မြန်မာအမျိုးသမီးများနေ့အခမ်းအနားတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြောကြားသည့် မိန့်ခွန်းကောက်နုတ်ချက်

၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၃ ရက်တွင်ကျရောက်ခဲ့သည့် မြန်မာအမျိုးသမီးများနေ့ အခမ်းအနားတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြောကြားသည့် မိန့်ခွန်းကောက်နုတ်ချက်မှာ-

  • ၂၀၁၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းအရ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ (၁)ရက်နေ့မှာရှိတဲ့ မြန်မာနိုင်ငံရဲ့ခန့်မှန်းလူဦးရေ ၅၆ ဒသမ ၂ သန်းအနက် အမျိုးသမီးပါဝင်မှုဟာ ၂၉ ဒသမ ၄ သန်းဖြစ်တဲ့အတွက် နိုင်ငံ့ လူဦးရေရဲ့ ထက်ဝက်ကျော်ဟာ အမျိုးသမီးများဖြစ်ကြောင်း။
  • မြန်မာ့သမိုင်းစဉ်တစ်လျှောက် အမျိုးသမီးတွေဟာ မြန်မာ့လွတ်လပ်ရေးသမိုင်း၊ အမျိုးသားရေးသမိုင်း၊ နိုင်ငံရေးလှုပ်ရှားမှု သမိုင်းစဉ်အဆက်ဆက်မှာ အမျိုးသား တွေနဲ့ရင်ပေါင်တန်းပြီး စွန့်လွှတ်အနစ်နာခံမှု၊ ရဲဝံ့စွန့်စားမှုများနဲ့ ပါဝင်ခဲ့ကြောင်း။
  • နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် နိုင်ငံတော်လုံခြုံရေး၊ ကာကွယ်ရေးလုပ်ငန်း တွေအပါအဝင် ဘက်ပေါင်းစုံ၊ ကဏ္ဍပေါင်းစုံ၊ နယ်ပယ်အသီးသီးမှာ ကာယအား၊ ဉာဏအားတွေနဲ့ စွမ်းစွမ်းတမံ သယ်ပိုးဆောင်ရွက်နေကြတဲ့ မြန်မာအမျိုးသမီး များရဲ့ အခန်းကဏ္ဍဟာ အလွန်ကြီးမားတယ်ဆိုတာ အားလုံးအသိပဲဖြစ်ကြောင်း။
  • သင်ကြားရေးတာဝန်ထမ်းဆောင်နေသူများကြည့်ရင် အမျိုးသမီးများအနေနဲ့ အခြေခံပညာမှာ ၈၃.၆၉ ရာခိုင်နှုန်း၊ အဆင့်မြင့်ပညာမှာ ၈၇.၈၉ ရာခိုင်နှုန်း၊ သိပ္ပံနဲ့နည်းပညာမှာ ၈၆.၂၃ ရာခိုင်နှုန်း၊ ဆေးနဲ့နှီးနွှယ်ပညာမှာ ၈၀.၃၉ ရာခိုင် နှုန်း သင်ကြားရေးတာဝန်ထမ်းဆောင်နေတဲ့အတွက် အမျိုးသမီးများ ပါဝင်မှု ပမာဏကြီးမားကြောင်း တွေ့ရှိရကြောင်း။
  • အဲဒီလိုပညာရည်မြင့်မားရေးနဲ့ လူငယ်များ ဗလငါးတန်ပြည့်ဝရေး၊ လူ့စွမ်းအား အရင်းအမြစ်များ ပြုစုပျိုးထောင်ရေးမှာ မိခင်များ၊ ဆရာမများဖြစ်ကြတဲ့ အမျိုး သမီးများရဲ့ အခန်းကဏ္ဍဟာအလွန်အရေးကြီးတဲ့အတွက် အလေးထားဆောင် ရွက်ပေးကြဖို့ တိုက်တွန်းမှာကြားလိုကြောင်း။
  • မြန်မာနိုင်ငံအနေနဲ့ စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုပန်းတိုင်မှာပါဝင်တဲ့ မျိုးဆက်ပွား ကျန်းမာရေးဆိုင်ရာ ရည်မှန်းချက်ဖြစ်တဲ့ မိခင်သေဆုံးမှုနှုန်း လျော့နည်းကျဆင်းရေး အတွက်  ဦးစားပေးဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ကိုယ်ဝန်ဆောင်စဉ်၊ မွေးဖွား စဉ်နဲ့ မွေးဖွားပြီးချိန်တစ်လျှောက်လုံး ကျန်းမာပျော်ရွှင်ပြီး ဘေးအန္တရာယ်ကင်းရှင်း တဲ့ မိခင်ဘဝရရှိစေဖို့ အလွန်အရေးကြီးကြောင်း။
  • အမျိုးသမီးများရဲ့အခွင့်အရေးများနဲ့ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုတွေကို ဥပဒေနဲ့အညီ အပြည့်အဝကာကွယ်စောင့်ရှောက်ပေးနိုင်ဖို့နဲ့ အကြမ်းဖက်မှုကျူး လွန်သူကို ထိရောက်စွာအရေးယူ ဆောင်ရွက်နိုင်ဖို့အတွက် တည်ဆဲဥပဒေများ နှင့်အညီ အလေးထားဆောင်ရွက်လျက်ရှိကြောင်း။
  • အာဆီယံဒေသတွင်း ကတိကဝတ်များနဲ့ ကုလသမဂ္ဂကချမှတ်ခဲ့တဲ့ စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုပန်းတိုင် (၅) ဖြစ်တဲ့ ကျား၊ မ တန်းတူ ညီမျှမှုရရှိရေး၊ အမျိုးသမီးများနဲ့ အမျိုးသမီးငယ်ရွယ်များအားလုံး စွမ်းပကားတိုးမြင့်စေရေးတို့နဲ့ သက်ဆိုင်တဲ့ လုပ်ငန်းစဉ်တွေမှာ ရည်မှန်းချက်ပန်းတိုင်ပြည့်မီဖို့ ဆက်လက်အလေးထား ကြိုး ပမ်းအကောင်အထည်ဖော် ဆောင်ရွက်သွားကြဖို့ တိုက်တွန်းမှာကြားလိုကြောင်း။
  • အမျိုးသမီးများ ကဏ္ဍမြင့်မားရေး၊ အမျိုးသားများနဲ့ ရင်ပေါင်တန်းပြီး တွဲလက်ညီညီ နဲ့ ဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုကြီး တည်ဆောက်ရေး အတွက် ကဏ္ဍစုံမှာ အင်တိုက်အားတိုက် ပူးပေါင်းပါဝင်နိုင်ဖို့နဲ့ တစ်ဦးချင်းစီမှသည် မိသားစုအတွင်း၊ ရပ်ရွာအတွင်း၊ နိုင်ငံအတွင်းဖွံ့ဖြိုးတိုးတက်ရေး ဆက်လက်ကြိုး ပမ်းဆောင်ရွက်ကြရန် တိုက်တွန်းပြောကြား သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၄-၇-၂၀၂၄)

