နိုင်ငံတစ်ဝန်းလုံးရှိ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါသော ပူးပေါင်းအဖွဲ့များသည် မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားခြင်းများကို ဖမ်းဆီးရေးနှင့် တားဆီးနှိမ်နင်းရေးလုပ်ငန်းများကို အရှိန်မြှင့်တင်ဆောင်ရွက်လျက်ရှိရာ-
- ဇွန်လ ၂၅ ရက်တွင် နေပြည်တော်ကောင်စီနယ်မြေ၊ လယ်ဝေးမြို့နယ်ရှိ တောင် စဉ်အေးစစ်ဆေးရေးစခန်းတွင် ပျဉ်းမနားဘက်မှ ရေနီဘက်သို့ မောင်းနှင်လာသည့် LIGHT TRUCK မော်တော်ယာဉ်ကို သတင်းအရရှာဖွေရာ ကာလဒေသတန်ဖိုး ငွေကျပ် ၂၀ ဒသမ ၁၆ ဘီလီယံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၃ ဒသမ ၄၄ သန်းအား တရားခံ ၂ ဦးနှင့်အတူ သိမ်းဆည်းရမိခဲ့။
- စစ်ဆေးဖော်ထုတ်ချက်များအရ မူးယစ်ဆေးဝါးသယ်ဆောင်ရာတွင် ပူးပေါင်း ပါဝင်သူ ၇ ဦးအား NISSAN BOX မော်တော်ယာဉ်တစ်စီး၊ TOYOTA WILL မော်တော်ယာဉ်တစ်စီး၊ TOYOTA ESTIMA မော်တော်ယာဉ်တစ်စီးနှင့်အတူ ထပ်မံ ဖမ်းဆီးရမိခဲ့ပြီး ၎င်းမူးယစ်ဆေးဝါးများအား ရှမ်းပြည်နယ်မှ ရန်ကုန်တိုင်းဒေသကြီးသို့ ဂိုဏ်းဖွဲ့သယ်ဆောင်ခြင်းဖြစ်ကြောင်း သိရှိရ။
တာဝန်ရှိသူများက ဖမ်းဆီးရမိတရားခံအား ဥပဒေနှင့်အညီ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှု ကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်းနှင့် အမှုတွင်ဆက်စပ်ပါဝင်သူများ၏ ပိုင်ဆိုင်မှုများကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းနိုင် ရေးအတွက် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေဖြင့် အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၄-၇-၂၀၂၄)
- လယ်ဝေးမြို့နယ်တွင် ကာလဒေသတန်ဖိုးငွေကျပ် ၂၀ ဒသမ ၁၆ ဘီလီယံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၃ ဒသမ ၄၄ သန်းအား တရားခံ ၉ ဦးနှင့်အတူ သိမ်းဆည်း ရမိခဲ့။
Add new comment