ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်း အရွယ်မရောက်သေးသူ ကလေးသူငယ်များအား စစ်မှုထမ်းခြင်းမှ ကာကွယ်တားဆီးထိန်းသိမ်းရေးကော်မတီအစည်းအဝေး (၁/၂၀၂၄)သို့ တက်ရောက်အမှာစကားပြောကြား

အရွယ်မရောက်သေးသူ ကလေးသူငယ်များအား စစ်မှုထမ်းခြင်းမှ ကာကွယ် တားဆီးထိန်းသိမ်းရေး ကော်မတီအစည်းအဝေး (၁/၂၀၂၄) ကို ဇူလိုင်လ ၃ ရက်တွင် ကာကွယ်ရေးဝန်ကြီးဌာန၏ အစည်းအဝေးခန်းမ၌ ကျင်းပရာ အရွယ်မရောက်သေးသူ ကလေးသူငယ်များအား စစ်မှုထမ်းခြင်းမှ ကာကွယ်တားဆီးထိန်းသိမ်းရေးကော်မတီ ဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်း တက်ရောက်အမှာ စကားပြောကြားရာ-

  • ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရနှင့် Country Task Force on Monitoring and Reporting (CTFMR) တို့ ပူးပေါင်းပြီး အရွယ်မရောက်သေးမီ မှားယွင်းစုဆောင်းခဲ့သည့် အသက်မပြည့်စစ်သည် ၁,၀၅၇ ဦးကို တပ်မတော်မှ နုတ်ထွက်ခွင့်ပြုကာ တပ်မတော်နှင့် UNCTFMR ပူးပေါင်းအဖွဲ့ဖြင့် မိဘအုပ် ထိန်းသူများထံ စနစ်တကျ ပြန်လည်လွှဲပြောင်းပေးခဲ့ပြီးဖြစ်ကြောင်း။
  • ၂၀၂၃ ခုနှစ်အတွင်း CTFMR မှ ပေးပို့ထားသည့် အသက်မပြည့် သံသယရှိသူ စစ်သည် ၉ ဦးအပါအဝင် ယခင်စာရင်းမှ ပယ်ဖျက်ပေးရန်ကျန် စုစုပေါင်း ၁၂၀ ဦးကို CTFMR သို့ ဆက်သွယ်၍ အမှုတွဲတိုက်ဆိုင်စစ်ဆေးပြီး မှန်ကန်ပါက နုတ်ထွက် ခွင့်ပြုနိုင်ရေးဆောင်ရွက်ရန်နှင့် မှန်ကန်မှုမရှိပါက စာရင်းမှပယ်ဖျက်ရေး ဆောင်ရွက် သွားမည်ဖြစ်ကြောင်း။
  • ၂၀၁၀ ပြည့်နှစ်တွင် ပြဋ္ဌာန်းခဲ့သည့် ပြည်သူ့စစ်မှုထမ်းဥပဒေအား ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ ရက်တွင် စတင်အကောင်အထည်ဖော် ကျင့်သုံးလျက်ရှိရာ ဥပဒေအရ ပြည်သူ့စစ်မှုထမ်းများဆင့်ခေါ်ရာတွင် အသက် ၁၈ နှစ်မပြည့်သူများ မပါရှိစေရေး ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့အသီးသီးမှ စနစ်တကျကြပ်မတ် ဆောင်ရွက်လျက်ရှိကြောင်း။
  • ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ ၂၀၂၃ ခုနှစ်အတွက် ကလေးသူငယ်များနှင့် လက်နက်ကိုင်ပဋိပက္ခဆိုင်ရာ အစီရင်ခံစာတွင် တပ်မတော်နှင့် ဆက်စပ်နေသည့် အဖွဲ့များနှင့် ပြည်သူ့စစ်တို့က ကလေးသူငယ် ၁,၁၀၂ ဦးကို စုဆောင်းခဲ့ပြီး ကြီး လေးသော ကျူးလွန်မှု ၆ ရပ်တို့ကို တပ်မတော်ကကျူးလွန်ကြောင်း စွပ်စွဲဖော်ပြ ထားသည်ကို တွေ့ရှိရကြောင်း။
  • ၂၀၂၃ ခုနှစ်အတွင်း CTFMR ကစုံစမ်းသည့် အသက်မပြည့်သူဟု သံသယရှိသူ စုစုပေါင်း ၉ ဦးသာရှိကြောင်း အကြောင်းကြားခဲ့သော်လည်း ယခုနှစ် အစီရင်ခံ စာတွင် အသက်မပြည့်သေးသူ ၁,၁၀၂ ဦးကို စစ်မှုထမ်းစေခဲ့သည်ဟု ချဲ့ကား ဖော်ပြထားသည်ကို တွေ့ရှိရပါသဖြင့် အဆိုပါအစီရင်ခံစာကို ကန့်ကွက်ကြောင်းနှင့် တုံ့ပြန်သည့် အချက်အလက်များကို ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ ကလေး သူငယ်များနှင့် လက်နက်ကိုင်ပဋိပက္ခဆိုင်ရာအထူးကိုယ်စားလှယ်ရုံးသို့ ပေးပို့ခဲ့ပြီး ဖြစ်သည့်အပြင် နိုင်ငံပိုင်၊ ရုပ်မြင်သံကြား၊ သတင်းစာများတွင် တရားဝင်သတင်း ထုတ်ပြန်ခဲ့ပြီးဖြစ်ကြောင်း ပြောကြားခဲ့။

