မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ပုဂ္ဂလိကဘဏ်များ၏ချေးငွေဝန်ဆောင်မှုပုံစံအသစ် ပေးရန်နှင့် ပြည်သူများအတွက် အိမ်ရာပိုင်ဆိုင်မှုအခွင့်အလမ်းများ ပိုမိုကောင်းမွန်လာ စေရန်အတွက် ချေးငွေသက်တမ်း(၃)နှစ်ထက်ပိုသော အိမ်ရာချေးငွေများထုတ်ချေးခြင်း ကို စုစုပေါင်းဘဏ်ချေးငွေအပေါ် မူတည်၍ ထုတ်ချေးခွင့်ပြုလျက်ရှိရာ အချို့သော ပုဂ္ဂလိကဘဏ်များအနေဖြင့် ၎င်းတို့အကျိုးအမြတ်ပိုမိုရရှိစေရေးအတွက် ဗဟိုဘဏ်၏ ညွှန်ကြားချက်အား ကျော်လွန်ဖောက်ဖျက်ကာ အိမ်ရာချေးငွေများအား များပြားစွာ ထုတ်ချေးလျက်ရှိကြောင်း သိရှိရသဖြင့် ပုဂ္ဂလိကဘဏ်များအား လိုအပ်သောစစ်ဆေး မှုများ ဆောင်ရွက်ခဲ့ပါသည်။
ထိုသို့စစ်ဆေးခဲ့ရာတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ သတ်မှတ်ချက်အား ကျော် လွန်၍ အိမ်ရာချေးငွေထုတ်ချေးထားသည့် ရိုးမဘဏ်၊ မြန်မာနိုင်ငံသားများဘဏ်၊ ဧရာဝတီဘဏ်၊ အသေးစားနှင့်အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးရေးဘဏ်၊ ယူအေဘီဘဏ်၊ မြန်မာမက်ထရိုဘဏ်နှင့် ဆောက်လုပ်ရေး၊ အိမ်ရာနှင့်အခြေခံအဆောက်အအုံဖွံ့ဖြိုးရေး ဘဏ် စသည့် ပုဂ္ဂလိကဘဏ် ၇ ခုအား စိစစ်တွေ့ရှိရပါသည်။
အဆိုပါဘဏ်များမှ ကျော်လွန်ထုတ်ချေးထားသည့် ချေးငွေများအား မြန်မာနိုင်ငံ တော်ဗဟိုဘဏ်က ထုတ်ပြန်ထားသော အိမ်ရာချေးငွေနှင့်ပတ်သက်သည့် သတ်မှတ် ချက်အတိုင်း သတ်မှတ်ထားသောကာလအတွင်း ပြန်လည်ရောက်ရှိစေရေးအတွက် တာဝန်ရှိသူများမှ ကြပ်မတ်ဆောင်ရွက်သွားမည်ဖြစ်ပြီး သတ်မှတ်ချက်အား ကျော်လွန် ဖောက်ဖျက်ဆောင်ရွက်ခဲ့သည့် ပုဂ္ဂလိကဘဏ် ၇ ခုမှ တာဝန်ရှိသူများကိုလည်း ဥပဒေ နှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ပုဂ္ဂလိကဘဏ်များအား စစ်ဆေး ကြီးကြပ်ကွပ်ကဲရန် အားနည်းခဲ့သည့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ တာဝန်ရှိသူများ အားလည်း စိစစ်ဖော်ထုတ်အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ဇူလိုင် လ ၁ ရက်တွင် အသိပေးသတင်း ထုတ်ပြန်ခဲ့ပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂-၇-၂၀၂၄)
- မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ သတ်မှတ်ချက်အား ကျော်လွန်၍ အိမ်ရာချေးငွေ ထုတ်ချေးထားသည့် ရိုးမဘဏ်၊ မြန်မာနိုင်ငံသားများဘဏ်၊ ဧရာဝတီဘဏ်၊ အသေးစားနှင့်အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးရေးဘဏ်၊ ယူအေဘီဘဏ်၊ မြန်မာ မက်ထရိုဘဏ်နှင့် ဆောက်လုပ်ရေး၊ အိမ်ရာနှင့်အခြေခံအဆောက်အအုံဖွံ့ဖြိုးရေး ဘဏ် စသည့် ပုဂ္ဂလိကဘဏ် ၇ ခုအား အရေးယူဆောင်ရွက်သွားမည်ဖြစ်။
Add new comment