ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးအမှတ်စဉ် (၅/၂၀၂၄) ကို ဇူလိုင်လ ၅ ရက်တွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေး ခန်းမ၌ ကျင်းပခဲ့ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားခဲ့ရာတွင်-
- မိမိတို့အနေဖြင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အမျိုးသားရေးရည်မှန်းချက် နှစ်ရပ်ဖြစ်သည့် တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာပေါများရေးကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း။
- သာယာဝပြောရေးတွင် တရားဥပဒေစိုးမိုးရေး၊ လုံခြုံရေး၊ လမ်းပန်းဆက်သွယ်မှု လုံခြုံချောမွေ့စေရေး၊ အေးချမ်းစွာဖြင့် ပညာသင်ကြားနိုင်ရေး၊ ပြည်သူများ ကိုယ်စိတ်နှလုံး အေးချမ်းစွာဖြင့် လုပ်ကိုင်နေထိုင်စားသောက်နိုင်ရေးတို့ပါဝင်ပြီး ကျယ်ပြန့်ပါကြောင်း။
- လုံခြုံရေးပိုင်းနှင့်ပတ်သက်၍ လုံခြုံမှုရှိသည့် ဒေသများရှိသကဲ့သို့ အကြောင်း အမျိုးမျိုးကြောင့် တရားဥပဒေ စိုးမိုးမှုလျော့ပါးလျက်ရှိသည့် မြို့နယ်များနှင့် ဒေသများလည်းရှိကြောင်း။
- လူတစ်ဦးချင်းအနေဖြင့် လုံခြုံရေးအသိ၊ လုံခြုံရေးသတိဖြင့် အတူတကွ ပူးပေါင်း ဆောင်ရွက်မည်ဆိုပါက လုံခြုံရေးဆိုင်ရာကိစ္စများ အားကောင်းလာမည်ဖြစ်ကြောင်း။
- လုံခြုံရေးနှင့်ပတ်သက်၍ တာဝန်ရှိသူများအားလုံးအနေဖြင့် စနစ်တကျကြိုတင် ပြင်ဆင်ခြင်းနှင့် စနစ်တကျနေထိုင်ခြင်းများကို လုံခြုံရေးအသိ၊ လုံခြုံရေးသတိ ဖြင့် ဆောင်ရွက်ကြမည်ဆိုပါက လုံခြုံရေးကျိုးပေါက်မှုများ လျော့နည်းသွားမည် ဖြစ်ကြောင်း။
- ကျောင်းသား၊ ကျောင်းသူများ ပညာရည်သင်ကြားရေးနှင့်ပတ်သက်၍ ဘေးကင်း လုံခြုံစွာဖြင့် စိတ်အေးချမ်းသာစွာသင်ယူနိုင်ရေး လိုအပ်သည့်လုံခြုံရေးဆိုင်ရာ ကိစ္စရပ် များကိုဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း။
- ကျောင်းဖွင့်လှစ်၍ရသည့် ဒေသများ၌ ကျောင်းတက်ရောက်သူများ ရာနှုန်းပြည့် တက်ရောက်နိုင်ရန်လိုကြောင်းနှင့် ကျောင်းသား၊ ကျောင်းသူများ၏ လုံခြုံရေး အတွက် လုံခြုံရေးဆိုင်ရာတာဝန်ရှိသူများ၊ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူ များအနေဖြင့် စနစ်တကျဝိုင်းဝန်း ဆောင်ရွက် ပေးမည်ဆိုပါက ကျောင်းသား၊ ကျောင်းသူများအနေဖြင့် လုံခြုံစိတ်ချစွာဖြင့် ပညာသင်ကြားနိုင်မည်ဖြစ်ကြောင်း။
