၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် သုံးလကျော်ကာလအတွင်း ကော့သောင်းမြို့မှ ပြည်ပသို့ ရေထွက်ကုန် မက်ထရစ်တန်ချိန် ၉၀,၀၀၀ ကျော်တင်ပို့ထား

၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် သုံးလကျော်ကာလအတွင်း ကော့သောင်းမြို့မှ ပြည်ပသို့  ရေထွက်ကုန် မက်ထရစ်တန်ချိန် ၉၀,၀၀၀ ကျော်တင်ပို့ထားပြီး  အမေရိကန်ဒေါ်လာ ၉၄ သန်းကျော်ရရှိခဲ့ပါသည်။

          ၂၀၂၁ ခုနှစ် အောက်တိုဘာ ၁ ရက်မှ ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၂၂ ရက်အထိ သုံးလကျော် ကာလအတွင်း-

  • ငါးသယ်လှေအစင်းရေ ၂,၄၅၀ ဖြင့် ရေထွက်ကုန် မက်ထရစ်တန်ချိန် ၉၂,၀၆၆ တန် တင်ပို့ခဲ့ပြီး အမေရိကန်ဒေါ်လာ ၉၄.၇ သန်း ရရှိခဲ့။

  • ဇန်နဝါရီ ၂၂ ရက်က လှေအစီးရေ ၂၀ ဖြင့် ရေထွက်ကုန် မက်ထရစ်တန်ချိန် ၆၇၅ တန်တင်ပို့ခဲ့ပြီး အမေရိကန်ဒေါ်လာ ၀.၇၈ သန်း ရရှိခဲ့။

ယခုနှစ် ငါးဖမ်းရာသီတွင် ရာသီဥတုမကောင်းသည့်အတွက် ၂၀၂၁ ခုနှစ် နိုဝင်ဘာလက ရေလုပ်ငန်းလုပ်ကိုင်သူများအနေဖြင့် ငါးရရှိမှုနည်းခဲ့ကာ ဒီဇင်ဘာလမှစတင်၍ ငါးရရှိမှု ပြန်လည်ကောင်းမွန်လာကြောင်းနှင့် ကမ်းဝေးငါးဖမ်းရေယာဉ်အားလုံးတွင် Vessel Monitoring Systems-VMS စက် တပ်ဆင်ထားပြီးဖြစ်ကြောင်း သိရှိရပါသည်။

  • ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် သုံးလကျော်ကာလအတွင်း ကော့သောင်းမြို့မှ  ပြည်ပသို့ ငါးသယ်လှေအစင်းရေ ၂,၄၅၀ ဖြင့် ရေထွက်ကုန် မက်ထရစ်တန်ချိန် ၉၂,၀၆၆ တန် တင်ပို့ခဲ့ပြီး အမေရိကန်ဒေါ်လာ ၉၄.၇ သန်း ရရှိခဲ့။

Add new comment