ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း မိုးသည်းထန်စွာရွာသွန်းမှု ကြောင့် ဧရာဝတီမြစ်ရေမြင့်တက်လာပြီး မြစ်ကြီးနားမြို့နယ်နှင့် ခန္တီးမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများအတွင်း၌ ရေကြီးရေလျှံမှုများဖြစ်ပေါ်ခဲ့ရာ-
- ဇွန်လ ၃၀ ရက်တွင် နယ်မြေခံတပ်မတော်သားများက မြစ်ကြီးနားမြို့၊ ပမ္မတီး ရပ်ကွက်၊ ရေကြည်ကျေးရွာအတွင်းသို့ ရေဝင်ရောက်မှုများ ဖြစ်ပေါ်ခဲ့သည့် ရေဘေး သင့်ပြည်သူ အိမ်ထောင်စု ၁၅၀ ခန့်၊ လူဦးရေ ၃၈၀ ခန့်တို့အားလည်းကောင်း။
- ဇူလိုင်လ ၁ ရက်တွင် မြစ်ကြီးနားမြို့နယ်အတွင်း မြစ်ရေဝင်ရောက်လျက်ရှိသည့် ရပ်ကွက်၊ ကျေးရွာများမှ ပြည်သူများအားလည်းကောင်း။
- ဇူလိုင်လ ၂ ရက်တွင် ခန္တီးမြို့နယ်အတွင်းရှိ မြစ်ရေဝင်ရောက်မှုဖြစ်ပေါ်လျက် ရှိသည့် ရပ်ကွက်၊ ကျေးရွာများမှ ရေဘေးသင့်ပြည်သူ အိမ်ထောင်စု ၁၈၈ စု၊ လူဦးရေ ၆၅၈ ဦးတို့အားလည်းကောင်း နယ်မြေခံတပ်မတော်သားများ၊ မြန်မာ နိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများက ရေဘေး လွတ်ရာသို့ ကူညီရွှေ့ပြောင်းပေးခြင်း၊ သောက်ရေသန့်၊ စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးခြင်း၊ ကျန်းမာရေးစောင့် ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေး ခြင်းနှင့် လိုအပ်သည့်ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိ။
ထိုသို့ ဆောင်ရွက်ပေးနေမှုများကို ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးပြီး ဌာနဆိုင်ရာများနှင့် လူမှုကူညီရေးအသင်းအဖွဲ့များက ရေဘေးရှောင်မိသားစုများအတွက် နေ့လည်စာထမင်းဘူးများကို စက်လှေများဖြင့် လိုက်လံ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၃-၇-၂၀၂၄)
- ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ရပ်ကွက်၊ ကျေးရွာများမှ ရေဘေးသင့်ပြည်သူများအား နယ်မြေခံတပ်မတော်သားများက ရေဘေးကင်း လွတ်ရာသို့ ကူညီရွှေ့ပြောင်းပေးပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ခဲ့။
Add new comment