- တိုင်းပြည်သာယာဝပြောရေးတွင် ပတ်ဝန်းကျင်ကောင်းများဖန်တီးပေးရန်လည်း လိုပြီး မြို့ရွာများအလိုက်၊ ဒေသအလိုက် လမ်းများသန့်ရှင်းသပ်ရပ်မှုရှိစေရေး၊ စာသင်ကျောင်းများ၊ ဆေးရုံများ၊ ဘုရားစေတီပုထိုးများ သန့်ရှင်းသာယာလှပမှုရှိ နေစေရေး၊ ရေနုတ်မြောင်းများ၊ ချောင်းများ၊ ရေမြောင်းများ ရေစီးရေလာ ကောင်းမွန်စေရေးတို့အတွက် အမြဲမပြတ်ဆောင်ရွက်နေရမည်ဖြစ်ကြောင်း။
- စည်ပင်သာယာရေးပိုင်းဆိုင်ရာဝန်ထမ်းများ၏ ဆောင်ရွက်မှုများသာမက လမ်း အလိုက်၊ ရပ်ကွက်အလိုက်၊ မြို့နယ်အလိုက် နေထိုင်ကြသည့် ဒေသခံများ တစ်ဦးချင်းစီအလိုက် စည်းကမ်းရှိမှုဖြင့် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်မှသာလျင် ဒေသသာယာလှပမှုကို ဖြစ်ပေါ်စေနိုင်မည်ဖြစ်ကြောင်း။
- ပတ်ဝန်းကျင်စိမ်းလန်းသာယာ လှပစိုပြည်စေရေးအတွက် သစ်ပင်ပန်းမန်များကို လည်း စနစ်တကျစိုက်ပျိုးကြရန်လိုကြောင်း၊ မိမိတို့မြို့နယ်၊ ဒေသနှင့် ကိုက်ညီ သည့် သစ်ပင်ပန်းမန်များ စိုက်ပျိုးရန်နှင့် လူနေရပ်ကွက်များရှိဝန်းခြံများအတွင်း သစ်ပင်ပန်းမန်များစိုက်ပျိုးနိုင်ရေး တာဝန်ရှိသူများအနေဖြင့် ကြပ်မတ် ဆောင်ရွက်သွားရန်လိုကြောင်း။
- အလားတူ ယာဉ်စည်းကမ်းလမ်းစည်းကမ်းနှင့် ပတ်သက်၍ ထိန်းသိမ်းကြပ်မတ် ရန် တာဝန်ရှိသူများအနေဖြင့် မိမိတို့တာဝန်ယူထားရသည့် ဒေသအလိုက် လမ်းမကြီးများဥပဒေနှင့်အညီ လမ်းအင်္ဂါရပ်များအတိုင်း စနစ်တကျရှိရန်၊ လမ်းညွှန်ဆိုင်းဘုတ်များ၊ အမှတ်အသားများ မှန်ကန်စွာရေးဆွဲထားရှိရန် လိုကြောင်း။
- စားရေရိက္ခာဖူလုံပေါများရေးနှင့်ပတ်သက်၍ အဓိကစားကုန်ဖြစ်သည့် ဆန်သည် မိမိတို့နိုင်ငံအတွက် ဖူလုံမှုရှိပြီးဖြစ်ပြီး ပြည်ပသို့လည်း နှစ်စဉ်တင်ပို့လျက်ရှိ ကြောင်း။
- အချို့တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ပန်းတိုင်ရည်မှန်းချက်အတိုင်း ထွက်ရှိမှု မရှိသည်ကိုတွေ့ရကြောင်း၊ ထို့ကြောင့် ပန်းတိုင်ရည်မှန်းချက်များ အတိုင်း ပြည့်မီအောင် ဆောင်ရွက်နိုင်မည်ဆိုပါက ပြည်တွင်းဆန်လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရုံသာမက ပြည်ပသို့လည်းပိုမိုတင်ပို့နိုင်မည်ဖြစ်ကြောင်း။
- ပြည်တွင်းဆီဖူလုံမှုနှင့်ပတ်သက်၍ မိမိတို့နိုင်ငံတွင် ဆီထွက်သီးနှံများဖြစ်သည့် မြေပဲ၊ နှမ်း၊ နေကြာ၊ ဆီအုန်း၊ ပဲပုပ် တို့ကိုအများစုစိုက်ပျိုးကြကြောင်း။
- အဆိုပါဆီထွက်သီးနှံများ အများဆုံးစိုက်ပျိုးသည့် တိုင်းဒေသကြီးနှင့် ပြည်နယ် များတွင် ပန်းတိုင်ရည်မှန်းချက်များအတိုင်း ထွက်ရှိစေရေး ဆောင်ရွက်မည် ဆိုပါက ပြည်တွင်းဆီဖူလုံမှုကို များစွာ အထောက်အကူပြုစေမည်ဖြစ်ကြောင်း။
