade Method) စနစ်ဖြင့် ရောက်ရှိလာသည့် ကွန်တိန်နာသင်္ဘောကြီးမှာ  အိန္ဒိယသင်္ဘော MV-BEYPORE SULTAN ဖြစ် ကာ သန့်စင်ပြီး ခဲသတ္တု ၉၉ တန်ပါကွန်တိန်နာလေး လုံး၊ ပြောင်းဆန်တန် ၁၃၀၀ ပါ ကွန်တိန်နာ  ၅၂ လုံးတို့ကို သယ်ဆောင်ကာ ထွက်ခွာလာခဲ့ခြင်းဖြစ်ပြီး ကော့သောင်းမြို့ ဆိပ်ကမ်းတွင်  Check   Point အစစ်ဆေးခံခဲ့ပြီးနောက် ထိုင်းနိုင်ငံ ရနောင်းမြို့သို့ ကုန်စည်ပို့ဆောင်ရန် ဆက်လက်ထွက်ခွာသွားခဲ့ ကြောင်း၊ ထိုင်းနိုင်ငံမှ ကုန်စည်တချို့ ပြန်လည်တင်ဆောင်ကာ ကော့သောင်းမြို့သို့ ပြန်လည်ဝင် ရောက်မည်ဖြစ်ပြီး ထိုမှတစ်ဆင့် ရန်ကုန်တိုင်းဒေသကြီးသို့ ဆက်လက်ကုန်စည် ပို့ဆောင်မည်ဖြစ် ကြောင်း၊ ကုန်သွယ်ရေးပုံစံအသစ် စနစ်အသစ်သည်  ယခုနှစ်  ဇွန်လ ၂၉   ရက်က ပြုလုပ်ခဲ့သည့် မြန်မာ-ထိုင်း ဒေသအဆင့်နယ်ခြားကော်မတီအစည်းအဝေးမှ ရရှိခဲ့သော ရလဒ်တစ်ခုဖြစ်ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၁-၇-၂၀၂၄)

  • နယ်စပ်ကုန်သွယ်ရေး ပုံစံအသစ်စနစ်အသစ်ဖြင့် ရန်ကုန်-ကော့သောင်း-ရနောင်းသို့ ကွန်တိန် နာ သင်္ဘောဖြင့် ကုန်သွယ်မှုစတင်ပြုလုပ်နေပြီဖြစ်ရာ ဇူလိုင်လ ၈ ရက်က တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းမြို့သို့  ဆိုက်ကပ်ခဲ့ပြီး ထိုင်းနိုင်ငံ ရနောင်းမြို့သို့ ကုန်စည်ပို့ဆောင်ရန် ဆက်လက် ထွက်ခွာသွားခဲ့။

Add new comment