နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးဥက္ကဋ္ဌ ဦးအောင်ဇော်သိန်း ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တရားရုံး ဥက္ကဋ္ဌ H.E. Mr. Valery D.Zorkin ၏ ဖိတ်ကြားချက်အရ ရုရှားဖက်ဒရေးရှင်းနိုင်ငံ စိန့်ပီတာ စဘတ်မြို့၌ “Protection of Rights and Constitutional Supervision” ခေါင်းစဉ်ဖြင့် ဇွန် ၂၆ ရက်မှ ၂၈ ရက်အထိ ကျင်းပသည့် နိုင်ငံတကာညီလာခံ (International Conference) နှင့် (၁၂) ကြိမ်မြောက် နိုင်ငံတကာဥပဒေရေးရာဖိုရမ် (XII St. Petersburg International Legal Forum)သို့ တက်ရောက်ခဲ့ပါသည်။
အဆိုပါနိုင်ငံတကာဥပဒေရေးရာဖိုရမ်တွင် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌ ဦးအောင်ဇော်သိန်းက ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အခွင့်အရေးနှင့် လွတ်လပ်ခွင့်များကို ကာကွယ်စောင့်ရှောက်မှု၊ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ပြန်လည် သုံးသပ်ခြင်း စနစ်ကျင့်သုံးမှုများနှင့်စပ်လျဉ်း၍ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တရားစီရင်ရေး အတွေ့အကြုံတို့ကို အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြပြီး ဇူလိုင်လ ၁ ရက် ညပိုင်းတွင် လေကြောင်းခရီးဖြင့် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိခဲ့ပါသည်။
(၁၂) ကြိမ်မြောက် နိုင်ငံတကာဥပဒေရေးရာဖိုရမ်သို့ နိုင်ငံပေါင်း ၃၀ မှ တရားသူကြီး ချုပ်များ၊ ဥပဒေရေးရာဝန်ကြီးများ၊ တရားသူကြီးများနှင့် ဥပဒေပညာရှင်များ တက်ရောက်ခဲ့ ကြကြောင်းသိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂-၇-၂၀၂၄)
- နိုင်ငံတကာဥပဒေရေးရာဖိုရမ်တွင် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌ ဦးအောင်ဇော်သိန်းက ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ပြန်လည်သုံးသပ်ခြင်းစနစ် ကျင့်သုံးမှုများနှင့်စပ်လျဉ်း၍ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တရားစီရင်ရေး အတွေ့ အကြုံတို့ကို အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့။
- (၁၂) ကြိမ်မြောက် နိုင်ငံတကာဥပဒေရေးရာဖိုရမ်သို့ နိုင်ငံပေါင်း ၃၀ မှ တရားသူကြီး ချုပ်များ၊ ဥပဒေရေးရာဝန်ကြီးများ၊ တရားသူကြီးများနှင့် ဥပဒေပညာရှင်များ တက် ရောက်ခဲ့။
Add new comment