နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ဇနီး ဒေါ်ကြူကြူလှ ၂၀၂၄ ခုနှစ် မြန်မာအမျိုးသမီးများနေ့အခမ်းအနားသို့ တက်ရောက်ချီးမြှင့်

          ၂၀၂၄ ခုနှစ် မြန်မာအမျိုးသမီးများနေ့အခမ်းအနားကို ဇူလိုင်လ ရက်တွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန - ၌ကျင်းပရာ မြန်မာ နိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ် ဂုဏ်ထူးဆောင်နာယက နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ဇနီး ဒေါ်ကြူကြူလှ တက်ရောက်ချီးမြှင့်ခဲ့ ပါသည်။

အခမ်းအနားတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က Video Message ဖြင့် အဖွင့်မိန့်ခွန်းပြောကြားခဲ့ပြီး  ၂၀၂၃ ခုနှစ်အတွင်း ကဏ္ဍအလိုက် ထူးချွန်အမျိုးသမီးဆုများကို ချီးမြှင့်ရာ မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ် ဂုဏ်ထူးဆောင်နာယက ဒေါ်ကြူကြူလှက ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)မှ အကောင်းဆုံးဗိုလ်လောင်းဆုရရှိသူ ဒုတိယဗိုလ် ဒေါ်ယုယုနိုင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ရေ) မှ အကောင်းဆုံးကျောင်းသားဆုရရှိသူ ဗိုလ်ဒေါ်ဖူးမော် သန်းနှင့် ကာကွယ်ရေးဦးစီးချုပ် (လေ) ချီးကျူးဂုဏ်ပြုဆုရရှိသူ ဗိုလ်ကြီးဒေါ်ဝါဝါမော်တို့ကို  ဂုဏ်ပြုဆုတံဆိပ်၊ ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့ပါသည်။

တာဝန်ရှိသူများက ထူးချွန်အမျိုးသမီး ရဲမေဆုရရှိသူ ဒုတိယရဲမှူးကြီး မိုးမိုးထွန်းနှင့် မသန်စွမ်းအမျိုးသမီး အားကစားထူးချွန်ဆုရရှိသူ မလော်လာဝင်း၊ ၂၀၂၃-၂၀၂၄ ပညာ သင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် တစ်နိုင်ငံလုံး၌ သိပ္ပံဘာသာတွဲနှင့် ဝိပ္ပံဘာသာတွဲ တို့တွင် အမှတ်အများဆုံးရရှိသူများ၊ ၂၀၂၄ ခုနှစ် မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ် အခြေခံပညာအထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိကြသူများ၊ အမျိုးသမီး စီးပွားရေးစွမ်းဆောင်ရှင်ဆုရရှိကြသူများကို ဂုဏ်ပြုဆုတံဆိပ်၊ ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုဆုငွေများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ပါသည်။

မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ တေးသံရှင်များက ၂၀၂၄ ခုနှစ် မြန်မာအမျိုးသမီး များနေ့ ဂုဏ်ပြုတေးသီချင်းဖြစ်သည့်အမျိုးသမီးကော်မတီသီချင်းဖြင့်လည်းကောင်း၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန အနုပညာဦးစီးဌာနမှ အနုပညာရှင်များကရွှေမြန်မာသာယာငြိမ်းချမ်းတေးသီချင်းနှင့်အတူ တိုင်းရင်းသားအကများဖြင့် ဖျော်ဖြေ တင်ဆက်ခဲ့ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၄-၇-၂၀၂၄)

  • ၂၀၂၄ ခုနှစ် မြန်မာအမျိုးသမီးများနေ့အခမ်းအနားသို့ မြန်မာနိုင်ငံအမျိုးသမီးရေးရာ အဖွဲ့ချုပ် ဂုဏ်ထူးဆောင်နာယက ဒေါ်ကြူကြူလှ တက်ရောက်ချီးမြှင့်ခဲ့။
  • အခမ်းအနားတွင် ၂၀၂၃ ခုနှစ်အတွင်း ကဏ္ဍအလိုက် ထူးချွန်အမျိုးသမီးဆုများ၊ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် တစ်နိုင်ငံလုံး၌ အမှတ် အများဆုံးရရှိသူများ၊ ၂၀၂၄ ခုနှစ် မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ် အခြေခံ ပညာအထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိကြသူများ၊ အမျိုးသမီး စီးပွားရေးစွမ်းဆောင်ရှင်ဆုရရှိကြသူများကို ဂုဏ်ပြုဆုတံဆိပ်၊ ဂုဏ်ပြုမှတ်တမ်း လွှာနှင့် ဂုဏ်ပြုဆုငွေများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့။

 

Add new comment