ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ရေဘေးသင့်ပြည်သူများအား ရေဘေးကင်းလွတ်ရာသို့ ကူညီရွှေ့ပြောင်း၊ စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်

ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း မိုးသည်းထန်စွာရွာသွန်းမှု ကြောင့် ဧရာဝတီမြစ်ရေမြင့်တက်လာပြီး ဗန်းမော်မြို့နယ်၊  ရွှေကူမြို့နယ်နှင့် ခန္တီးမြို့နယ် အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများအတွင်း၌ ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့ရာ-

  • ဇူလိုင်လ ၂ ရက်တွင် မြစ်ရေဝင်ရောက်လျက်ရှိသည့် ဗန်းမော်မြို့နယ်အတွင်း ရပ်ကွက်၊ ကျေးရွာများမှ ရေဘေးသင့်ပြည်သူ အိမ်ထောင်စု ၄,၃၉၉ စု၊ လူဦးရေ ၂၂,၃၆၁ ဦးတို့အားလည်းကောင်း၊ ရွှေကူမြို့နယ်အတွင်း ရေဘေးသင့်ပြည်သူ အိမ်ထောင်စု ၁၁၀ စု၊ လူဦးရေ ၄၉၂ ဦးတို့အားလည်းကောင်း၊ ခန္တီးမြို့နယ် အတွင်းရှိ ရေဘေးသင့်ပြည်သူ အိမ်ထောင်စု ၁၈၈ စု၊ လူဦးရေ ၆၅၈ ဦးတို့အား လည်းကောင်း နယ်မြေခံတပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ် တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများက ရေဘေးလွတ်ရာသို့ ကူညီရွှေ့ပြောင်း ပေးခြင်း၊ သောက်ရေသန့်၊ စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးခြင်း၊ ကျန်းမာ ရေးစောင့်ရှောက်မှုနှင့် လိုအပ်သည့်ကူညီ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက် ပေးလျက်ရှိ။
  • ဇူလိုင်လ ၄ ရက်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်ဒွဲဘူသည် မြစ်ကြီးနားမြို့၌ ရေဘေးသင့်ပြည်သူများအား သွားရောက်တွေ့ဆုံအားပေးကာ အဆိုပါရေဘေးရှောင်စခန်းရှိ အိမ်ထောင်စု (၁၈၇) စု၊ လူဦးရေ (၁,၀၀၀) ကျော် တို့အတွက် ဆန်အိတ် (၁၀) အိတ်ကို ထောက်ပံ့ပေးခဲ့ပြီး ရေဘေးသင့်ပြည်သူ များအတွက် မြစ်ကြီးနားယူနန်ဘုံကျောင်းနှင့် ထိန်ချုံးဟုန်ရွှင်ကုမ္ပဏီတို့က ပြည်နယ်သဘာဝ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီထံ ပေးအပ်လှူဒါန်း သည့် ငွေကျပ်သိန်း ၂၀၀၊ ဆန်အိတ် (၄၀၀) အိတ်၊ ဆီ (၁၀)ပိဿာဘူး (၁၀၀)၊ ခေါက်ဆွဲခြောက်ဖာ (၃၀၀) နှင့် ရေသန့်ဘူးများကို လက်ခံရယူပြီး ကျေးဇူးတင် ဂုဏ်ပြုမှတ်တမ်းလွှာကို ပြန်လည်ပေးအပ်ခဲ့။
  • ဇူလိုင်လ ၅ ရက်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်နယ်ဝန် ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အောင်နန်းရပ်ကွက်အတွင်းရှိ မဟာစည် သာသနာ့ရိပ်သာကျောင်းတိုက် ရေဘေးရှောင်စခန်းသို့သွားရောက်ပြီး စခန်းရှိ အိမ်ထောင်စု ၂၅ စု၊ လူဦး ရေ ၁၅၆ ဦးတို့အတွက် ဆန် ၅ အိတ်၊ ခေါက်ဆွဲခြောက် ၁၀ ဖာ၊ ငါးသေတ္တာတစ်ဖာ၊ ကုလားပဲတစ်အိတ်နှင့် ရေသန့် ကတ် ၂၀ ကိုထောက်ပံ့ပေးအပ်ခဲ့။
