ရန်ကုန်တိုင်းဒေသကြီး အချို့မြို့နယ်များတွင် ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ် ပွားမှုနှင့် ပတ်သက်ပြီး မီဒီယာများမေးမြန်းထားတာကို ပြန်လည်ပြောကြားသွားပါမယ်။ စဖြစ်တာကတော့ ရန်ကုန်တိုင်းဒေသကြီး ဒေါပုံမြို့နယ်၊ ငွေအေးရပ်ကွက် သဲကွင်း ကျူးကျော်ရပ်ကွက်မှာဖြစ်ပါတယ်။ အဲ့မှာ ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားနေတယ်ဆိုပြီး သတင်းရရှိခဲ့ပါတယ်။ ဒါကြောင့်မလို့ ဇူလိုင်လ ၃ ရက်နေ့က သွားရောက်စစ်ဆေးတဲ့ အခါမှာ ဝမ်းပျက်ဝမ်းလျှောရောဂါလက္ခဏာဖြစ်ပွားသူ ၁၂ ဦးရှိကြောင်းတွေ့ရှိရပါတယ်။ အဲ့ထဲကဆေးရုံတက်ရောက်ကုသသူ ၉ ဦး ရှိခဲ့ပါတယ်။ အဲ့ဒီ ၉ ဦးရဲ့ဝမ်းနမူနာတွေကို စစ်ဆေးခဲ့ပါတယ်။ စစ်ဆေးခဲ့အခါမှာ တစ်ဦးက ကာလဝမ်းရောဂါပိုးတွေ့ရှိတယ် ဆိုတဲ့ အဖြေထွက်ခဲ့ပါတယ်။ ဒါကြောင့် ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့ ဆေးရုံ အသီးသီးမှာ တက်ရောက်နေတဲ့ ဝမ်းပျက်ဝမ်းလျှောရောဂါလက္ခဏပြတဲ့လူနာတွေကို ကာလဝမ်း ရောဂါပိုး ရှိ/မရှိ စစ်ဆေးခဲ့ပါတယ်။ ဒီနေ့ထိတွေ့ရှိရတာကတော့ ဝိတိုရိယ ဆေးရုံမှာ တစ်ဦး၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ ၄ ဦး စုစုပေါင်း ၅ ဦး တွေ့ရှိတယ်ဆိုတဲ့ အဖြေ ထွက်ရှိခဲ့ပါတယ်။ ကျန်တဲ့ ဝမ်းပျက်ဝမ်းလျှောရောဂါ လက္ခဏပြတဲ့သူတွေကတော့ ကာလဝမ်းရောဂါပိုး မတွေ့ရှိခဲ့ပါဘူး။
ဒါနဲ့ပတ်သက်ပြီးတော့ ဖြစ်ပွားတဲ့နေရာ ဒေါပုံမြို့နယ်၊ ငွေအေးရပ်ကွက် သဲကွင်း ကျူးကျော်ရပ်ကွက်ကို ရန်ကုန်တိုင်းဒေသကြီးက တာဝန်ရှိသူတွေ ပြည်သူ့ကျန်းမာရေး အဖွဲ့တွေနဲ့ သွားရောက်စစ်ဆေးတဲ့အခါမှာ အဲ့ဒီနေရာမှာ အိမ်ခြေ ၁၆၆ လုံး၊ လူဦးရေ ၆၄၆ ဦး နေထိုင်ပြီး အများသုံးအိမ်သာက ၁၂ ခန်းသာရှိကြောင်းတွေ့ရပါတယ်။ ဒီဟာ ကလည်း ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားစေတဲ့အကြောင်းအရင်းလို့ပဲ သုံးသပ်ရပါ တယ်။ ရောဂါဖြစ်ပွားမှုကို စောစီးစွာသိရှိပြီး စောစောစီးစီးကုသပေးနိုင်ဖို့ အဲ့ဒီနေရာ မှာပဲ ဆောင်ရွက်လျက်ရှိပါတယ်။ လိုအပ်တဲ့ကိစ္စများဖြစ်တဲ့ လမ်းဘေးစာသောက်ဆိုင် တွေကို ယာယီပိတ်ထားတာတွေ၊ ရေနဲ့ပတ်ဝန်ကျင်သန့်ရှင်းမှုလုပ်ငန်းများ အားဖြည့် ဆောင်ရွက်တာတွေကို ဆောင်ရွက်လျက်ရှိပါတယ်။ ခုနကျွန်တော်ပြောတဲ့ ဝမ်းပျက် ဝမ်းလျှောရောဂါနဲ့ ဆေးရုံတက်ရောက်သူထဲမှာ ဝမ်းပျက်ဝမ်းလျှောရောဂါကြောင့် သေဆုံးသူမရှိပါဘူး။ အဲ့ထဲကမှ တစ်ဦးကတော့ ဝမ်းပျက်ဝမ်းလျှောရောဂါကြောင့် မဟုတ်ဘဲနဲ့ နဂိုကတည်းကတိုင်း ခုခံအားကျဆင်းမှု ကူးစက်ရောဂါအခံရှိလို့ သေဆုံးခဲ့ ကြောင်းသိရပါတယ်။ ဒီရပ်ကွက်တွေကို သွားရောက်စစ်ဆေးပြီးတော့ ယာယီဆေးခန်း ဖွင့်လှစ်ပြီး လူနာသစ်တွေလာရောက်ပြသမှု အခြေအနေတွေကိုလက်ခံတာတွေ တိုင်း ဒေသကြီးကတာဝန်ရှိအဖွဲ့အစည်းတွေ၊ ဒေသခံကျန်းမာရေးဝန်ထမ်းတွေနဲ့ လူမှုအဖွဲ့ အစည်းတွေ၊ Volunteer တွေကနေပြီး ရပ်ကွက်အတွင်း သန့်ရှင်းတဲ့ရေရရှိရေး ကလိုရင်း ဆေးခက်တာတွေ၊ ပတ်ဝန်းကျင်သန့်ရှင်းရေးဆောင်ရွက်တာတွေ၊ ရေသန့် ဖြန့်ဝေတာတွေ ဆောင်ရွက်လျက်ရှိပါတယ်။
ဒါ့အပြင် လူနာနေအိမ်တွေသွားရောက်ပြီး ရောဂါဗေဒဆိုင်ရာတွေကို စုံစမ်း ထောက်လှမ်းတာတွေ၊ လူနာနဲ့အနီးကပ်ထိတွေ့လူတွေကို ကျန်းမာရေး ပညာပေးတာ တွေ၊ ပဋိဒေဝဆေးတွေတိုက်ကျွေးတာတွေကို ဆောင်ရွက်လျက်ရှိပါတယ်။ ရန်ကုန်တိုင်း ဒေသကြီးဝန်ကြီးချုပ်၊ ရန်ကုန်မြို့တော်ဝန်၊ ရန်ကုန်တိုင်းဒေသကြီး လူမှုရေးဝန်ကြီးတို့ ကလည်း သွားရောက်ကွင်းဆင်းစစ်ဆေး ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိပါတယ်။ ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့လည်း ပြည်သူ့ကျန်းမာရေးဦးစီးဌာန (ကူးစက်) ညွှန် ကြားရေးမှူးဦးစီးတဲ့ ဗဟိုတုန့်ပြန်ရေးအဖွဲ့စေလွှတ်ပြီး ဆောင်ရွက်လျက်ရှိပါတယ်။ ဒီနေရာမှာပြောချင်တာက ဝမ်းပျက်ဝမ်းလျှောရောဂါဆိုတာ မိုးဦးကာလမှာဖြစ်ပွား တတ်တဲ့ ရောဂါမျိုးဖြစ်ပါတယ်။ ဝမ်းပျက်ဝမ်းလျှောရောဂါနဲ့ပတ်သက်ပြီး သတိပြုဖွယ် ရာတွေကို ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့ လှုံ့ဆော်စာတွေထုတ်ပြန်ပေးလျက်ရှိပါတယ်။ ဒီလှုံ့ဆော်စာတွေ၊ တိုက်တွန်းချက်တွေကိုသေချာဖတ်ပြီး ကြိုတင်ကာကွယ်တာတွေ၊ ကြိုတင်တားဆီးတာတွေ၊ လိုက်နာတာတွေဆောင် ရွက်သွားရမှာဖြစ်ပါတယ်။ အကျဉ်းချုပ် အနေနဲ့ကတော့ ရေကိုကြိုချက်သောက်တာ၊ ကျန်းမာရေးဝန်ကြီးဌာနရဲ့ညွှန်ကြားချက် အတိုင်း ကလိုရင်းဆေးခတ်ပြီးသောက်တာ၊ အစားအစာတွေကိုသန့်ရှင်းစွာ ချက်ပြုတ်ပြီး ယင်မနားအောင် ဖုံးအုပ်ထားတာတွေ၊ ယင်လုံအိမ်သာများအသုံးပြုဖို့ ဒါတွေကို ဆောင်ရွက်ရမှာဖြစ်ပါတယ်။ ဒါနဲ့ပတ်သက်ပြီး ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့လည်း အဆက်မပြတ် စောင့်ကြည့်ဆောင်ရွက်လျက်ရှိသလို ဒေသဆိုင်ရာအာဏာပိုင်များက လည်း အဆက်မပြတ်စောင့်ကြည့်အလေးထား ဆောင်ရွက်လျက်ရှိပါတယ်။ ပြည်သူ လူထုအနေနဲ့လည်း ကျန်းမာရေးဝန်ကြီးဌာန၊ ဒေသဆိုင်ရာအာဏာပိုင်များရဲ့ ရောဂါ ကာကွယ်တားဆီးနှိမ်နင်းရေး သတိပေးချက်လှုံ့ဆော်မှုတွေကို အတူလိုက်နာပြီး ပူးပေါင်း ဆောင်ရွက်သွားကြဖို့မေတ္တာရပ်ခံလိုပါတယ်။
အားလုံးကိုကျေးဇူးတင်ပါတယ်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၇-၇-၂၀၂၄)
- ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားမှုနှင့်ပတ်သက်ပြီး ရန်ကုန်တိုင်းဒေသကြီး ဒေါပုံမြို့ နယ်၊ ငွေအေးရပ်ကွက် သဲကွင်းကျူးကျော်ရပ်ကွက်အား ဇူလိုင်လ ၃ ရက်နေ့က သွား ရောက်စစ်ဆေးခဲ့ရာ ဝမ်းပျက်ဝမ်းလျှောရောဂါလက္ခဏာဖြစ်ပွားသူ ၁၂ ဦးရှိပြီး ဆေးရုံ တက်ရောက်ကုသသူ ၉ ဦးရှိ။
- ကျန်းမာရေးဝန်ကြီးဌာနက ဆေးရုံအသီးသီး၌ ဝမ်းပျက်ဝမ်းလျှောရောဂါလက္ခဏဖြင့် တက်ရောက်ကုသမှုခံယူနေသည့် လူနာများအား ကာလဝမ်း ရောဂါပိုး ရှိ/မရှိ စစ်ဆေး ခဲ့ရာ စုစုပေါင်း ၅ ဦးအား တွေ့ရှိခဲ့။
- အဆိုပါရပ်ကွက်အား တာဝန်ရှိသူများ ပြည်သူ့ကျန်းမာရေးအဖွဲ့များနှင့်သွားရောက် စစ်ဆေးသည့်အခါ အိမ်ခြေ ၁၆၆ လုံး၊ လူဦးရေ ၆၄၆ ဦး နေထိုင်ပြီး အများသုံး အိမ်သာ ၁၂ ခန်းသာရှိကြောင်းတွေ့ရှိရ။
- ဝမ်းပျက် ဝမ်းလျှောရောဂါဖြင့် ဆေးရုံတက်ရောက်သူများအနက် တစ်ဦးမှာ ဝမ်းပျက်ဝမ်းလျှောရောဂါကြောင့်သေဆုံးခဲ့ခြင်းမဟုတ်ဘဲ နဂိုကတည်းက ခုခံအား ကျဆင်းမှု ကူးစက်ရောဂါအခံရှိ၍ သေဆုံးခဲ့ခြင်းဖြစ်။
- ငွေအေးကွင်းရပ်ကွက်၌ ယာယီဆေးခန်းဖွင့်လှစ်ပြီး ဆေးကုသပေးခြင်း၊ တာဝန်ရှိ အဖွဲ့အစည်းများ၊ ဒေသခံကျန်းမာရေးဝန်ထမ်းများနှင့် Volunteer များက ရပ်ကွက် အတွင်း ကလိုရင်း ဆေးခတ်ခြင်း၊ ပတ်ဝန်းကျင်သန့်ရှင်းရေးဆောင်ရွက်ခြင်း ရေသန့် ဖြန့်ဝေပေးခြင်းများ ဆောင်ရွက်လျက်ရှိ။
- ဝမ်းပျက်ဝမ်းလျှောရောဂါနဲ့ပတ်သက်ပြီး ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထား သည့် လှုံ့ဆော်ချက်၊ တိုက်တွန်းချက်များအား သေချာဖတ်ရှု၍ သတိပြုဖွယ်ရာ များအား ကြိုတင်ကာကွယ်တားဆီးခြင်းနှင့် လိုက်နာခြင်းများ ဆောင်ရွက်ရမည်ဖြစ်။
Add new comment