အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်ဝေခံအဖွဲ့ အစည်းများ၏ လှုံ့ဆော်မှု၊ ဝါဒဖြန့်မှုများအပေါ် လိုက်ပါမလုပ်ဆောင်ရန် တားမြစ်ထားသော်လည်း နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများ ပြုမူလုပ်ဆောင်ခဲ့ပြီး အကြမ်းဖက်လုပ်ရပ်များကို အားပေးလုပ်ဆောင်ခဲ့သဖြင့် တရားဥပဒေနှင့်အညီ ဖမ်းဆီးအရေးယူခြင်းများ ဆက်လက်ဆောင်ရွက်လျက်ရှိရာ-
- ဇွန်လ ၂၅ မှ ဇူလိုင်လ ၉ ရက်ထိ နေပြည်တော်ကောင်စီနယ်မြေ၌ ၃ ဦး၊ ရန်ကုန်တိုင်းဒေသ ကြီး၌ ၇ ဦး၊ မန္တလေးတိုင်းဒေသကြီး၌ ၄ ဦး၊ ဧရာဝတီတိုင်းဒေသကြီး၌ ၂ ဦး၊ မကွေးတိုင်း ဒေသကြီး၌ ၁ ဦးနှင့် ပဲခူးတိုင်းဒေသကြီး၌ ၁ ဦး၊ စုစုပေါင်း ၁၈ ဦးတို့ကို ဖမ်းဆီးရမိခဲ့။
- ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၂၇ ရက်မှ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၉ ရက်ထိ စုစုပေါင်း ၂,၀၉၆ ဦးအား ဥပဒေနှင့်အညီ အရေးယူထားပါသည်။
ထိုသို့လှုံ့ဆော်သူ၊ ဝါဒဖြန့်သူများအား ဆက်လက်ဖော်ထုတ်ကာ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၀-၇-၂၀၂၄)
- ဇွန်လ ၂၅ ရက်မှ ဇူလိုင်လ ၉ ရက်ထိ နေပြည်တော်ကောင်စီနယ်မြေ၌ ၃ ဦး၊ ရန်ကုန်တိုင်း ဒေသကြီး၌ ၇ ဦး၊ မန္တလေးတိုင်းဒေသကြီး၌ ၄ ဦး၊ ဧရာဝတီတိုင်းဒေသကြီး၌ ၂ ဦး၊ မကွေး တိုင်းဒေသကြီး၌ ၁ ဦးနှင့် ပဲခူးတိုင်းဒေသကြီး၌ ၁ ဦး၊ စုစုပေါင်း ၁၈ ဦးတို့ကို ဖမ်းဆီးရမိခဲ့။
- ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၂၇ ရက်မှ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၉ ရက်ထိ စုစုပေါင်း ၂,၀၉၆ ဦးအား ဥပဒေနှင့်အညီ အရေးယူထားရှိ။
Add new comment