နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (SCO) ၏ စိမ်းလန်းသောဖွံ့ဖြိုးမှုဖိုရမ်သို့ တက်ရောက်မိန့်ခွန်းပြောကြား

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီးစိုးဝင်းသည်  ဇူလိုင် ၈ ရက်တွင် တရုတ်ပြည်သူသမ္မတနိုင်ငံ၊ ရှန်တုန်း ပြည်နယ်၊ ချင်းတောင်မြို့ရှိ Qingdao International Conference Center ၌ ကျင်းပသည့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (SCO) ၏ စိမ်းလန်းသောဖွံ့ဖြိုးမှု ဖိုရမ်သို့ တက်ရောက်ခဲ့ပါသည်။

ဖိုရမ်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် သည် Qingdao International Conference Center ရှိ Shanghe ခန်းမ၌ တက်ရောက်လာကြသည့် အဖွဲ့ဝင်နိုင်ငံများ၊ လေ့လာသူနိုင်ငံများနှင့် ဆွေးနွေးဖက် နိုင်ငံများမှ နိုင်ငံ့ကိုယ်စားလှယ်များနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခြင်း၊  စိမ်းလန်းသောဖွံ့ဖြိုးမှုဖိုရမ် အထိမ်းအမှတ်အဖြစ် နိုင်ငံအလိုက် ခင်းကျင်းပြသထား သည့်  ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ နိုင်ငံ့ခေါင်းဆောင်များ ပြပွဲအတွင်း လှည့်လည်ကြည့်ရှုလေ့လာခြင်းတို့ကို ဆောင်ရွက်ခဲ့ပါသည်။

စိမ်းလန်းသောဖွံ့ဖြိုးမှုဖိုရမ် ဖွင့်ပွဲအခမ်းအနားသို့ အဖွဲ့ဝင်နိုင်ငံများဖြစ်သည့် ကာဇက်စတန်နိုင်ငံ၊ တရုတ်နိုင်ငံ၊ ကာဂျီစတန်နိုင်ငံ၊ ရုရှားနိုင်ငံ၊ တာဂျစ်ကစ္စတန် နိုင်ငံနှင့် ဥဇဘက်ကစ္စတန်နိုင်ငံ၊ အန္ဒိယနိုင်ငံ၊ ပါကစ္စတန်နိုင်ငံနှင့် အီရန်နိုင်ငံတို့မှ ကိုယ်စားလှယ်များ၊ လေ့လာသူနိုင်ငံများဖြစ်သည့် အာဖဂန်နစ္စတန်နိုင်ငံ၊ ဘယ်လာရုစ် နိုင်ငံနှင့် မွန်ဂိုလီးယားနိုင်ငံတို့မှ ကိုယ်စားလှယ်များ၊ ဆွေးနွေးဖက်နိုင်ငံများဖြစ်သည့် သီရိလင်္ကာနိုင်ငံ၊ တူကီယဲနိုင်ငံ၊ ကမ္ဘောဒီယားနိုင်ငံ၊ အဇာဘိုင်ဂျန်နိုင်ငံ၊ နီပေါနိုင်ငံ၊ အာမေးနီးယားနိုင်ငံ၊ အီဂျစ်နိုင်ငံ၊ ကာတာနိုင်ငံ၊ ဆော်ဒီအာ ရေဗျနိုင်ငံ၊ ကူဝိတ်နိုင်ငံ၊ မော်လ်ဒိုက်ဗ်နိုင်ငံ၊ ယူအေအီးနိုင်ငံနှင့် ဘာရိန်းနိုင်ငံတို့မှ ကိုယ်စားလှယ်များ၊ ပညာရှင် များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

