နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဒုတိယအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲသို့တက်ရောက်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ၂၀၂၄ ခုနှစ်၊ ဒုတိယအကြိမ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲအခမ်းအနားကို ဇူလိုင်လ ၅ ရက်တွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်ရှိ Naypyitaw State Polytechnic University ပရိဝုဏ်အတွင်း၌ ကျင်းပ ခဲ့ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တက်ရောက်၍ ကံ့ကော်ပျိုးပင်ကို ဦးဆောင်စိုက်ပျိုးပေးခဲ့ပါသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ် မှူးကြီးမင်းအောင်လှိုင်က အမှာစကားပြောကြားရာတွင်-

  • နေပြည်တော်နည်းပညာတက္ကသိုလ်တွင် အင်ဂျင်နီယာအထူးပြုဘာသာရပ် (၇) ခုကို ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်းနှင့် နေပြည်တော်နည်းပညာတက္ကသိုလ် ၁ ခုတည်းဖြင့် ပြည့်စုံလုံလောက်မှုမရှိဟု ယူဆသည့်အတွက် Naypyitaw State Polytechnic University အသစ် တည်ဆောက်ဖွင့်လှစ်ရန် စီမံဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း။
  • သစ်တောများကို စိုက်ပျိုးပြုစုထိန်းသိမ်းကြရာတွင် ယနေ့ခေတ် သိပ္ပံနှင့်နည်း ပညာဖွံ့ဖြိုးမှုနှင့် တီထွင်ဆန်းသစ်မှုများကို သစ်တောထိန်းသိမ်းရေးလုပ်ငန်း များတွင် အကျိုးရှိအောင် ပေါင်းစပ်ချိတ်ဆက်ဆောင်ရွက်သွားမည်ဆိုပါက သစ်တော ထိန်းသိမ်းရေးလုပ်ငန်းများ ပိုမိုထိရောက်ပြီး နိုင်ငံတော်စဉ်ဆက်မပြတ် ဖွံ့ဖြိုးရေး ကိုလည်း အထောက်အကူပြုပေးနိုင်မည်ဖြစ်ကြောင်း။
  • နည်းပညာတီထွင်ဆန်းသစ်မှုနှင့် သစ်တောထွက်ပစ္စည်းများကို ဆေး ဝါးများ၊ အလှကုန်ပစ္စည်းများ၊ စားသောက်ကုန်များအပါအဝင် လူသားများ၏ စားဝတ် နေရေး၊ ကျန်းမာရေး၊ လူမှုဘဝဖွံ့ဖြိုးရေးတို့အတွက် ရေရှည်ဘေးကင်းလုံခြုံစွာ အသုံးပြုနိုင်သည့် ထုတ်ကုန်ပစ္စည်းအမျိုးမျိုးကို ကျယ်ပြန့်စွာ ထုတ်လုပ်လာနိုင် ခဲ့ပြီဖြစ်ကြောင်း။
  • အင်ဂျင်နီယာပညာရပ်ကို ဇီဝဗေဒ၊ ဓာတုဗေဒ၊ ဂေဟဗေဒ၊ ဘူမိဗေဒ၊ အဏု ဇီဝဗေဒ၊ ဇလဗေဒ စသည့်ဘာသာရပ်များနှင့်ပေါင်းစပ်ပြီး လေ့လာသင်ယူရသည့် Environmental Engineering ဘာသာရပ်သည် ပတ်ဝန်းကျင်အရည်အသွေး များ မြှင့်တင်ပေးရန်အတွက် အထူးအရေးပါသည့် ပညာရပ်အဖြစ် ကျယ်ပြန့်စွာ လေ့လာသင်ယူလာကြပြီဖြစ်ကြောင်း။