အစည်းအဝေးတက်ရောက်လာကြသည့် တာဝန်ရှိသူများက အရွယ်မရောက် သေးသူ ကလေးသူငယ်များအား စစ်မှုထမ်းဆောင်ခြင်းမှ ကာကွယ်တားဆီးထိန်းသိမ်း ရေးလုပ်ငန်းနှင့်ပတ်သက်၍ ဖွဲ့စည်းထားသည့် လုပ်ငန်းအဖွဲ့များမှ လုပ်ငန်းတာဝန်များ အပေါ် အကောင်အထည်ဖော်ဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းတင်ပြခြင်း၊ ရှေ့လုပ်ငန်းစဉ်များအပေါ် သက်ဆိုင်ရာကဏ္ဍအလိုက် ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်မည့်အခြေအနေများကို ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၄-၇-၂၀၂၄)

  • ၂၀၂၃ ခုနှစ်အတွင်း CTFMR မှ ပေးပို့ထားသည့် အသက်မပြည့် သံသယရှိသူ စစ်သည် ဦးအပါအဝင် ယခင်စာရင်းမှ ပယ်ဖျက်ပေးရန်ကျန် စုစုပေါင်း ၁၂၀ ဦးကို CTFMR သို့ ဆက်သွယ်၍ တိုက်ဆိုင်စစ်ဆေးပြီး မှန်ကန်ပါက နုတ်ထွက်ခွင့်ပြုနိုင် ရေးဆောင်ရွက်မည်ဖြစ်။
  • ပြည်သူ့စစ်မှုထမ်းများဆင့်ခေါ်ရာတွင် အသက် ၁၈ နှစ်မပြည့်သူများ မပါရှိစေရေး ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့အသီးသီးမှ စနစ်တကျကြပ်မတ် ဆောင်ရွက်လျက်ရှိ။
  • ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ ကလေးသူငယ်များနှင့် လက်နက်ကိုင်ပဋိပက္ခ ဆိုင်ရာအစီရင်ခံစာတွင် တပ်မတော်နှင့် ဆက်စပ်နေသည့် အဖွဲ့များနှင့် ပြည်သူ့စစ် တို့က ကလေးသူငယ် ,၁၀၂ ဦးကို စုဆောင်းခဲ့ဟု စွပ်စွဲဖော်ပြထား။

 

 

 

 

 

 

 

 

 

 

 

 

 

Add new comment