အကြမ်းဖက်သောင်းကျန်းသူများသည် ဇူလိုင်လ ၃ ရက်တွင် ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လားရှိုးမြို့အတွင်းသို့ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အဆိုပါ ဒုံးသီးများသည် လားရှိုးမြို့၊ ရပ်ကွက် (၁)၊ နယ်မြေ(၃)၊ သာယာလမ်းပေါ်ရှိ လူနေအိမ် ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် အသက် (၁၂)နှစ်နှင့် (၁၄)နှစ်အရွယ် ကလေး ၃ ဦး နှင့် ဒေသခံပြည်သူ အမျိုးသား ၁ ဦး၊ အမျိုးသမီး ၂ ဦး၊ စုစုပေါင်း ၆ ဦးသေဆုံးခဲ့ပါသည်။
ညနေ ၄ နာရီခွဲခန့်တွင်လည်း အကြမ်းဖက်သောင်းကျန်းသူများက ရှော့တိုက်ဒုံး များဖြင့် ထပ်မံပစ်ခတ်ခဲ့မှုကြောင့် လားရှိုးမြို့၊ ရပ်ကွက်(၅)၊ နယ်မြေ(၁)ရှိ ပန်အုပ် ဘုန်းကြီးကျောင်းဝန်းအတွင်း ရှော့တိုက်ဒုံးသီး ၁ လုံးကျရောက်ပေါက်ကွဲခဲ့ရာ အမျိုးသား ၄ ဦး၊ အမျိုးသမီး ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ရှော့တိုက်ဒုံးသီး ၁ လုံးသည် ရပ်ကွက်(၄)၊ နယ်မြေ(၃)ရှိ လူနေအိမ်သို့ကျရောက်ပေါက်ကွဲခဲ့ရာ အမျိုးသား ၁ ဦးသေဆုံးကာ အမျိုးသမီး ၁ ဦး၊ ကလေး ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရပါသည်။
အကြမ်းဖက်သောင်းကျန်းသူများ၏ ယခုကဲ့သို့ စစ်ရေးနှင့်မသက်ဆိုင်ဘဲ အေးချမ်းစွာ နေထိုင်လျက်ရှိသည့် ဒေသခံပြည်သူများ၏ မြို့/ရွာများအတွင်းသို့ အသက်အန္တရာယ် ထိခိုက်သေကြေသည်အထိ ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တိုက်ခိုက်ခဲ့မှုသည် စစ်ရာဇဝတ်မှု (War Crime) ကို ကျူးလွန်ခြင်းဖြစ်ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များက အကြမ်းဖက်ချေမှုန်း ရေးစစ်ဆင်ရေး(Counter – Terrorism Operation)ကို ပြည်သူများနှင့် ပူးပေါင်း၍ တိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၄-၇-၂၀၂၄)
- လားရှိုးမြို့အတွင်းသို့ အကြမ်းဖက်သောင်းကျန်းသူများက ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် လူနေအိမ်များပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ရာ အသက်(၁၂)နှစ်နှင့် (၁၄)နှစ်အရွယ် ကလေး ၃ ဦး အပါအဝင် ဒေသခံပြည်သူ ၇ ဦး သေဆုံးခဲ့ပြီး ကလေး ၁ ဦး အပါအဝင် ဒေသခံပြည်သူ ၉ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့။
Add new comment