ဖွင့်ပွဲအခမ်းအနားတွင် တရုတ်ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံ ကွန်ဖရင့်၏ အမျိုးသားကော်မတီဒုတိယဥက္ကဋ္ဌနှင့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (SCO) ၏ အိမ်နီးချင်းကောင်း၊ မိတ်ဆွေဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုကော်မရှင် ဥက္ကဋ္ဌ  Mrs. Shen Yueyue၊ အဖွဲ့ဝင်နိုင်ငံများ၊ လေ့လာသူနိုင်ငံများနှင့် ဆွေးနွေး ဖက်နိုင်ငံများမှ  နိုင်ငံ့ကိုယ်စားလှယ်များက အမှာစကားပြောကြားခဲ့ပါသည်။

ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယ ဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက မိန့်ခွန်းပြောကြားရာတွင်-

  • ယခုကျင်းပသည့် ဖိုရမ်သို့ တရုတ် ပြည်သူ့သမ္မတနိုင်ငံသမ္မတ မစ္စတာ ရှီကျင့်ဖျင် ပေးပို့သည့် ဝမ်းမြောက်ကြောင်း သဝဏ်လွှာကို လက်ခံရရှိသည့်အတွက် မိမိ အနေဖြင့် များစွာဂုဏ်ယူပါကြောင်း၊ ယင်းသဝဏ်လွှာကိုအခြေခံ၍ ယခုဖိုရမ်တွင် ဆွေးနွေးမှုများကို ဆောင်ရွက်သွားနိုင်မည် ဖြစ်ကြောင်း။
  • ယခုဖိုရမ်၏ ခေါင်းစဉ်သည် အလွန်အဓိပ္ပါယ်ပြည့်ဝပြီး မိမိတို့ကို သဘာဝတရားနှင့် ဟန်ချက်ညီစွာ နေထိုင်ရန်လိုအပ်နေပြီဆိုသည်ကို နှိုးဆော်ထားခြင်းဖြစ်ကြောင်း။
  • ကမ္ဘာနှင့်အဝှမ်း စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုကို အားပေးမြှင့်တင်ရာတွင် အစိမ်းရောင်ဖွံ့ဖြိုးမှုစံချိန်စံညွှန်းများသည် လွန်စွာအရေးပါကြောင်း။
  • နိုင်ငံတကာစံချိန်စံညွှန်းအဖွဲ့မှ ထုတ်ပြန်ထားသည့် ပတ်ဝန်းကျင်စီမံခန့်ခွဲမှု စနစ်များ၏ စံချိန်စံညွှန်းသတ်မှတ်ချက်များသည် နိုင်ငံများအတွက် ထိရောက် သည့် အစိမ်းရောင်ဖွံ့ဖြိုးတိုးတက်မှု တည်ထောင်နိုင်ရန်အတွက် အခြေခံအုတ်မြစ် အဖြစ် အထောက်အကူပြုပါကြောင်း။
  • မြန်မာနိုင်ငံတွင်လည်း သဘာဝပတ်ဝန်းကျင်နှင့် ဂေဟစနစ်တိုးတက် ကောင်း မွန်ပြီး ရေရှည်လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် အစိမ်းရောင်ဖွံ့ဖြိုးရေး ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက်ရာတွင် သဘာဝအခြေခံ ဖြေရှင်းနည်းလမ်းများဖြင့် ဦးစားပေးဆောင်ရွက်လျက်ရှိသည်ကို ပြောလိုကြောင်း။
  • “အစိမ်းရောင်စီးပွားရေး၊ အစိမ်းရောင်ဖွံ့ဖြိုး တိုးတက်ရေးဖိုရမ်” (Green Economy and Green Growth Forum)ကို ၂၀၁၁ ခုနှစ်မှစ၍ (၆) ကြိမ် ထိ ကျင်းပနိုင်ခဲ့သည့်အတွက် ဆွေးနွေးပွဲရလဒ်များသည် မြန်မာနိုင်ငံ အစိမ်းရောင် စီးပွားရေးမူဝါဒမူဘောင် အစပျိုးချမှတ်နိုင်ရေးအတွက် များစွာအထောက်အကူ ဖြစ်ခဲ့ကြောင်း။
