မြန်မာ-ရုရှားနှစ်နိုင်ငံ ဗိုလ်လောင်းများ သေနတ်ပစ်ပြိုင်ပွဲ ကျင်းပ

မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ် ကျင်းပပြုလုပ်သည့် မြန်မာ-ရုရှားနှစ်နိုင်ငံ ဗိုလ်လောင်းများ သေနတ်ပစ်ပြိုင်ပွဲကို ဗထူးတပ်မြို့ တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း(ဗထူး)ရှိ မီတာ ၆၀၀ အာဆီယံစက်ပစ်ကွင်း၌ ဇူလိုင်လ ၇ ရက်မှ ၉ ရက်အထိ ပြုလုပ်ခဲ့ရာ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) တပ်မတော်လေ့ကျင့်ရေးအရာရှိချုပ်ရုံးမှ ဒုတိယတပ်မတော်လေ့ကျင့်ရေးအရာရှိချုပ် ဗိုလ်ချုပ် အောင်မျိုးသန့်နှင့် အရာရှိကြီးများ၊ ဒိုင်အဖွဲ့ဝင်များ၊ ရုရှားနိုင်ငံရုရှားတပ်မတော် သေနတ်ပစ်အသင်း မှ အဖွဲ့ခေါင်းဆောင် Major Mikhail GLADYSHEV၊ နည်းပြအရာရှိများနှင့် ပြိုင်ပွဲဝင် ဗိုလ်လောင်း များ တက်ရောက်ခဲ့ကြပါသည်။

ဖွင့်ပွဲအခမ်းအနားတွင် အလံတော်အဖွဲ့မှ မြန်မာ-ရုရှားနှစ်နိုင်ငံအလံကို စက်ပစ်ကွင်းအတွင်း သယ်ဆောင်ကာ နှစ်နိုင်ငံအလံအား လွှင့်ထူပြီး အလေးပြုကြ၍ အခမ်းအနားကို ဖွင့်လှစ်၍ ပြိုင်ပွဲ  ဝင်အသင်းများဖြစ်ကြသော မြန်မာ-ရုရှား နှစ်နိုင်ငံ ဗိုလ်လောင်းများသည် သေနတ်ပစ်ပြိုင်ပွဲ အခမ်း အနားကျင်းပရာ စက်ပစ်ကွင်းအတွင်း နေရာယူကြပြီး ဒုတိယတပ်မတော်လေ့ကျင့်ရေးအရာရှိချုပ်က အဖွင့်အမှာစကားပြောကြားပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ခဲ့ကြပါသည်။

မီတာ ၃၀၀ ဗိုလ်လောင်းရိုင်ဖယ်ပစ်ပြိုင်ပွဲ၊ ၂၅ မီတာ ဗိုလ်လောင်းပစ္စတိုပစ် ပြိုင်ပွဲတွင် အသင်းလိုက်ပစ်ခတ်စဉ်များ၊ တစ်ဦးချင်းပစ်ခတ်စဉ်များကို ပြိုင်ပွဲအမျိုးအစားအလိုက် ၃ ရက် အကြာ ယှဉ်ပြိုင်ခဲ့ပြီး ဇူလိုင်လ ၉ ရက်တွင် ပိတ်ပွဲနှင့် ဆုပေးပွဲအခမ်းအနား ပြုလုပ်ခဲ့ကြပါသည်။ ထို့နောက် ပြိုင်ပွဲအမျိုးအစားအလိုက် တစ်ဦးချင်းဆုရရှိကြသူများနှင့် အသင်းလိုက်ဆုရရှိကြသူများ အား တာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ကြပြီး ဒုတိယတပ်မတော်လေ့ကျင့်ရေး အရာရှိချုပ်က အမှာစကားပြောကြားခဲ့ပြီး နှစ်နိုင်ငံတာဝန်ရှိသူများနှင့် ပြိုင်ပွဲဝင်ဗိုလ်လောင်းများ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ခဲ့ကြပါသည်။ ယင်းနောက် မြန်မာ-ရုရှား နှစ်နိုင်ငံအလံအား အလံတော်အဖွဲ့မှ အလံချအခမ်းအနားကို ပြုလုပ်ပြီး ပြိုင်ပွဲအား အောင်မြင်စွာရုတ်သိမ်းခဲ့ပါသည်။

