ဇူလိုင်လ ၄ ရက်တွင် ကယားပြည်နယ်၊ လွိုင်ကော်မြို့အတွင်းရှိ နည်းပညာ တက္ကသိုလ်၊ မြကလပ်တောင်၊ သီရိဒေါလမ်းဆုံနှင့် အခြားနေရာအများအပြားသို့ KNPP/ KNDF အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သမားများ ပူးပေါင်းအဖွဲ့တို့က လက်နက်ကြီး များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ လောဓမ္မရပ်ကွက်၊ နမ့်ဘော်ဝမ် (က) ရပ်ကွက်၊ ရွာတန်း ရှည်ရပ်ကွက်၊ ကျောက်တောင်ရပ်ကွက်များအတွင်းသို့ လက်နက်ကြီးကျည်များ ကျရောက် ပေါက်ကွဲခဲ့ပြီး ဒေသခံပြည်သူ ၁ ဦး သေဆုံးခဲ့ရကာ ကလေးငယ် ၄ ဦးအပါအဝင် စုစုပေါင်း ဒေသခံပြည်သူ ၁၀ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရှိရပါသည်။
KNPP/KNDF အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်သမားများ ပူးပေါင်းအဖွဲ့အနေဖြင့် ကယားပြည်နယ်၊ လွိုင်ကော်ဒေသအတွင်း အေးချမ်းစွာဖြင့်နေထိုင်လုပ်ကိုင် စားသောက် လျက်ရှိသည့် ဒေသခံပြည်သူများအား ကြောက်ရွံ့ထိတ်လန့်စေရန်နှင့် အစိုးရ၏အုပ်ချုပ်မှု ယန္တရားပျက်ပြားစေရန် ရည်ရွယ်ချက်ရှိရှိဖြင့် ယခုကဲ့သို့ ပြည်သူလူထုနေထိုင်လျက်ရှိသည့် ရပ်ကွက်/ကျေးရွာများအတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းကြောင့် ပြည်သူများအနေဖြင့် ရွံရှာစက်ဆုပ်ဖွယ်ကောင်းသည့် လုပ်ရပ်များအပေါ် လက်ခံနိုင်ခြင်း မရှိဘဲ အပြင်းအထန်ကန့်ကွက်လျက်ရှိကြောင်းနှင့် တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေ စိုးမိုးရေးအတွက် ဒေသခံပြည်သူများသည် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့်ပူးပေါင်း၍ အကြမ်းဖက် မှုတန်ပြန်ချေမှုန်းရေးကို ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၉-၇-၂၀၂၄)
- လွိုင်ကော်မြို့အတွင်းသို့ KNPP/KNDF အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက် သမားများ ပူးပေါင်းအဖွဲ့တို့က လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ပြည်သူတစ်ဦးသေဆုံးပြီး ကလေးငယ် ၄ ဦး အပါအဝင် ၁၀ ဦး ထိခိုက်ဒဏ်ရာရရှိ ခဲ့။
Add new comment