မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်က ကုလသမဂ္ဂလူ့အခွင့်အရေး ကောင်စီ၏ မြန်မာနိုင်ငံနှင့်စပ်လျဉ်းသည့် အစီရင်ခံစာနှင့် မြန်မာအမျိုးသမီးများနေ့တို့နှင့်ပတ်သက်၍ သတင်းထုတ်ပြန်

          မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်သည် ကုလသမဂ္ဂလူ့အခွင့်အရေး ကောင်စီ၏ (၅၆) ကြိမ်မြောက် အစည်းအဝေး၌ မြန်မာနိုင်ငံနှင့်စပ်လျဉ်း၍ တင်သွင်းခဲ့ သည့် အစီရင်ခံစာနှင့်ပတ်သက်၍လည်းကောင်း၊ ဇူလိုင်လ ၃ ရက်တွင် ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့်လည်းကောင်း သတင်းထုတ်ပြန် ခဲ့ပါသည်။

  • ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ၏ အစီရင်ခံစာတွင် အပြည်ပြည်ဆိုင်ရာ ဘဏ်များ၊ ပြည်တွင်းနိုင်ငံပိုင်ဘဏ်နှင့် ပုဂ္ဂလိကဘဏ်အချို့အား အရေးယူ ပေးရန် ဖော်ပြထားသည်နှင့်ပတ်သက်၍ ဈေးကွက်စီးပွားရေးစနစ်ကို ကျင့်သုံး သောနိုင်ငံများတွင် ဘဏ်များ၏အခန်းကဏ္ဍသည် အဓိကကျပြီး လူအများ၏ နေ့စဉ် လူမှုစီးပွားဘဝနှင့် ပြည်တွင်းပြည်ပ ကုန်သွယ်မှုများတွင် အားထားရ သည့် ဘဏ်များအား ပိတ်ဆို့အရေးယူဆောင်ရွက်ခြင်းသည် ပြည်သူများ၏ စီးပွားရေး အခွင့်အလမ်းများနှင့် နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်မှုအပေါ် ထိခိုက်နစ်နာ မှုများစွာ ဖြစ်ပေါ်စေနိုင်သည်ကို ကော်မရှင်အနေဖြင့် သုံးသပ်မိကြောင်း။
  • လူ့အခွင့်အရေးမြှင့်တင်ရေးနှင့်စပ်လျဉ်း၍ ကော်မရှင်ဥပဒေနှင့်အညီ အမျိုးသမီး များ၏ အခွင့်အရေးနှင့်ပတ်သက်သော တိုင်တန်းချက်များ စိစစ် ဆောင်ရွက် ခြင်း၊ အကျဉ်းထောင်များ၊ ဘိုးဘွားရိပ်သာ၊ အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေး ဌာနများသို့ သွားရောက်စစ်ဆေးလျက်ရှိပြီး သက်ဆိုင်ရာဌာနများသို့ အကြံပြု ချက်များပေးပို့ကာ အမျိုးသမီးအခွင့်အရေးများကို ကာကွယ်စောင့်ရှောက် ပေးလျက်ရှိကြောင်း။

၂၀၂၄ ခုနှစ်အတွက် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ဆောင်ပုဒ်မှာ “Invest in Women: Accelerate Progress” “အရှိန်အဟုန်ဖြင့် တိုးတက်ရေး အမျိုးသမီးများတွင် မြှုပ်နှံပေး” ဖြစ်ရာ နိုင်ငံ၏လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် ကဏ္ဍစုံ၊ နယ်ပယ်စုံတွင် အမျိုးသမီးများပါဝင်မှုကို မြှင့်တင်ဖော်ဆောင်ကြပါရန် တိုက်တွန်းလျက်ရှိကြောင်း သတင်းထုတ်ပြန်ထားပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၃-၇-၂၀၂၄)

  • ဈေးကွက်စီးပွားရေးစနစ်ကို ကျင့်သုံးသောနိုင်ငံများတွင် ဘဏ်များ၏အခန်းကဏ္ဍ သည် အဓိကကျပြီး လူအများ၏နေ့စဉ် လူမှုစီးပွားဘဝနှင့် ပြည်တွင်းပြည်ပကုန်သွယ်မှုများတွင် ဘဏ်ဝန်ဆောင်မှုများကို အားထားဆောင်ရွက်လျက်ရှိ။
  • ဘဏ်များအားပိတ်ဆို့အရေးယူဆောင်ရွက်ခြင်းသည် ပြည်သူများ၏ စီးပွားရေး အခွင့်အလမ်းများနှင့် နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်မှုအပေါ် ထိခိုက်နစ်နာမှုများစွာ ဖြစ်ပေါ်စေနိုင်ကြောင်း ကော်မရှင်အနေဖြင့် သုံးသပ်ခဲ့။
  • ကော်မရှင်ဥပဒေနှင့်အညီ အမျိုးသမီးများ၏ အခွင့်အရေးနှင့်စပ်လျဉ်းသည့် တိုင်တန်းချက်များ စိစစ်ဆောင်ရွက်ခြင်း၊ အကျဉ်းထောင်များ၊ ဘိုးဘွားရိပ်သာ၊ အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေးဌာနများသို့ သွားရောက်စစ်ဆေးလျက်ရှိပြီး သက်ဆိုင်ရာဌာနများသို့ အကြံပြုချက်များပေးပို့ကာ အမျိုးသမီးအခွင့်အရေးများကို ကာကွယ်စောင့်ရှောက်ပေးလျက်ရှိ။

Add new comment