အဆိုပါ မြန်မာ-ရုရှား နှစ်နိုင်ငံဗိုလ်လောင်းများ သေနတ်ပစ်ပြိုင်ပွဲကို မြန်မာ-ရုရှား နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှု ပိုမိုရရှိစေရန်၊ နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား ပူးပေါင်းဆောင်ရွက်မှု  ပိုမိုတိုးတက်စေရန်၊ နှစ်နိုင်ငံဗိုလ်လောင်းများ ချစ်ကြည်ရင်းနှီးမှုပိုမိုရရှိစေရန်နှင့် နှစ်နိုင်ငံသေနတ်ပစ် အားကစားနည်းစနစ် ဖလှယ်နိုင်ရန်အတွက် ရည်ရွယ်၍ ကျင်းပခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

မြန်မာ-ရုရှားနှစ်နိုင်ငံ ဗိုလ်လောင်းများသေနတ်ပစ်ပြိုင်ပွဲသို့ တက်ရောက်လာကြသော ရုရှား သေနတ်ပစ်အသင်းမှ အဖွဲ့ခေါင်းဆောင် Major Mikhail GLADYSHEV နှင့် နည်းပြအရာရှိများ၊ ပြိုင်ပွဲဝင်ဗိုလ်လောင်းများသည် ဗထူးတပ်မြို့သို့ရောက်ရှိစဉ် စူဠာမုနိကုသိုလ်တော်ဘုရား၊ ဗထူးစမ်း နှင့် ရပ်စောက်မြို့မဈေးသို့ သွားရောက်လေ့လာခဲ့ကြကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၀-၇-၂၀၂၄)

  • ဖွင့်ပွဲအခမ်းအနားတွင် အလံတော်အဖွဲ့မှ မြန်မာ-ရုရှားနှစ်နိုင်ငံအလံကို စက်ပစ်ကွင်းအတွင်း သယ်ဆောင်ကာ နှစ်နိုင်ငံအလံအား လွှင့်ထူပြီး အလေးပြုကြ၍ အခမ်းအနားကို ဖွင့်လှစ်ခဲ့။
  • မြန်မာ-ရုရှား နှစ်နိုင်ငံဗိုလ်လောင်းများ သေနတ်ပစ်ပြိုင်ပွဲကို နှစ်နိုင်ငံချစ်ကြည် ရင်းနှီးမှု ပိုမိုရရှိစေရန်၊ နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား ပူးပေါင်းဆောင်ရွက်မှု ပိုမိုတိုးတက်စေရန်၊ နှစ်နိုင်ငံဗိုလ်လောင်းများ ချစ်ကြည်ရင်းနှီးမှုပိုမိုရရှိစေရန်နှင့် နှစ်နိုင်ငံသေနတ်ပစ် အားကစား နည်းစနစ် ဖလှယ်နိုင်ရန်အတွက် ရည်ရွယ်၍ ကျင်းပခဲ့ခြင်းဖြစ်။
  • မီတာ ၃၀၀ ဗိုလ်လောင်းရိုင်ဖယ်ပစ်ပြိုင်ပွဲ၊ ၂၅ မီတာ ဗိုလ်လောင်းပစ္စတိုပစ် ပြိုင်ပွဲတွင် အသင်းလိုက်ပစ်ခတ်စဉ်များ၊ တစ်ဦးချင်းပစ်ခတ်စဉ်များကို ပြိုင်ပွဲအမျိုးအစားအလိုက် ၃ ရက်အကြာ ယှဉ်ပြိုင်ခဲ့။
  • ရုရှား သေနတ်ပစ်အသင်းမှ အဖွဲ့ခေါင်းဆောင် Major Mikhail GLADYSHEV နှင့် နည်းပြအရာရှိများ၊ ပြိုင်ပွဲဝင်ဗိုလ်လောင်းများသည် ဗထူးတပ်မြို့သို့ရောက်ရှိစဉ် စူဠာမုနိကုသိုလ်တော်ဘုရား၊ ဗထူးစမ်း နှင့် ရပ်စောက်မြို့မဈေးသို့ သွားရောက်လေ့လာခဲ့။

Add new comment