- အခြေခံစားကုန်ပစ္စည်းများတွင် မဖြစ်မနေလိုအပ်သည့် အာလူး၊ ကြက် သွန်၊ ငရုတ်၊ ခရမ်းချဉ်နှင့် အခြားသီးနှံများကိုလည်း တိုင်းဒေသကြီးနှင့် ပြည်နယ် အလိုက် ဖူလုံမှုရှိအောင်ဆောင်ရွက်ရန်လိုကြောင်း။
- ပြည်တွင်းစားသုံးမှုဖူလုံမှုရှိပါက ပြည်ပသို့လည်း တင်ပို့ရောင်းချနိုင်မည်ဖြစ်ပြီး မိမိတို့နိုင်ငံမှထွက်ရှိသည့် အခြေခံစား ကုန်သီးနှံများကို ဝယ်ယူလိုသည့် ပြည်ပ ဈေးကွက်လိုအပ်ချက်များ များစွာရှိပြီးဖြစ်သည့်အတွက် အထွက်နှုန်းတိုးတက် ကောင်းမွန်အောင် ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း။
- အလားတူ စိုက်ပျိုးရေးလုပ်ငန်းများမှထွက်ရှိလာသည့် ထွက်ကုန်များ၊ စွန့်ပစ် ပစ္စည်းများဖြင့် တိရိစ္ဆာန်အစာပြုလုပ်၍ ကျွေးမွေးနိုင်ကြောင်း၊ စိုက်ပျိုးရေး လုပ်ငန်းနှင့် မွေးမြူရေးလုပ်ငန်းသည် ဆက်စပ်လျက်ရှိပြီး မိမိတို့သိရှိခြင်း မရှိသေးသည့် မွေးမြူရေးနည်းစနစ်များ၊ ကျွေးမွေးမှုနည်းစနစ်များကို စဉ်ဆက် မပြတ်လေ့လာခြင်းဖြင့် မွေးမြူရေးအထွက်နှုန်းတိုးတက်အောင် ဆောင်ရွက် နိုင်မည်ဖြစ်ကြောင်း။
- နိုင်ငံ့ GDP တိုးတက်ရေးနှင့်ဆက်စပ်မှုများဖြစ်သည့် စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းများကို အောင်မြင်အောင်ဆောင်ရွက်ခြင်းဖြင့် နိုင်ငံ၏ GDP တိုးတက် လာမည်ဖြစ်ကြောင်း။
- အခြေခံအကျဆုံးဖြစ်သည့် စိုက်ပျိုးရေးမွေးမြူရေးကို အောင်မြင်တိုးတက်အောင် ဆောင်ရွက်ခြင်းဖြင့် စက်မှုကဏ္ဍကြီး၊ ဝန်ဆောင်မှုကဏ္ဍကြီးတို့သည်လည်း အောင်မြင်တိုးတက်လာနိုင်မည်ဖြစ်ပြီး နိုင်ငံ၏ GDP သည်လည်း တိုးတက် လာမည်ဖြစ်ကြောင်း။
- မိမိတို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရ တာဝန်ယူဆောင်ရွက်ခဲ့သည့် ကာလတစ်လျှောက် ဝန်ကြီးဌာနအလိုက်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် တိုးတက်ပြောင်းလဲမှုဖြစ်ပေါ်စေရန် လုပ်ဆောင်ခဲ့သည်များ၊ တိုးတက်မှုများ၊ နိုင်ငံတော်အတွက် စွမ်းစွမ်းတမံကြိုးပမ်းဆောင်ရွက်ခဲ့သည်များရှိကြောင်း။
- ဥပမာအားဖြင့် မိမိတို့အစိုးရလက်ထက်တွင် နေပြည်တော်၌ Naypyitaw State Academy၊ နေပြည်တော် နည်းပညာတက္ကသိုလ်နှင့် အခြားတံတားများ၊ လမ်းများကို တည်ဆောက်ဖွင့်လှစ်ပေးနိုင်ခဲ့ကြောင်း။
