ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရသည် မစ္စတာနာစီရာဒင်ဟေဒါရီအား ဗန်ကောက်မြို့ အခြေစိုက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဆိုင်ရာ အထူးအာဏာကုန်လွှဲအပ်ခြင်းခံရသော အီရန် အစ္စလာမ်မစ်သမ္မတနိုင်ငံ သံအမတ်ကြီးအဖြစ်ခန့်အပ်ရန် အီရန်အစ္စလာမ်မစ်သမ္မတနိုင်ငံအစိုးရ၏ အဆိုပြုချက်ကို သဘောတူခဲ့ပါသည်။
မစ္စတာ နာစီရာဒင်ဟေဒါရီသည် ၁၉၉၁ ခုနှစ်မှစ၍ ၂၀၂၃ ခုနှစ်အထိ ကုလသမဂ္ဂရေးရာဌာန၊ လက်နက်ဖျက်သိမ်းရေးနှင့် နိုင်ငံတကာလုံခြုံရေးကျွမ်းကျင်သူ သံအရာရှိအဖြစ်လည်းကောင်း၊ အီရန် သံရုံးတွင် ဒုတိယအတွင်းဝန်အဖြစ်လည်းကောင်း၊ ဒုတိယသံမှူးအဖြစ်လည်းကောင်း၊ အီရန်နိုင်ငံခြားရေး ဝန်ကြီးဌာန လက်နက်ဖျက်သိမ်းရေးနှင့် မပြန့်ပွားရေးဌာနတွင် ပထမအတွင်းဝန်နှင့် လက်နက် ဖျက်သိမ်းရေးနှင့် နိုင်ငံတကာလုံခြုံရေး အကြီးတန်းကျွမ်းကျင်သူအဖြစ်လည်းကောင်း၊ ဓာတုပစ္စည်းများ လုံခြုံရေးကွန်ဗင်းရှင်းနှင့် ဓာတုလက်နက်များ ကွန်ဗင်းရှင်းအမျိုးသားအာဏာပိုင်အဖွဲ့၏ ဒုတိယ အတွင်းရေးမှူးအဖြစ်လည်းကောင်း၊ ကုလသမဂ္ဂဆိုင်ရာ အီရန်အမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံးတွင် သံအမတ်အဖြစ်လည်းကောင်း၊ လက်နက်ထိန်းချုပ်ရေးနှင့် အာကာသရေးရာဌာနတွင် ညွှန်ကြားရေးမှူး အဖြစ်လည်းကောင်း၊ နိုင်ငံတကာသတင်းလုံခြုံရေး (ဆိုက်ဘာလုံခြုံရေး)ဆိုင်ရာ နှစ်နိုင်ငံ၊ ဒေသတွင်းနှင့် နိုင်ငံတကာဆက်ဆံရေးကိစ္စရပ်များတွင် ညွှန်ကြားရေးမှူးအဖြစ်လည်းကောင်း တာဝန်ဝတ္တရားများကို ထမ်းဆောင်ခဲ့ပါသည်။
၂၀၂၄ ခုနှစ် မတ်လမှစ၍ ထိုင်းနိုင်ငံဆိုင်ရာ အီရန်အစ္စလာမ်မစ်သမ္မတနိုင်ငံ သံအမတ်ကြီး အဖြစ် တာဝန်ထမ်းဆောင်လျက်ရှိကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၀-၇-၂၀၂၄)
- ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရသည် မစ္စတာနာစီရာဒင်ဟေဒါရီအား ဗန်ကောက်မြို့ အခြေစိုက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဆိုင်ရာ အထူးအာဏာကုန်လွှဲအပ်ခြင်းခံရသော အီရန်အစ္စလာမ်မစ်သမ္မတနိုင်ငံ သံအမတ်ကြီးအဖြစ်ခန့်အပ်ရန် အီရန်အစ္စလာမ်မစ်သမ္မတနိုင်ငံ အစိုးရ၏ အဆိုပြုချက်ကို သဘောတူခဲ့။
Add new comment