  • ဇူလိုင်လ ၆ ရက်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်နှင့် တာဝန်ရှိသူ များသည် မြစ်ကြီးနားမြို့ပေါ်ရှိ မြေမြင့်ရပ်ကွက်ဘုန်းတော်ကြီးကျောင်း၌ ဖွင့်လှစ်ထားသည့် ရေဘေးရှောင်စခန်း၊ ရမ်ပူရပ်ကွက် သာသနာ့ရံသီ ဘုန်းတော် ကြီးကျောင်းရှိ ရေဘေးကယ်ဆယ်ရေးစခန်းများသို့ သွားရောက်၍ စားသောက် ဖွယ်ရာများ၊ အဝတ်အထည်များ၊ တစ်ကိုယ်ရေသုံးပစ္စည်းများ ထောက်ပံ့ပေးအပ် ကာ ရေဘေးသင့်ပြည်သူများ၏ လတ်တလောစားသောက်နေထိုင်ရေး၊ ကျန်းမာ ရေးစောင့်ရှောက်မှုအခြေအနေတို့ကိုမေးမြန်း၍ လိုအပ်သည်များ ညှိနှိုင်းပေါင်း စပ်ဆောင်ရွက်ပေးခဲ့။
  • ဇူလိုင်လ ၇ ရက်တွင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနက ရွှေကူမြို့နယ် အတွင်း မြစ်ရေဝင်ရောက်လျက်ရှိသည့် ရပ်ကွက်၊ ကျေးရွာများမှ ရေဘေးသင့် ပြည်သူ ၇၁၅ ဦးအား ထောက်ပံ့ငွေ စုစုပေါင်းငွေကျပ် ၃,၀၀၃,၀၀၀ တို့ကို သွားရောက်ပေးအပ်ခဲ့ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ကချင် ပြည်နယ်ဝန်ကြီးချုပ်၊ တာဝန်ရှိသူများနှင့်အတူ မြစ်ကြီးနားမြို့ နောင်နန်း(၈)မိုင် AG အသင်းတော်၌ ဖွင့်လှစ်ထားသည့် နေရပ်စွန့်ခွာစခန်းသို့သွားရောက်၍ ကျား/မ ရှပ်အင်္ကျီများ၊ ငွေကျပ် ၉,၄၃၀,၀၀၀ တန်ဖိုးရှိ ဆန်အိတ် ၅၀၊ ငါးသေတ္တာ လေးဖာ၊ ခေါက်ဆွဲခြောက် ၂၄၃ ဖာ၊ ဆီ ၁၀ ပိဿာပုံး ၂၀ နှင့် ရေသန့်ဘူးများ စသည့် အခြေခံစားသောက်ကုန်များနှင့် ငွေကျပ် ၂၇,၆၈၉,၀၀ဝ တန်ဖိုးရှိ ထောက်ပံ့ရေးပစ္စည်းများကို ပေးအပ်ခဲ့။
  • အလားတူ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီး ဌာနက ထောက်ပံ့သော မေလနှင့် ဇွန်လက မြစ်ကြီးနားမြို့နယ်နှင့် ဝိုင်းမော်မြို့ နယ်တို့သို့ ရောက်ရှိလာသော တိုက်ပွဲရှောင် အိမ်ထောင်စု ၂,၅၃၇ စုမှ လူဦးရေ ၁၂,၄၂၇ ဦးအတွက် ဆန်ရိက္ခာဖိုး ငွေကျပ် ၅၂,၁၉၃,၄၀ဝ ကို ကချင်ပြည်နယ် ဝန်ကြီးချုပ်ထံ လွှဲပြောင်းပေးအပ်ခဲ့။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်နှင့်အဖွဲ့သည် သဘာဝဘေး အန္တရာယ်ပေါ်ပေါက်ပါက ပြည်သူများ အမြန်ဆုံးဘေးလွတ်ရာသို့ ဖယ်ရှားနိုင်ရေး အသိပညာ ပေးခြင်းနှင့် ဆွေးနွေးဟောပြောခြင်းလုပ်ငန်းများဆောင်ရွက်ရန် မှာကြားခဲ့ကြောင်း သိရှိရ ပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၈-၇-၂၀၂၄)

  • ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ရပ်ကွက်၊ ကျေးရွာများမှ ရေဘေးသင့်ပြည်သူများအား နယ်မြေခံတပ်မတော်သားများက ရေဘေးကင်း လွတ်ရာသို့ ကူညီရွှေ့ပြောင်းပေးပြီး   တာဝန်ရှိသူများက စားသောက်ဖွယ်ရာများ နှင့်  ထောက်ပံ့ငွေများ ပေးအပ်ခဲ့။
  • နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ‌ဒေါ်ဒွဲဘူနှင့်အဖွဲ့သည်  မြစ်ကြီးနား မြို့၌ ရေဘေးသင့်ပြည်သူများအား တွေ့ဆုံအားပေးထောက်ပံ့ကာ ရေဘေးသင့် ပြည်သူများအတွက် ရိက္ခာများ၊ ထောက်ပံ့ရေးပစ္စည်းများလှူဒါန်း၍ ဝန်ထမ်းများ အတွက် ထောက်ပံ့ ချီးမြှင့်ငွေများကို ပေးအပ်ချီးမြှင့်ခဲ့။

 

Add new comment