- အကြမ်းဖက်ဖျက်ဆီးမှုနှင့် အဖျက်အမေှာင့်လုပ်ရပ်များကြောင့် ထိခိုက်ပျက်စီး နစ်နာမှုများကိုလည်း မှန်မှန်ကန်ကန်ဖြင့် စာရင်းပြုစုမှတ်တမ်းထားရှိရန်လို ကြောင်းနှင့် မှတ်တမ်းများသည် သမိုင်းပင်ဖြစ်ကြောင်း။
- မိမိတို့နိုင်ငံတွင် မှတ်တမ်းမှတ်ရာများ ရေးမှတ်မှုအားနည်းသဖြင့် အချို့သမိုင်း မှတ်တမ်းများသည် ပျောက်ပျက်မှုများရှိခဲ့သောကြောင့် မှတ်တမ်းတင်ပြုစုသည့် အလေ့အကျင့်ကို အလေးထားဆောင်ရွက်ကြရန် မှာကြားလိုကြောင်း။
- လုံခြုံရေးနှင့်ပတ်သက်၍လည်း အထူးဂရုပြုဆောင်ရွက်စေလိုကြောင်း၊ မိမိတို့ ဌာနအလိုက် လုံခြုံရေးဆိုင်ရာအချက်အလက်များ မပေါက်ကြားစေရန် အလေး ထားဆောင်ရွက်စေလိုကြောင်းနှင့် လုံခြုံရေးဆိုင်ရာအချက်အလက်များ ပေါက်ကြား အောင်ပြုလုပ်သူများကိုလည်း ဖော်ထုတ်၍ အရေးယူဆောင်ရွက်ရမည်ဖြစ် ကြောင်း။
- ကျောင်းနေ အရွယ်ကျောင်းသားလူငယ်များ စာဖတ်ခြင်းအလေ့အကျင့်ကောင်း များ ဖြစ်ပေါ်စေရန် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ စာဖတ်ခြင်းမှတစ်ဆင့် အသိပညာကောင်းများ ရရှိလာမည်ဖြစ်ပြီး နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး၊ နိုင်ငံတော် လုံခြုံရေးအတွက် ဆောင်ရွက်လိုသည့် အပြုသဘောဆောင်သည့် စိတ်ဓာတ်များ ရရှိလာမည်ဖြစ်ကြောင်း။
- နိုင်ငံ့အရေးကို စိတ်ဝင်စားသည့် လူငယ်များ၊ လုပ်ငန်းရှင်များရှိကြောင်း၊ ၎င်း တို့ကို လက်တွဲခေါ်၍ နိုင်ငံဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း။
- ဘဏ်များနှင့်ပတ်သက်၍ ဘဏ်စနစ်ကို ပြည်သူများယုံကြည်စိတ်ချစွာ အသုံးပြု နိုင်ရန် ဆောင်ရွက်ရမည်ဖြစ်ကြောင်း။
- ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက် ဖွင့်လှစ်ထားသည့် ဘဏ်များကိုလည်း စနစ်တကျစိစစ်ကြပ်မတ်ဆောင်ရွက်ရန်လည်း လိုအပ်ကြောင်းနှင့် ဥပဒေကို ကျော်လွန်၍ လုပ်ဆောင်မှုများရှိပါက နိုင်ငံ့စီးပွားရေးအတွက် အန္တရာယ်ရှိသဖြင့် စည်းမျဉ်းစည်းကမ်းနှင့်အညီဖြစ်စေရေး ဆောင်ရွက်ရမည်ဖြစ်ကြောင်း။
- INGO၊ NGO များ နှင့်ပတ်သက်၍လည်း အသင်းအဖွဲ့များစည်းကမ်းနှင့်အညီ စိစစ်ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ လူမှုအဖွဲ့အစည်းများကို အကြောင်းပြကာ စည်းကမ်းဖောက်ဖျက်မှုများရှိသဖြင့် INGO၊ NGO နှင့် ပတ်သက်၍ စိစစ် ဆောင်ရွက်ရန်လိုအပ်ကြောင်း။