 

 

  • သင်ကြားရေးတာဝန်ထမ်းဆောင်နေသူ အမျိုးသမီးများအနေနဲ့ အခြေခံပညာမှာ ၈၃.၆၉ ရာခိုင်နှုန်း၊ အဆင့်မြင့်ပညာမှာ ၈၇.၈၉ ရာခိုင်နှုန်း၊ သိပ္ပံနဲ့နည်းပညာမှာ ၈၆.၂၃ ရာခိုင်နှုန်း၊ ဆေးနဲ့နှီးနွှယ်ပညာမှာ ၈၀.၃၉ ရာခိုင်နှုန်း သင်ကြားရေးတာဝန် ထမ်းဆောင်နေတဲ့အတွက် အမျိုးသမီးများပါဝင်မှု ပမာဏကြီးမားကြောင်း တွေ့ရှိ။
  • အဲဒီလိုပညာရည်မြင့်မားရေးနဲ့ လူငယ်များ ဗလငါးတန်ပြည့်ဝရေး၊ လူ့စွမ်းအား အရင်းအမြစ်များ ပြုစုပျိုးထောင်ရေးမှာ မိခင်များ၊ ဆရာမများဖြစ်ကြတဲ့ အမျိုး သမီးများရဲ့ အခန်းကဏ္ဍဟာအလွန်အရေးကြီးတဲ့အတွက် အလေးထားဆောင် ရွက်ပေးကြဖို့ တိုက်တွန်းမှာကြားလို။
  • မြန်မာနိုင်ငံအနေနဲ့ စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုပန်းတိုင်မှာပါဝင်တဲ့ မျိုးဆက်ပွား ကျန်းမာရေးဆိုင်ရာ ရည်မှန်းချက်ဖြစ်တဲ့ မိခင်သေဆုံးမှုနှုန်း လျော့နည်းကျဆင်း ရေးအတွက်  ဦးစားပေးဆောင်ရွက်ပေးလျက်ရှိ၊ ကိုယ်ဝန်ဆောင်စဉ်၊ မွေးဖွားစဉ် နဲ့ မွေးဖွားပြီးချိန်တစ်လျှောက်လုံး ကျန်းမာပျော်ရွှင်ပြီး ဘေးအန္တရာယ်ကင်းရှင်း တဲ့ မိခင်ဘဝရရှိစေဖို့ အလွန်အရေးကြီး။
  • အာဆီယံဒေသတွင်း ကတိကဝတ်များနဲ့ ကုလသမဂ္ဂကချမှတ်ခဲ့တဲ့ စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုပန်းတိုင် () ဖြစ်တဲ့ ကျား၊ မ တန်းတူ ညီမျှမှုရရှိရေး၊ အမျိုးသမီးများနဲ့ အမျိုးသမီးငယ်ရွယ်များအားလုံး စွမ်းပကားတိုးမြင့်စေရေးတို့နဲ့ သက်ဆိုင်တဲ့ လုပ် ငန်းစဉ်တွေမှာ ရည်မှန်းချက်ပန်းတိုင်ပြည့်မီဖို့ ဆက်လက်အလေးထား ကြိုး ပမ်းအကောင်အထည်ဖော်ဆောင်ရွက်။
  • အမျိုးသမီးများ ကဏ္ဍမြင့်မားရေး၊ အမျိုးသားများနဲ့ ရင်ပေါင်တန်းပြီး တွဲလက်ညီညီ နဲ့ ဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုကြီး တည်ဆောက်ရေး အတွက် ကဏ္ဍစုံမှာ အင်တိုက်အားတိုက် ပူးပေါင်းပါဝင်နိုင်ဖို့နဲ့ တစ်ဦးချင်းစီမှသည် မိသားစုအတွင်း၊ ရပ်ရွာအတွင်း၊ နိုင်ငံအတွင်းဖွံ့ဖြိုးတိုးတက်ရေး ဆက်လက်ကြိုး ပမ်းဆောင်ရွက်။

 

Add new comment