မြန်မာ- ရုရှား စွမ်းအင်ကဏ္ဍဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု ပူးတွဲလုပ်ငန်းအဖွဲ့၏ ပထမ အကြိမ်အစည်းအဝေးကို ဇူလိုင်လ ၁၀ ရက်တွင် Video Conferencing စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ရာ စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသန့်စင်တက်ရောက်ခဲ့ပါသည်။
အစည်းအဝေးတွင် မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံတို့အကြား လက်ရှိပူးပေါင်းဆောင်ရွက်နေသည့် စွမ်းအင်ကဏ္ဍဆိုင်ရာလုပ်ငန်းများနှင့်စပ်လျဉ်း၍ တိုးမြှင့်ဆောင်ရွက်သွားမည့် ကိစ္စရပ်များ၊ ရေနံထွက် ပစ္စည်းများ တင်သွင်းဖြန့်ဖြူးခြင်းဆိုင်ရာကိစ္စရပ်များ၊ မြန်မာနိုင်ငံ၏ စွမ်းအင်ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှု လာရောက်ဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများစသည်တို့ကို အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၁-၇-၂၀၂၄)
- မြန်မာ-ရုရှား စွမ်းအင်ကဏ္ဍဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု ပူးတွဲလုပ်ငန်းအဖွဲ့၏ ပထမအကြိမ် အစည်းအဝေးတွင် မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံတို့အကြား လက်ရှိပူးပေါင်းဆောင်ရွက်နေသည့် စွမ်းအင်ကဏ္ဍဆိုင်ရာလုပ်ငန်းများနှင့်စပ်လျဉ်း၍ တိုးမြှင့်ဆောင်ရွက်သွားမည့် ကိစ္စရပ်များ အမြင် ချင်းဖလှယ် ဆွေးနွေးခဲ့။
Add new comment