ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အချို့တွင် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားခြင်းနှင့်ပတ်သက်၍ တုံ့ပြန်ဆောင်ရွက်ထားရှိမှုများအား သတင်းထုတ်ပြန်ခြင်း

          ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အချို့တွင် (၂၅-၆-၂၀၂၄) ရက်နေ့မှစ၍ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါလက္ခဏာများဖြင့် လူနာအချို့ ဆေးရုံတက်ရောက် ခဲ့ရသော်လည်း ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဗဟိုအဆင့်ကွင်းဆင်းအဖွဲ့၏ တာဝန်ရှိ သူများနှင့်ပူးပေါင်း၍ ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများအား ကွင်းဆင်း ဆောင်ရွက်ပေးခဲ့မှုကြောင့် လက်ရှိအချိန်တွင် ရောဂါဖြစ်ပွားမှုအား ထိန်းချုပ်နိုင်ခဲ့ပြီ ဖြစ်ပါသည်။ ထိုသို့ဆောင်ရွက်ပေးခဲ့မှုများကြောင့် ဇူလိုင်လ ၄ ရက်မှ ၆ ရက်အတွင်း ဆေးရုံတက်လူနာများမြင့်တက်ခဲ့သော်လည်း ဇူလိုင်လ ၆ ရက်တွင် ၆၃ ဦး၊ ဇူလိုင်လ ၇ ရက်နေ့တွင် ၄၄ ဦးရှိခဲ့သဖြင့်  လူနာသစ်တွေ့ရှိမှုကျဆင်းလာကြောင်း ရောဂါစောင့်ကြပ် ကြည့်ရှုမှု သတင်းအချက်အလက်များအရ တွေ့ရှိရပါသည်။

ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားမှုနှင့်ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းကလည်း ရန်ကုန်တိုင်းဒေသကြီး ဒေါပုံမြို့နယ်၊ ငွေအေးရပ်ကွက်၊ သဲကွင်းကျူးကျော်ရပ်ကွက် အား ဇူလိုင်လ ရက်နေ့က သွားရောက်စစ်ဆေးခဲ့ရာ ဝမ်းပျက်ဝမ်းလျှောရောဂါ လက္ခဏာဖြစ်ပွားသူ ၁၂ ဦးရှိပြီး ဆေးရုံတက်ရောက်ကုသသူ ၉ ဦးရှိကြောင်း၊ အဆိုပါ ရပ်ကွက်တွင် အိမ်ခြေ ၁၆၆ လုံး၊ လူဦးရေ ၆၄၆ ဦး နေထိုင်ပြီး အများသုံးအိမ်သာ ၁၂ ခန်းသာရှိကြောင်း၊ ဝမ်းပျက်ဝမ်းလျှောရောဂါဖြင့် ဆေးရုံတက်ရောက်သူများအနက် တစ်ဦးမှာ ဝမ်းပျက်ဝမ်းလျှောရောဂါကြောင့် သေဆုံးခဲ့ခြင်းမဟုတ်ဘဲ နဂိုကတည်းက ခုခံအားကျဆင်းမှု ကူးစက်ရောဂါအခံရှိ၍ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း၊ ဝမ်းပျက် ဝမ်းလျှောရောဂါနဲ့ပတ်သက်ပြီး ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် လှုံ့ဆော်ချက်၊ တိုက်တွန်းချက်များအား သေချာဖတ်ရှု၍ သတိပြုဖွယ်ရာများအား ကြိုတင်ကာကွယ်တားဆီးခြင်းနှင့် လိုက်နာခြင်းများ ဆောင်ရွက်ရမည် ဖြစ်သည်ဟု သတင်းထုတ်ပြန်ထားကြောင်းသိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၈-၇-၂၀၂၄)

  • ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဗဟိုအဆင့်ကွင်းဆင်းအဖွဲ့၏ တာဝန်ရှိသူများနှင့် ပူးပေါင်းဆောင်ရွက်ပေးမှုများကြောင့် ဇူလိုင်လ ရက်မှ ရက်အတွင်း ဆေးရုံတက်လူနာများမြင့်တက်ခဲ့သော်လည်း ဇူလိုင်လ ရက်တွင် ၆၃ ဦး၊ ဇူလိုင်လ ရက်နေ့တွင် ၄၄ ဦးရှိခဲ့သဖြင့်  လူနာသစ်တွေ့ရှိမှုကျဆင်းလာကြောင်း ရောဂါစောင့်ကြပ်ကြည့်ရှုမှု သတင်းအချက်အလက်များအရတွေ့ရှိရ။
  • ဝမ်းပျက်ဝမ်းလျှောရောဂါနဲ့ပတ်သက်ပြီး ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန် ထားသည့် လှုံ့ဆော်ချက်၊ တိုက်တွန်းချက်များအား သေချာဖတ်ရှု၍ သတိပြု ဖွယ်ရာများအား ကြိုတင်ကာကွယ်တားဆီးခြင်းနှင့် လိုက်နာခြင်းများ ဆောင်ရွက် ရမည်ဖြစ်ကြောင်းဗိုလ်ချုပ်ဇော်မင်းထွန်းကထုတ်ပြန်ထား။ 

 

 

 

 

 

 

 

Add new comment