ရုရှားဖက်ဒရေးရှင်းနိုင်ငံ ရှေ့နေချုပ်၏ဖိတ်ကြားချက်အရ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦး ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ သည် မော်စကိုမြို့သို့ သွားရောက်၍ ရုရှားဖက်ဒရေးရှင်းနိုင်ငံ ရှေ့နေချုပ် H.E. Mr. IGOR KRASNOV နှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။ အဆိုပါတွေ့ဆုံပွဲတွင် ဥပဒေရေးရာဝန်ကြီး ဌာနနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ရှေ့နေချုပ်ရုံးတို့အကြား ၂၀၂၄-၂၀၂၅ ခုနှစ်အတွင်း ပူးပေါင်းဆောင်ရွက်မည့် အစီအစဉ်များကို အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြပါသည်။
ဥပဒေရေးရာဝန်ကြီးဌာနနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ရှေ့နေချုပ်ရုံးတို့အကြား ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာစာချွန်လွှာအရ အကောင်အထည်ဖော် ဆောင်ရွက်မည့် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ အစီအစဉ် (၂၀၂၄-၂၀၂၅) စတင်အကောင်အထည်ဖော် ဆောင်ရွက်သည့်အနေဖြင့် နှစ်နိုင်ငံဥပဒေရေးရာ စကားဝိုင်းဆွေးနွေးပွဲ အစီအစဉ်ကို ဥပဒေရေးရာဝန်ကြီးဌာနနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ရှေ့နေချုပ်ရုံးတို့၏ ဖွဲ့စည်းပုံ၊ ရည်ရွယ်ချက်နှင့် လုပ်ငန်းဆောင်ရွက်ချက်များ ခေါင်းစဉ်ဖြင့် ကျင်းပခဲ့ပါသည်။
အဆိုပါစကားဝိုင်းဆွေးနွေးပွဲတွင် ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦးက-
- ဥပဒေရေးရာဝန်ကြီးဌာနသည် မဟာဗျူဟာစီမံချက်များကို ချမှတ်အကောင် အထည်ဖော်လျက်ရှိရာ ၂၀၁၅ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိ တရားဥပဒေစိုးမိုးရေး ဆီသို့ ခေါင်းစဉ်ဖြင့် ရည်မှန်းချက် ၄ ရပ်ကို ချမှတ်အကောင်အထည်ဖော်ခဲ့ပြီး ၂၀၂၀ ခုနှစ်မှ ၂၀၂၄ ခုနှစ်အထိ တရားမျှတရေးအတွက် ဥပဒေဝန်ဆောင်မှုများ ပေးခြင်း ခေါင်းစဉ်ဖြင့် ရည်မှန်းချက် ၅ ရပ်ကို ချမှတ်ဆောင်ရွက်လျက်ရှိကြောင်း။
- ဥပဒေရေးရာဝန်ကြီးဌာနနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ရှေ့နေချုပ်ရုံးတို့အကြား ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ စာချွန်လွှာအရ ဥပဒေရေးရာစနစ်များ၊ ဥပဒေပြု ရေးဆိုင်ရာ အတွေ့အကြုံနှင့် သတင်းအချက်အလက်ဖလှယ်ခြင်းတို့တွင် အမြင်ချင်း ဖလှယ် ဆောင်ရွက်နိုင်ရန် ဆွေးနွေးပွဲများ၊ အလုပ်ရုံဆွေးနွေးပွဲများနှင့် မျက်နှာစုံညီ ဆွေးနွေးပွဲများ၊ ကျွမ်းကျင်သူများ အပြန်အလှန် ဖလှယ်မှုများဖြင့် နှစ်နိုင်ငံ အဖွဲ့ အစည်းနှစ်ရပ်အကြား ပိုမိုပူးပေါင်းဆောင်ရွက်သွားနိုင်မည်ဖြစ်ကြောင်း ပြောကြား ခဲ့ပါသည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဥပဒေရေးရာဝန်ကြီးဌာနနှင့် ရုရှားဖက်ဒရေးရှင်း နိုင်ငံ တရားရေးဝန်ကြီးဌာနတို့အကြား ဥပဒေရေးရာကိစ္စရပ်များ ပူးပေါင်းဆောင် ရွက်ရေးဆိုင်ရာစာချွန်လွှာနှင့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဥပဒေရေးရာ ဝန်ကြီးဌာနနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ရှေ့နေချုပ်ရုံးတို့အကြား ပူးပေါင်းဆောင်ရွက် ရေးဆိုင်ရာ စာချွန်လွှာကို ၂၀၂၃ ခုနှစ်တွင် လက်မှတ်ရေးထိုးခဲ့ပြီး ဥပဒေရေးရာကိစ္စရပ် များတွင် ပူးပေါင်းဆောင်ရွက်မှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၃-၇-၂၀၂၄)
- စကားဝိုင်းဆွေးနွေးပွဲတွင် ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦးက ဥပဒေရေးရာဝန်ကြီးဌာနနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ရှေ့နေချုပ်ရုံးတို့အကြား ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ စာချွန်လွှာအရ ဥပဒေရေးရာစနစ်များ၊ ဥပဒေပြုရေးဆိုင်ရာ အတွေ့အကြုံနှင့် သတင်းအချက်အလက်ဖလှယ်ခြင်းတို့တွင် အမြင်ချင်းဖလှယ် ဆောင်ရွက်နိုင်ရန် ဆွေးနွေးပွဲများ၊ အလုပ်ရုံဆွေးနွေးပွဲများနှင့် မျက်နှာစုံညီ ဆွေးနွေးပွဲများ၊ ကျွမ်းကျင်သူများ အပြန်အလှန်ဖလှယ်မှုများဖြင့် နှစ်နိုင်ငံ အဖွဲ့အစည်းနှစ်ရပ် အကြား ပိုမိုပူးပေါင်းဆောင်ရွက်သွားနိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့။
Add new comment