ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း မိုးသည်းထန်စွာရွာသွန်းမှု ကြောင့် ဧရာဝတီမြစ်ရေမြင့်တက်လာပြီး ဗန်းမော်မြို့နယ်၊ ရွှေကူမြို့နယ်နှင့် ခန္တီးမြို့နယ် အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများအတွင်း၌ ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့ရာ-
- ဇူလိုင်လ ၂ ရက်တွင် ဗန်းမော်မြို့နယ်အတွင်း မြစ်ရေဝင်ရောက်လျက်ရှိသည့် ရပ်ကွက်၊ ကျေးရွာများမှ ရေဘေးသင့်ပြည်သူ အိမ်ထောင်စု ၄,၃၉၉ စု၊ လူဦးရေ ၂၂,၃၆၁ ဦးတို့အားလည်းကောင်း။
- ဇူလိုင်လ ၂ ရက်တွင် ရွှေကူမြို့နယ်အတွင်း မြစ်ရေဝင်ရောက်လျက်ရှိသည့် ရပ်ကွက်၊ ကျေးရွာများမှ ရေဘေးသင့်ပြည်သူ အိမ်ထောင်စု ၁၁၀ စု၊ လူဦးရေ ၄၉၂ ဦးတို့အားလည်းကောင်း။
- ဇူလိုင်လ ၂ ရက်တွင် ခန္တီးမြို့နယ်အတွင်းရှိ မြစ်ရေဝင်ရောက်မှုဖြစ်ပေါ်လျက် ရှိသည့် ရပ်ကွက်၊ ကျေးရွာများမှ ရေဘေးသင့်ပြည်သူ အိမ်ထောင်စု ၁၈၈ စု၊ လူဦးရေ ၆၅၈ ဦးတို့အားလည်းကောင်း။
နယ်မြေခံတပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများက ရေဘေးလွတ်ရာသို့ ကူညီရွှေ့ပြောင်းပေးခြင်း၊ သောက်ရေသန့်၊ စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးခြင်း၊ ကျန်းမာရေးစောင့် ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခြင်းနှင့် လိုအပ်သည့်ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေး လျက်ရှိကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၄-၇-၂၀၂၄)
- ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ရပ်ကွက်၊ ကျေးရွာများမှ ရေဘေးသင့်ပြည်သူများအား နယ်မြေခံတပ်မတော်သားများက ရေဘေးကင်း လွတ်ရာသို့ ကူညီရွှေ့ပြောင်းပေးပြီး တာဝန်ရှိသူများက စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ခဲ့။
Add new comment