နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း ရှန်းဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (SCO) ၏ စိမ်းလန်းသောဖွံ့ဖြိုးမှုဖိုရမ်သို့ တက်ရောက်ရန် ချင်းတောင်မြို့သို့ ထွက်ခွာ

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီးစိုးဝင်းဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဇူလိုင်လ ၈ ရက်မှ ၉ ရက်အထိ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ရှန်းတုန်းပြည်နယ် ချင်းတောင်မြို့၌ ကျင်းပမည့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (SCO) ၏ စိမ်းလန်းသောဖွံ့ဖြိုးမှုဖိုရမ်သို့ တက် ရောက်ရန် ဇူလိုင်လ ၆ ရက်တွင် နေပြည်တော်မှ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ထွက်ခွာ ခဲ့ရာ ဒေသစံတော်ချိန် နံနက် ၁၁ နာရီ ၁၅ မိနစ်တွင် ကူမင်းမြို့သို့ရောက်ရှိပြီး ယူနန်  ပြည်နယ် ပြည်သူ့အစိုးရနိုင်ငံခြားရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် မစ္စတာ ကျန်းရှစ်ကျင်း၊ ကူမင်းကောင်စစ်ဝန်ချုပ်နှင့် တာဝန်ရှိသူများကလည်းကောင်း၊ ကူမင်းမြို့မှ ဆက်လက် ထွက်ခွာခဲ့ရာ ဒေသစံတော်ချိန် ညနေ ၅ နာရီခွဲတွင် ချင်းတောင်မြို့သို့ ရောက်ရှိ၍ တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး၊ ချင်းတောင်မြူနီစီပယ်ဒေသ တရုတ်ကွန်မြူနစ်ပါတီ ဒုတိယအထွေထွေအတွင်းရေးမှူးချုပ် မစ္စလင်ပင်းနှင့် တာဝန်ရှိသူများကလည်းကောင်း အသီးသီးကြိုဆိုနှုတ်ဆက်ခဲ့ကြပါသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့်အတူ သယံ ဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌရုံးနှင့် နိုင်ငံခြားရေးဝန်ကြီးဌာနတို့မှ အဆင့်မြင့် အရာရှိကြီးများ အဖွဲ့ဝင်အဖြစ် လိုက်ပါသွားခဲ့ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။(မြဝတီသတင်းစာ ၇-၇-၂၀၂၄)

  • နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌဦးဆောင်သော မြန်မာကိုယ်စားလှယ် အဖွဲ့ ရှန်းဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (SCO) စိမ်းလန်းသောဖွံ့ဖြိုးမှုဖိုရမ်သို့ တက်ရောက်ရန် ချင်းတောင်မြို့သို့ ထွက်ခွာခဲ့။

 

 

 

 

Add new comment