  • သစ်တောကဏ္ဍတွင် မျိုးကောင်းမျိုးသန့်ပျိုးပင်များ ထုတ်လုပ်ရေး၊ ရေဝေရေလဲ ဒေသစီမံအုပ်ချုပ်ရေး၊ သစ်ပင်သစ်တောများနှင့် ဇီဝမျိုးစုံ မျိုးကွဲများထိန်းသိမ်းရေး၊ ရေနှင့် မြေဆီလွှာများထိန်းသိမ်းရေးစသည့် လုပ်ငန်းနယ်ပယ်များတွင် Environmental Engineering ပညာသည် အရေးပါသည့် အခန်းကဏ္ဍမှ ပါဝင်လျက်ရှိကြောင်း။
  • ယခုနှစ် မိုးရာသီတွင် နိုင်ငံပိုင်သစ်တောစိုက်ခင်းများအပါအဝင် သစ်ပင်ပေါင်း ၂၂ ဒသမ ၃၃၂ သန်း စိုက်ပျိုးတည်ထောင်သွားမည်ဖြစ်ကြောင်း၊ သစ်တောကြိုးဝိုင်း၊ ကြိုးပြင်ကာကွယ်တောများတွင်သာမက သစ်တောမြေ ပြင်ပနေရာများဖြစ်သည့် ကျေးရွာများ၊ မြို့ပြများ ပတ်ဝန်းကျင်နေရာ အသီးသီးတွင်လည်း ဒေသအလိုက် သင့်လျော်သည့် အရိပ်ရပင်များ၊ လေကာပင်များကို စဉ်ဆက်မပြတ် စိုက်ပျိုးကြရန် လိုအပ်ကြောင်း။
  • ယခုကျင်းပသည့် သစ်ပင်စိုက်ပျိုးပွဲတော်တွင် သစ်မျိုး (၁၀) မျိုး၊ အပင် (၁,၄၂၆) ပင် စိုက်ပျိုးသွားမည်ဖြစ်ကြောင်းနှင့် တက္ကသိုလ်ပရဝဏ်နှင့် လိုက်ဖက်ပြီး ရာသီ အလိုက်ဖူးပွင့်ပြီး ရနံ့သင်းပျံ့သည့် ကံ့ကော်၊ ခရေ၊ စိန်ပန်း၊ ပိတောက်သစ်မျိုး များကို အစီအစဉ်တကျ စိုက်ပျိုးသွားမည်ဖြစ်ကြောင်း။
  • ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများအနေဖြင့်လည်း မိမိတို့ ကျောင်းပရဝဏ်နှင့် ပတ်ဝန်းကျင်အစဉ်ထာဝရ စိမ်းလန်း စိုပြည်လှပနေစေရန် “ရှင်အောင်စိုက်ပျိုး၊ ကြီးအောင်ပြုစု၊ မြဲအောင် ထိန်းသိမ်း” ဆောင်ရွက်သွား ကြရန် မှာကြားလိုကြောင်း။
  • နေပြည်တော်ကောင်စီနယ်မြေသည် နိုင်ငံ၏ မြို့တော်ဖြစ်သည်နှင့်အညီ ဘက်စုံ ဖွံ့ဖြိုးတိုးတက်‌သည့် Green City၊ Clean City၊ Smart City ဖြစ်စေရေး အလေး ထားဆောင်ရွက်လျက်ရှိကြောင်း။
  • နိုင်ငံတော် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်သူများ စားရေရိက္ခာ ဖူလုံရေး၊ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေး၊ နိုင်ငံအဝန်းသစ်တောဖုံးလွှမ်းမှု တိုးတက် လာပြီး စိမ်းလန်းစိုပြည်သာယာလှပစေရေး၊ သစ်တောသယံဇာတများ အပါအဝင် နိုင်ငံ၏သဘာဝသယံဇာတများကို ခေတ်မီသည့်သိပ္ပံနှင့်နည်းပညာ တီထွင်မှုများဖြင့် ပေါင်းစပ်ပြီး သားစဉ်မြေးဆက် ရေရှည်ထိန်းသိမ်း အသုံးချနိုင်ရေးတို့ကို အမျိုးသားရေး တာဝန်တစ်ရပ်အနေဖြင့် ဆောင်ရွက်သွားကြပါစို့ဟု တိုက်တွန်း မှာကြားလိုကြောင်း ဖြင့် ပြောကြားခဲ့ပါသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ကံ့ကော်ပင်အား သတ်မှတ်နေရာတွင် ဦးဆောင် စိုက်ပျိုးပေးခဲ့ပြီး အခမ်းအနားသို့ တက်ရောက်လာကြသည့် တာဝန်ရှိသူများက ပျိုးပင်များကို တစ်ပြိုင်တည်း စိုက်ပျိုးပေးခဲ့ပါသည်။

