တရားမဝင်ပြည်ဖျက်မီဒီယာများမှ နိုင်ငံတွင်း မတည်မငြိမ်ဖြစ်စေရန်နှင့် ဆူပူမှု များဖြစ်လာစေရန်အတွက် ကဏ္ဍပေါင်းစုံတွင် မဟုတ်မမှန်သတင်းများ လုပ်ကြံဖန်တီး ရေးသားလျက်ရှိသည့်အပြင် တပ်မတော်နှင့် ပြည်သူများအကြား သွေးကွဲစေရန်၊ နိုင်ငံ တကာမျက်နှာစာတွင် တပ်မတော်အား အထင်အမြင်လွဲမှားစေရန်အတွက် နည်းလမ်း မျိုးစုံအသုံးပြု၍ သွေးခွဲသပ်လျှိုလျက်ရှိပါသည်-
- တရားမဝင်မီဒီယာဖြစ်သည့် Khit Thit Media မှ တင်ထားသော ဆီဆိုင်မြို့နယ် အတွင်း လွယ်ထွဲကျေးရွာတွင် ဈေးလာရောင်းသည့် လူငယ် ၂ ဦးအား လုံခြုံရေး တပ်ဖွဲ့ဝင်များက သတ်ခဲ့ဟူသည့်သတင်းနှင့် လွယ်မောတောင်ဒေသရှိ ကျေးရွာ များတွင် တစ်အိမ်လျှင် ငွေကျပ် ၃ သောင်းနှုန်း ကောက်ခံဟူသည့်သတင်းတို့သည် သတင်းအတုများဖြစ်ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် ၎င်းမြို့နယ်အတွင်း နယ်မြေလုံခြုံရေးလုပ်ငန်းများသာ ပုံမှန်ဆောင်ရွက်လျက်ရှိကြောင်းနှင့် အပြစ်မဲ့ ပြည်သူများအား ဖမ်းဆီးခြင်းနှင့် ကျေးရွာများတွင် ငွေကြေးတောင်းခံခြင်းများ လုံးဝဆောင်ရွက်ခြင်းမရှိကြောင်း သိရှိရ။
- တရားမဝင်မီဒီယာဖြစ်သည့် မြေလတ်အသံမှ တင်ထားသော မန္တလေးမြို့ရှိ ရပ်ကွက်တစ်ခုလျှင် စစ်မှုထမ်းဆောင်ရန် လူ ၃၀ တောင်းခံနေဟူသည့်သတင်းသည် လုပ်ကြံသတင်းအမှားဖြစ်ပြီး ၎င်းသတင်းနှင့်ပတ်သက်၍ မှန်ကန်မှုမရှိကြောင်းနှင့် ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်ပြီး တာဝန်ရှိသူများက အတည်ပြုပြဋ္ဌာန်း ထားသည့် ဥပဒေများအတိုင်းသာ ဆောင်ရွက်လျက်ရှိကြောင်း သိရှိရ။
နိုင်ငံတော်အစိုးရမှ ပြည်သူ့စစ်မှုထမ်းဥပဒေ စတင်အာဏာတည်ကြောင်း သတ်မှတ် သည့်နေ့မှစပြီး တရားမဝင်ပြည်ဖျက်မီဒီယာများနှင့် ရပ်ရွာအေးချမ်းသာယာရေးကို မလိုလားသူများက မိဘပြည်သူများ၊ လူငယ်လူရွယ်များအား လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် အဖွဲ့အစည်းများအပေါ် စိုးရိမ်ထိတ်လန့်စေရန်နှင့် ရွံရှာမုန်းတီးစေရန်အတွက် အမျိုး မျိုးသော မဟုတ်မမှန်ကောလာဟလသတင်းအမှားများကို အွန်လိုင်းပေါ်မှ ဝါဒဖြန့်လှုံ့ ဆော်လျက်ရှိကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂-၇-၂၀၂၄)
- ဆီဆိုင်မြို့နယ်အတွင်း လွယ်ထွဲကျေးရွာတွင် ဈေးလာရောင်းသည့် လူငယ် ၂ ဦးအား လုံခြုံရေးတပ်ဖွဲ့ဝင်များက သတ်ခဲ့ဟူသည့်သတင်းနှင့် လွယ်မောတောင်ဒေသရှိ ကျေးရွာများတွင် တစ်အိမ်လျှင် ငွေကျပ် ၃ သောင်းနှုန်း ကောက်ခံဟူသည့်သတင်း တို့သည် သတင်းအတုများဖြစ်။
- မန္တလေးမြို့ရှိ ရပ်ကွက်တစ်ခုလျှင် စစ်မှုထမ်းဆောင်ရန် လူ ၃၀ တောင်းခံနေဟူသည့် သတင်းသည် လုပ်ကြံသတင်းအမှားဖြစ်ပြီး ၎င်းသတင်းနှင့်ပတ်သက်၍ မှန်ကန်မှု မရှိကြောင်း သိရှိရ။
Add new comment