ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်နှင့် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း တို့သည် ဗန်ကောက်မြို့အခြေစိုက် ကုလသမဂ္ဂစီမံကိန်းဝန်ဆောင်မှုရုံး (UNOPS) ၏ အာရှဒေသဆိုင်ရာ ညွှန်ကြားရေးမှူး Mr. Sanjay Mathur နှင့်အဖွဲ့အား ဇူလိုင်လ ၂ ရက်တွင် နေပြည်တော်ရှိ သက်ဆိုင်ရာဝန်ကြီးဌာနတို့၌ လက်ခံတွေ့ဆုံခဲ့ပါသည်။
- ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး နှင့်တွေ့ဆုံစဉ် မြန်မာနိုင်ငံနှင့် ကုလသမဂ္ဂစီမံကိန်းဝန်ဆောင်မှုရုံး (UNOPS) တို့ အကြား လက်ရှိဆောင်ရွက်နေသည့်ကိစ္စရပ်များနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက် မည့်ကိစ္စရပ်များကို အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့။
- ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့်တွေ့ဆုံစဉ် ကျန်းမာရေးဝန်ကြီးဌာန နှင့် UNOPS အဖွဲ့တို့မှ စီမံခန့်ခွဲမှုဆောင်ရွက်နေသည့် Global Fund ရန်ပုံငွေအဖွဲ့၏ တီဘီ၊ HIV နှင့် ငှက်ဖျားရောဂါကာကွယ်တိုက်ဖျက်ရေးလုပ်ငန်းပူးပေါင်းဆောင်ရွက် နေသည့်ကိစ္စရပ်များ၊ ရန်ပုံငွေအသုံးပြုမှုဆိုင်ရာကိစ္စရပ်များ၊ ရန်ပုံငွေများအား မသက် ဆိုင်သည့် အဖွဲ့အစည်းများနှင့် အကြမ်းဖက်လုပ်ငန်းဆောင်ရွက်နေသူများထံ မရောက်ရှိစေရေး ကြီးကြပ်ဆောင်ရွက်ရန်ကိစ္စများနှင့် ရှေ့ဆက်လက်ပူးပေါင်း ဆောင်ရွက်ရေးကိစ္စရပ်များကို ဆွေးနွေးခဲ့။
တွေ့ဆုံပွဲများသို့ ပြည်ထောင်စုဝန်ကြီးများနှင့်အတူ ဒုတိယဝန်ကြီးများ၊ ညွှန်ကြား ရေးမှူးချုပ်များ၊ အမြဲတမ်းအတွင်းဝန်များ၊ သက်ဆိုင်ရာတာဝန်ရှိသူများနှင့် UNOPS တို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၃-၇-၂၀၂၄)
- ပြည်ထောင်စုဝန်ကြီးများ ကုလသမဂ္ဂစီမံကိန်းဝန်ဆောင်မှုရုံး၏ အာရှဒေသဆိုင် ရာ ညွှန်ကြားရေးမှူးအား လက်ခံတွေ့ဆုံခဲ့ပြီး မြန်မာနိုင်ငံနှင့် ကုလသမဂ္ဂစီမံကိန်း ဝန်ဆောင်မှုရုံးတို့အကြား Global Fund ရန်ပုံငွေအဖွဲ့၏ တီဘီ၊ HIV နှင့် ငှက်ဖျား ရောဂါကာကွယ်တိုက်ဖျက်ရေးလုပ်ငန်း ပူးပေါင်းဆောင်ရွက်နေသည့်ကိစ္စရပ်များ၊ ရန်ပုံငွေများအား မသက်ဆိုင်သည့်အဖွဲ့အစည်းများနှင့် အကြမ်းဖက်လုပ်ငန်း ဆောင်ရွက်နေသူများထံ မရောက်ရှိစေရေး ကြီးကြပ်ဆောင်ရွက်ရန်ကိစ္စများနှင့် ရှေ့ဆက်လက်ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များကို ဆွေးနွေးခဲ့။
Add new comment