သစ်ပင်စိုက်ပျိုးပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်သည် အဖွဲ့ဝင်များလိုက်ပါ၍ Naypyitaw State Polytechnic University ပရိဝုဏ်အတွင်းရှိ ရှုခင်းသာရင်ပြင် (View Point) နေရာဆောင်ရွက်ထားရှိမှုများ၊ သုံးထပ်ပင်မစာသင်ဆောင် အပါအဝင် ဝန်ထမ်းအိမ်ရာများ၊ စာသင်ဆောင်များ၊ ဆရာ၊ ဆရာမနှင့် ကျောင်းသား၊ ကျောင်းသူ အဆောင်များ၊ အားကစားကွင်းများ၊ စာကြည့် တိုက်နှင့် အခြားသင်ကြားမှု၊ သင်ယူမှုအထောက်အကူပြု အဆောက်အဦများ ဆောင်ရွက်ပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်သွားမည့် အခြေအနေများ၊ သုံးထပ်ပင်မ စာသင်ဆောင်အတွင်း စာသင်ခန်းများ၊ စုဝေးခန်းမများ တည်ဆောက်ပြီးစီးမှု အခြေ အနေများကို လိုက်လံကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ပါသည်။

အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်အတူ ကောင်စီအတွင်းရေးမှူး၊ တွဲဖက်အတွင်း ရေးမှူး၊ ကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များနှင့် ပြည်ထောင်စု ဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့် တပ်မတော်အရာရှိကြီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဒုတိယဝန်ကြီး များနှင့် ဝန်ကြီးဌာနများမှဌာနဆိုင်ရာအရာထမ်း၊ အမှုထမ်းများ၊ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်၊ ကထိက ဆရာ၊ ဆရာမကြီးများ၊ ကျောင်းသား၊ ကျောင်းသူ များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်းသိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၆-၆-၂၀၂၄)

 

 

  • သစ်တောများကို စိုက်ပျိုးပြုစုထိန်းသိမ်းကြရာတွင် ယနေ့ခေတ် သိပ္ပံနှင့်နည်း ပညာဖွံ့ဖြိုးမှုနှင့် တီထွင်ဆန်းသစ်မှုများကို သစ်တောထိန်းသိမ်းရေးလုပ်ငန်း များတွင် အကျိုးရှိအောင် ပေါင်းစပ်ချိတ်ဆက်ဆောင်ရွက်သွားမည်ဆိုပါက သစ်တော ထိန်းသိမ်းရေးလုပ်ငန်းများ ပိုမိုထိရောက်ပြီး နိုင်ငံတော်စဉ်ဆက်မပြတ် ဖွံ့ဖြိုးရေး ကိုလည်း အထောက်အကူပြုပေးနိုင်မည်ဖြစ်။
  • သစ်တောကဏ္ဍတွင် မျိုးကောင်းမျိုးသန့်ပျိုးပင်များ ထုတ်လုပ်ရေး၊ ရေဝေရေလဲ ဒေသစီမံအုပ်ချုပ်ရေး၊ သစ်ပင်သစ်တောများနှင့် ဇီဝမျိုးစုံ မျိုးကွဲများထိန်းသိမ်းရေး၊ ရေနှင့် မြေဆီလွှာများထိန်းသိမ်းရေးစသည့် လုပ်ငန်းနယ်ပယ်များတွင် Environmental Engineering ပညာသည် အရေးပါသည့် အခန်းကဏ္ဍမှ ပါဝင်လျက်ရှိ။
  • ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများအနေဖြင့်လည်း မိမိတို့ ကျောင်းပရဝဏ်နှင့် ပတ်ဝန်းကျင်အစဉ်ထာဝရ စိမ်းလန်း စိုပြည်လှပနေစေရန် “ရှင်အောင်စိုက်ပျိုး၊ ကြီးအောင်ပြုစု၊ မြဲအောင် ထိန်းသိမ်း” ဆောင်ရွက်သွား ကြရန် မှာကြားလို။
  • နေပြည်တော်ကောင်စီနယ်မြေသည် နိုင်ငံ၏ မြို့တော်ဖြစ်သည်နှင့်အညီ ဘက်စုံ ဖွံ့ဖြိုးတိုးတက်‌သည့် Green City၊ Clean City၊ Smart City ဖြစ်စေရေး အလေး ထားဆောင်ရွက်လျက်ရှိ။

 

 

 

 

 

 

 

Add new comment