  • မြန်မာနိုင်ငံ၏ အစိမ်းရောင်ဖွံ့ဖြိုးတိုးတက်မှုမြှင့်တင်နိုင်ရန် အစိမ်းရောင် စီးပွားရေးမူဝါဒမူဘောင်ကို လက်ရှိမူဝါဒများနှင့် မဟာဗျူဟာများဖြစ်သည့် အမျိုးသားပတ်ဝန်းကျင်ရေးရာမူဝါဒ၊ မြန်မာနိုင်ငံ၏ ရာသီဥတုပြောင်းလဲမှု ဆိုင်ရာမူဝါဒ၊ မဟာဗျူဟာနှင့် ပင်မလုပ်ငန်းအစီအစဉ်၊ မြန်မာနိုင်ငံအမျိုးသား အဆင့် စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှုမဟာဗျူဟာနှင့် ပင်မလုပ်ငန်းအစီအစဉ်နှင့် မြန်မာနိုင်ငံ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှု စီမံချက်များအပေါ်အခြေခံပြီး ကဏ္ဍအလိုက် ဝန်ကြီးဌာနများ၊ အစိုးရမဟုတ်သည့် အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ဆက်စပ်ပတ်သက်သူများ၊ နိုင်ငံတကာပညာရှင်များနှင့် ဆွေးနွေးပြီးပြုစုရေးဆွဲထားပြီးဖြစ်ကြောင်း။
  • မြန်မာနိုင်ငံတွင် ပို့ဆောင်ရေးကဏ္ဍ၌ ရုပ်ကြွင်းလောင်စာသုံး ယာဉ်များအသုံးပြု မှုလျှော့ချနိုင်ရေးအတွက် နိုင်ငံအတွင်းလျှပ်စစ်သုံးယာဉ် ဖွံ့ဖြိုးတိုးတက်လာစေရေး အတွက် လျှပ်စစ်သုံးယာဉ် ဖွံ့ဖြိုးတိုးတက်ရေးမူဝါဒကို ပြဌာန်းပြီးဖြစ်ကြောင်း။
  • မြန်မာနိုင်ငံအနေဖြင့် ရှည်လျားသည့် ကမ်းရိုးတန်းဒေသနှင့် ကျယ်ပြန့်သည့် အဏ္ဏဝါတို့ကို ပိုင်ဆိုင်ထားသော ပတ်ဝန်းကျင် အခြေခံကောင်းများရှိသည့် အတွက် အဏ္ဏဝါနှင့် ကမ်းရိုးတန်းအခြေပြု သယံဇာတအရင်းအမြစ်များ ရေရှည် တည်တံ့စွာ ထုတ်ယူသုံးစွဲနိုင်ရန် အပြာရောင်စီးပွားရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး သည်လည်း စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုပန်းတိုင်ရရှိစေရေး အဓိကအခွင့်အလမ်း တစ်ခုအနေဖြင့် အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း။
  • သစ်တောနှင့် အခြားမြေအသုံးချမှုကဏ္ဍသည် ရာသီဥတုပြောင်းလဲမှု တိုက်ဖျက် ရေး၊ ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းကာကွယ်ရေး၊ လူနေမှုစနစ်နှင့် သက်မွေးဝမ်း ကျောင်းလုပ်ငန်း ရေရှည်တည်ငြိမ်ရေးအတွက် များစွာအရေးပါကြောင်း၊ အစိမ်းရောင်ဖွံ့ ဖြိုးတိုးတက်မှုများ ဆောင်ရွက်သည့်အခါ မြေအသုံးချမှုကို စနစ်တကျစီမံဆောင်ရွက်ရန် အလွန်အရေးကြီးကြောင်း။
  • သစ်တောပြုန်းတီးမှုလျှော့ချပြီး ရာသီဥတုပြောင်းလဲမှု တိုက်ဖျက်ရေးတို့ကို အထောက်အကူပြုရန်အတွက် သဘာဝထိန်းသိမ်းရေးနယ်မြေကို နိုင်ငံဧရိယာ၏ (၁၀) ရာခိုင်နှုန်းအထိ၊ သစ်တောကြိုးဝိုင်းဧရိယာများကိုလည်း နိုင်ငံဧရိယာ၏ ၃၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သတ်မှတ်ရန် ဆောင်ရွက်လျက်ရှိကြောင်း။