- ပြည်ပနှင့် ပတ်သက်သည့်ကိစ္စရပ်များတွင် မိမိတို့အနေဖြင့် လွတ်လပ်၍ တက်ကြွပြီး ဘက်မလိုက်သော နိုင်ငံခြားရေးမူဝါဒနှင့်အညီ ကျင့်သုံးလျက်ရှိ ကြောင်းနှင့် ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးမူကြီး ၅ ရပ်ပေါ်တွင်အခြေခံ၍ နိုင်ငံအားလုံးနှင့် မိတ်ဝတ်မပျက်ဆက်ဆံရေးမူဝါဒကို ကျင့်သုံးလျက်ရှိကြောင်း၊
- ပြည်ပနိုင်ငံများနှင့်နယ်နိမိတ်ထိစပ်နေသည့် ပြည်နယ်နှင့်တိုင်းဒေသကြီးများ၊ ဆက်ဆံဆောင်ရွက်နေရသည့် ဝန်ကြီးဌာနများအနေဖြင့် နိုင်ငံတော်၏ နိုင်ငံခြား ရေးမူဝါဒနှင့်အညီ မှန်မှန်ကန်ကန်ဖြင့်ဆက်ဆံဆောင်ရွက်ရန်လိုအပ်ကြောင်း။
- ရွေးကောက်ပွဲနှင့်ပတ်သက်၍ ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းများဖြစ်သည့် လူဦး ရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းကို အောက်တိုဘာလ ဆန်းမှစတင်၍ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း။
- လုပ်ဆောင်၍ရသည့်နေရာတိုင်း၌ ဆောင်ရွက်သွားမည်ဖြစ်ပြီး လုပ်ဆောင်ရန် ကန့်သတ်ချက်ရှိသည့် နေရာများ၌လည်း အဖြစ်နိုင်ဆုံးကောက်ယူနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း။
- လိုအပ်ပါက အဆင့်နှစ်ဆင့်ဖြင့်ဆောင်ရွက်နိုင်ကြောင်း၊ အကြောင်းအမျိုးမျိုး ကြောင့် နေရပ်စွန့်ခွာသွားသူများကိုလည်း တိုင်းဒေသကြီးနှင့် ပြည်နယ် အလိုက် စာရင်းဇယားကောက်ယူစိစစ်ရမည်ဖြစ်ကြောင်း၊ ယင်းသို့ ဆောင်ရွက်မှသာ မဲစာရင်းများပြုစုရာတွင် မှန်ကန်မှုရှိမည်ဖြစ်ကြောင်း။
- လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူပြီးမှသာ မဲစာရင်းပြုစုခြင်းကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အဆင့်မြင့်ပညာ သင်ယူနေသည့် ကျောင်းသား၊ ကျောင်းသူများအပါအဝင် အရွယ်ရောက်ပြီး သူများအားလုံး ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ရွေးကောက်ပွဲဥပဒေတို့နှင့် ပတ်သက်၍ သိရှိစေရေး၊ ဥပဒေနှင့်အကျွမ်းတဝင်ဖြစ်စေရေးအတွက်လည်း အသိပညာပေး ခြင်းလုပ်ငန်းများကိုလည်း ဆောင်ရွက်ရမည်ဖြစ်ကြောင်း။
- မြို့ပြစီမံကိန်းများနှင့်ပတ်သက်၍လည်း မှတ်တမ်းထားရန်လည်း လိုအပ်ကြောင်း၊ ယခင်နှစ်များက မြို့ပြစီမံကိန်းများကို ပြည်ပနိုင်ငံများ၏ အကြံဉာဏ်များဖြင့် ဆောင်ရွက်ကြကြောင်း၊ စီမံကိန်းများ၊ မြေယာနှင့် မြေလွတ်မြေရိုင်းအသုံးချမှု များကိုလည်း တည်ဆဲဥပဒေနှင့်အညီဆောင်ရွက်ရန်လိုအပ်ကြောင်း ပြောကြားခဲ့ ပါသည်။
ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် ပြည်ထောင်စုဝန်ကြီး များက သက်ဆိုင်ရာကဏ္ဍအလိုက် ရှင်းလင်းတင်ပြခဲ့ကြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နိဂုံးချုပ် အမှာစကားပြောကြားရာတွင်-