  • ယခုအခါ အာဆီအယံအမွေအနှစ်ဥယျာဉ် (၈) ခု၊ ရမ်ဆာရေဝပ်ဒေသ (၇) ခု၊ လူသားနှင့်ဇီဝအဝန်းနယ်မြေ (၂) ခုအပါအဝင် သဘာဝထိန်းသိမ်းရေးနယ်မြေ (၅၉) ခု၊ အရှေ့အာရှ-ဩစတြေးလျ ငှက်ပျံသန်းရာလမ်းကြောင်းကွန်ရက် နယ်မြေ (၈) ခုနှင့် ဆင်ထိန်းသိမ်းစောင့်ရှောက်ရေးအခြေပြု ခရီးသွားလုပ်ငန်းစခန်း (၂၂) ခု တို့ကို သတ်မှတ်နိုင်ခဲ့ပြီး သဘာဝအခြေခံခရီးသွားလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက် လျက်ရှိကြောင်း။
  • မြန်မာ့သဘာဝထိန်းသိမ်းရေးနယ်မြေများကို UNESCO အသိအမှတ်ပြု လူသားနှင့် ဇီဝအဝန်းနယ်မြေများအဖြစ် အင်းတော်ကြီးကန် တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော နှင့် အင်းလေးကန် တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောတို့ကို UNESCO ၏ စံချိန် စံညွှန်းများနှင့်အညီ သတ်မှတ်နိုင်ခဲ့ကြောင်း။
  • ယခုနှစ် မိုးရာသီတွင် ပြည်သူများပူး‌ပေါင်းဆောင်ရွက်မှုဖြင့် အစိမ်းရောင် လှုပ်ရှားမှုအဖြစ် သစ်ပင် ၂၂ သန်း တည်ထောင်စိုက်ပျိုးလျက်ရှိကြောင်း။
  • ယနေ့တက်ရောက်လာကြသည့် SCO အဖွဲ့ဝင်နိုင်ငံများအားလုံး၊ ဆွေးနွေးဘက် နှင့် လေ့လာကြသူနိုင်ငံများအားလုံးက ကမ္ဘာပေါ်တွင်ရှိသည့် အခြားသော နိုင်ငံများအားလုံး၏ စံနမူနာပြအဖြစ် လူထုလှုပ်ရှားမှုအသွင်ဖြင့် သဘာဝ ပတ်ဝန်းကျင်နှင့် ဂေဟစနစ်များ ပိုမိုတိုးတက်ကောင်းမွန်ပြီး ရေရှည်လူမှု စီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လူသားများနှင့် သဘာဝပတ်ဝန်းကျင် လက်တွဲ ညီညီဆောင်ရွက်ကြရန်် လိုအပ်လာပြီဖြစ်ကြောင်း။
  • ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ဝင်နိုင်ငံများ၊ ဆွေးနွေးဖက်နိုင်ငံများအနေ ဖြင့် အစိမ်းရောင်ဖွံ့ဖြိုးတိုးတက်မှုအပေါ် ကတိကဝတ်များကို ထပ်လောင်း အတည်ပြုရန် တိုက်တွန်းလိုကြောင်း။
  • မိမိတို့၏ စုပေါင်းအင်အားများ၊ သယံဇာတများနှင့် ကျွမ်းကျင်ပညာ ရှင်များ၏ ပေါင်းစည်းမှုအင်အားဖြင့် စိမ်းလန်းသောဖွံ့ဖြိုးတိုးတက်မှုနှင့် အနာဂတ်မျိုး ဆက်သစ်များအတွက် စဉ်ဆက်မပြတ်တည်တံ့ခိုင်မြဲသည့် အနာဂတ်ကို အတူတကွ ဖော်ဆောင်သွားနိုင်မည်ဖြစ်ကြောင်း။
  • ယနေ့ကျင်းပသည့် ဖိုရမ်ဖြစ်မြောက်ရေးအတွက် အခမ်းအနားစီစဉ်သူများနှင့် တက်ရောက်လာသူအားလုံးကို အထူးကျေးဇူးတင်ရှိကြောင်းနှင့် မိမိတို့ အနေဖြင့် တူညီသောရည်မှန်းချက်များနှင့် ဖြေရှင်းမှုများအတွက် မဆုတ်မနစ်ဘဲ အတူတကွ ဆက်လက်ဆောင်ရွက်ရန် တိုက်တွန်းပါကြောင်း ပြောကြားခဲ့ပါ သည်။

ထို့နောက် ဒေသတွင်း စိမ်းလန်းသောဖွံ့ဖြိုးတိုးတက်မှု မိတ်ဖက်ဆက်ဆံရေးနှင့် စဉ်ဆက်မပျက်ဖွံ့ဖြိုးတိုးတက်သော အနာဂတ်ကို အတူတကွမြှင့်တင်သွားရေး ဦးဆောင် ဦးရွက်ပြုမှုစီမံချက်ကို ထုတ်ပြန်ကြေညာခဲ့ပါသည်။

ဆက်လက်၍ ဆွေးနွေးပွဲများကို သတ်မှတ်ခေါင်းစဉ်အလိုက် ကျင်းပရာ ဆွေးနွေးဖက်နိုင်ငံများနှင့် လေ့လာသူနိုင်ငံများမှ ကိုယ်လှယ်များနှင့် ပညာရှင်များ တက်ရောက်ပြီး နိုင်ငံအလိုက် ဆောင်ရွက်နေမှုများကို ဆွေးနွေးခဲ့ကြပါသည်။

အဆိုပါဆွေးနွေးပွဲများသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့်အတူ အဖွဲ့ဝင်အဖြစ်လိုက်ပါလာသည့် သယံဇာတနှင့်သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးမင်းသူ၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်  ဒေါက်တာဆန်းဦးတို့ တက်ရောက် ဆွေးနွေးခဲ့ကြပါသည်။

ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့(SCO)၏ စိမ်းလန်းသောဖွံ့ဖြိုး တိုးတက်မှု ဖိုရမ်သို့တက်ရောက်ခဲ့သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယ ဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ နှင့်အတူ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းသူ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌရုံးနှင့် နိုင်ငံခြားရေးဝန်ကြီး ဌာနတို့မှ အဆင့်မြင့်အရာရှိကြီးများသည် ဇူလိုင်လ ၉ ရက်တွင် နေပြည်တော်သို့  ပြန်လည်ရောက်ရှိခဲ့ကြောင်းသိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၀-၇-၂၀၂၄)