- နိုင်ငံတော် အဆင့်ဆောင်ရွက်ရန် အခမ်းအနားကြီးနှစ်ခုရှိကြောင်း၊ ဆို၊ က၊ ရေး၊ တီး ပြိုင်ပွဲနှင့် အမျိုးသားအားကစားပြိုင်ပွဲများကို နိုင်ငံတော်အဆင့်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း။
- အမျိုးသားအားကစားပြိုင်ပွဲကျင်းပရာတွင်လည်း ခမ်းနားထည်ဝါမှုထက် အရည် အသွေးရှိရှိ၊ အဆင့်အတန်းရှိရှိယှဉ်ပြိုင်ကစားနိုင်သော အားကစား ပြိုင်ပွဲဖြစ်စေ လိုကြောင်း။
- ဆိုကရေးတီးပြိုင်ပွဲသည်မြန်မာ့ ယဉ်ကျေးမှုကို ထိန်းသိမ်းရန်နှင့် အမျိုးသားရေး စရိုက်လက္ခဏာကို ဖော်ကျူးရန်ပြုလုပ်ခြင်း ဖြစ်ကြောင်းနှင့် ၎င်းကိစ္စနှစ်ရပ်ကို လက်တွေ့အကောင်အထည်ဖော်ဆောင်နိုင်သော ပြိုင်ပွဲဖြစ်ရန်လိုကြောင်း။
- နိုင်ငံ့ဝန်ထမ်းများ၏ သက်သာချောင်ချိရေးအတွက်နိုင်ငံတော်မှ စီမံဆောင်ရွက် ပေးလျက်ရှိကြောင်း၊ နိုင်ငံ့ဝန်ထမ်းများအပါအဝင် အငြိမ်းစားဝန်ထမ်းများ၏ စား၊ ဝတ်၊ နေရေးအတွက် နိုင်ငံတော်မှတတ်နိုင်သလောက် စီမံဆောင်ရွက် ပေးရန် စီစဉ်လျက်ရှိကြောင်း။
- နိုင်ငံ့ဝန်ထမ်းများခန့်အပ်ရာတွင်လည်း လိုအပ်သည့်နေရာများတွင်သာ စိစစ် ခန့်အပ်စေလိုကြောင်း၊ နိုင်ငံဖွံ့ဖြိုးတိုးတက်စေရေးအတွက် အားသွန်ခွန်စိုက်ဖြင့် အားလုံးမှ ဝိုင်းဝန်းဆောင်ရွက်ကြစေလိုကြောင်းဖြင့် ပြောကြားပြီး အစည်း အဝေးကို ရုပ်သိမ်းခဲ့ပါသည်။
အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက် ကြပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်ဝန်ကြီးချုပ်များက Video Conferencing ဖြင့်တက်ရောက်ခဲ့ကြကြောင်းသိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၆-၆-၂၀၂၄)
- လုံခြုံရေးနှင့်ပတ်သက်၍ တာဝန်ရှိသူများအားလုံးအနေဖြင့် စနစ်တကျကြိုတင် ပြင်ဆင်ခြင်းနှင့် စနစ်တကျနေထိုင်ခြင်းများကို လုံခြုံရေးအသိ၊ လုံခြုံရေးသတိ ဖြင့် ဆောင်ရွက်ကြမည်ဆိုပါက လုံခြုံရေးကျိုးပေါက်မှုများ လျော့နည်းသွားမည် ဖြစ်။
- ကျောင်းဖွင့်လှစ်၍ရသည့် ဒေသများ၌ ကျောင်းတက်ရောက်သူများ ရာနှုန်းပြည့် တက်ရောက်နိုင်ရန်လိုကြောင်းနှင့် ကျောင်းသား၊ ကျောင်းသူများ၏ လုံခြုံရေး အတွက် လုံခြုံရေးဆိုင်ရာတာဝန်ရှိသူများ၊ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူ များအနေဖြင့် စနစ်တကျဝိုင်းဝန်း ဆောင်ရွက် ပေးမည်ဆိုပါက ကျောင်းသား၊ ကျောင်းသူများအနေဖြင့် လုံခြုံစိတ်ချစွာဖြင့် ပညာသင်ကြားနိုင်မည်ဖြစ်။
- ပတ်ဝန်းကျင်စိမ်းလန်းသာယာ လှပစိုပြည်စေရေးအတွက် သစ်ပင်ပန်းမန်များကို လည်း စနစ်တကျစိုက်ပျိုးကြရန်လိုကြောင်း၊ မိမိတို့မြို့နယ်၊ ဒေသနှင့် ကိုက်ညီ သည့် သစ်ပင်ပန်းမန်များ စိုက်ပျိုးရန်နှင့် လူနေရပ်ကွက်များရှိဝန်းခြံများအတွင်း သစ်ပင်ပန်းမန်များစိုက်ပျိုးနိုင်ရေး တာဝန်ရှိသူများအနေဖြင့် ကြပ်မတ် ဆောင်ရွက်သွားရန်လို။
- ယာဉ်စည်းကမ်းလမ်းစည်းကမ်းနှင့် ပတ်သက်၍ ထိန်းသိမ်းကြပ်မတ်ရန် တာဝန် ရှိသူများအနေဖြင့် မိမိတို့တာဝန်ယူထားရသည့် ဒေသအလိုက် လမ်းမကြီးများ ဥပဒေနှင့်အညီ လမ်းအင်္ဂါရပ်များအတိုင်း စနစ်တကျရှိရန်၊ လမ်းညွှန်ဆိုင်းဘုတ် များ၊ အမှတ်အသားများ မှန်ကန်စွာရေးဆွဲထားရှိရန်လို။
- ပြည်တွင်းစားသုံးမှုဖူလုံမှုရှိပါက ပြည်ပသို့လည်း တင်ပို့ရောင်းချနိုင်မည်ဖြစ်ပြီး မိမိတို့နိုင်ငံမှထွက်ရှိသည့် အခြေခံစား ကုန်သီးနှံများကို ဝယ်ယူလိုသည့် ပြည်ပ ဈေးကွက်လိုအပ်ချက်များ များစွာရှိပြီးဖြစ်သည့်အတွက် အထွက်နှုန်းတိုးတက် ကောင်းမွန်အောင် ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်။
- အခြေခံအကျဆုံးဖြစ်သည့် စိုက်ပျိုးရေးမွေးမြူရေးကို အောင်မြင်တိုးတက်အောင် ဆောင်ရွက်ခြင်းဖြင့် စက်မှုကဏ္ဍကြီး၊ ဝန်ဆောင်မှုကဏ္ဍကြီးတို့သည်လည်း အောင်မြင်တိုးတက်လာနိုင်မည်ဖြစ်ပြီး နိုင်ငံ၏ GDP သည်လည်း တိုးတက် လာမည်ဖြစ်။
- အကြမ်းဖက်ဖျက်ဆီးမှုနှင့် အဖျက်အမေှာင့်လုပ်ရပ်များကြောင့် ထိခိုက်ပျက်စီး နစ်နာမှုများကိုလည်း မှန်မှန်ကန်ကန်ဖြင့် စာရင်းပြုစုမှတ်တမ်းထားရှိရန်လို ကြောင်းနှင့် မှတ်တမ်းများသည် သမိုင်းပင်ဖြစ်။
- လုံခြုံရေးနှင့်ပတ်သက်၍လည်း အထူးဂရုပြုဆောင်ရွက်စေလို၊ မိမိတို့ဌာန အလိုက် လုံခြုံရေးဆိုင်ရာအချက်အလက်များ မပေါက်ကြားစေရန် အလေး ထားဆောင်ရွက်စေလိုကြောင်းနှင့် လုံခြုံရေးဆိုင်ရာအချက်အလက်များ ပေါက်ကြား အောင်ပြုလုပ်သူများကိုလည်း ဖော်ထုတ်၍ အရေးယူဆောင်ရွက်ရမည်ဖြစ်။
- ပြည်ပနှင့် ပတ်သက်သည့်ကိစ္စရပ်များတွင် မိမိတို့အနေဖြင့် လွတ်လပ်၍ တက်ကြွပြီး ဘက်မလိုက်သော နိုင်ငံခြားရေးမူဝါဒနှင့်အညီ ကျင့်သုံးလျက်ရှိ၊ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးမူကြီး ၅ ရပ်ပေါ်တွင်အခြေခံ၍ နိုင်ငံအားလုံး နှင့် မိတ်ဝတ်မပျက်ဆက်ဆံရေးမူဝါဒကို ကျင့်သုံးလျက်ရှိ။
Add new comment