  • နိုင်ငံတကာစံချိန်စံညွှန်းအဖွဲ့မှ ထုတ်ပြန်ထားသည့် ပတ်ဝန်းကျင်စီမံခန့်ခွဲမှု စနစ်များ၏ စံချိန်စံညွှန်းသတ်မှတ်ချက်များသည် နိုင်ငံများအတွက် ထိရောက် သည့် အစိမ်းရောင်ဖွံ့ဖြိုးတိုးတက်မှု တည်ထောင်နိုင်ရန်အတွက် အခြေခံအုတ်မြစ် အဖြစ် အထောက်အကူပြု။
  • မြန်မာနိုင်ငံတွင်လည်း သဘာဝပတ်ဝန်းကျင်နှင့် ဂေဟစနစ်တိုးတက် ကောင်း မွန်ပြီး ရေရှည်လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် အစိမ်းရောင်ဖွံ့ဖြိုးရေး ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက်ရာတွင် သဘာဝအခြေခံ ဖြေရှင်းနည်းလမ်းများဖြင့် ဦးစားပေးဆောင်ရွက်လျက်ရှိ။
  • မြန်မာနိုင်ငံ၏ အစိမ်းရောင်ဖွံ့ဖြိုးတိုးတက်မှုမြှင့်တင်နိုင်ရန် အစိမ်းရောင် စီးပွားရေးမူဝါဒမူဘောင်ကို လက်ရှိမူဝါဒများနှင့် မဟာဗျူဟာများဖြစ်သည့် အမျိုးသားပတ်ဝန်းကျင်ရေးရာမူဝါဒ၊ မြန်မာနိုင်ငံ၏ ရာသီဥတုပြောင်းလဲမှု ဆိုင်ရာမူဝါဒ၊ မဟာဗျူဟာနှင့် ပင်မလုပ်ငန်းအစီအစဉ်၊ မြန်မာနိုင်ငံအမျိုးသား အဆင့် စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှုမဟာဗျူဟာနှင့် ပင်မလုပ်ငန်းအစီအစဉ်နှင့် မြန်မာနိုင်ငံ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှု စီမံချက်များအပေါ်အခြေခံပြီး ကဏ္ဍအလိုက် ဝန်ကြီးဌာနများ၊ အစိုးရမဟုတ်သည့် အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ဆက်စပ်ပတ်သက်သူများ၊ နိုင်ငံတကာပညာရှင်များနှင့် ဆွေးနွေးပြီးပြုစုရေးဆွဲထားပြီးဖြစ်။
  • မြန်မာနိုင်ငံတွင် ပို့ဆောင်ရေးကဏ္ဍ၌ ရုပ်ကြွင်းလောင်စာသုံး ယာဉ်များအသုံးပြု မှုလျှော့ချနိုင်ရေးအတွက် နိုင်ငံအတွင်းလျှပ်စစ်သုံးယာဉ် ဖွံ့ဖြိုးတိုးတက်လာစေရေး အတွက် လျှပ်စစ်သုံးယာဉ် ဖွံ့ဖြိုးတိုးတက်ရေးမူဝါဒကို ပြဌာန်းပြီးဖြစ်။
  • မြန်မာ့သဘာဝထိန်းသိမ်းရေးနယ်မြေများကို UNESCO အသိအမှတ်ပြု လူသားနှင့် ဇီဝအဝန်းနယ်မြေများအဖြစ် အင်းတော်ကြီးကန် တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော နှင့် အင်းလေးကန် တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောတို့ကို UNESCO ၏ စံချိန် စံညွှန်းများနှင့်အညီ သတ်မှတ်နိုင်ခဲ့။
  • ယနေ့တက်ရောက်လာကြသည့် SCO အဖွဲ့ဝင်နိုင်ငံများအားလုံး၊ ဆွေးနွေးဘက် နှင့် လေ့လာကြသူနိုင်ငံများအားလုံးက ကမ္ဘာပေါ်တွင်ရှိသည့် အခြားသော နိုင်ငံများအားလုံး၏ စံနမူနာပြအဖြစ် လူထုလှုပ်ရှားမှုအသွင်ဖြင့် သဘာဝ ပတ်ဝန်းကျင်နှင့် ဂေဟစနစ်များ ပိုမိုတိုးတက်ကောင်းမွန်ပြီး ရေရှည်လူမှု စီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လူသားများနှင့် သဘာဝပတ်ဝန်းကျင် လက်တွဲ ညီညီဆောင်ရွက်ကြရန် လိုအပ်လာပြီဖြစ်။

Add new comment