ကယားပြည်နယ်အတွင်း PDF အကြမ်းဖက်သမားများကို ထောက်ပံ့မည့် လူသုံးကုန် ပစ္စည်းများနှင့် စားသောက်ကုန်ပစ္စည်းများ သိမ်းဆည်းရမိ

အကြမ်းဖက်အဖွဲ့အစည်းများဖြစ်သည့် NUG၊ CRPHနှင့် PDF အကြမ်းဖက်သမားများသည် အကြမ်းဖက်လုပ်ရပ်များကို ကျူးလွန်လျက်ရှိပြီး ကယားပြည်နယ် လွိုင်ကော်မြို့နယ်အတွင်းရှိ လေဆိပ်၊ အကျဉ်းဦးစီးဌာန၊ အကျဉ်းထောင်သို့ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းနှင့် မြို့နေပြည်သူလူထုကို လူသားတံတိုင်းအဖြစ် အကာအကွယ်ပြု၍ တိုက်ခိုက်ခြင်းများကို လုပ်ဆောင်လျက်ရှိသောကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် ကယားပြည်နယ်အတွင်းလိုအပ်သည့် လုံခြုံရေးနှင့် နယ်မြေစိုးမိုးရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါသည်။

ဇန်နဝါရီလ ၂၄ ရက်တွင် လွိုင်ကော်မြို့နယ်၊ ဘာဒိုကျေးရွာ အဆောက်အဦတစ်လုံးအတွင်းမှ ပြည်ထဲရေးဝန်ကြီးဌာနနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတို့တွင် တရားဝင်မှတ်ပုံတင်ထားခြင်းမရှိသည့် အသင်းအဖွဲ့ ဆိုင်းဘုတ်ဖြစ်သော (AVSI) People For Development ကို မသင်္ကာဖွယ် တွေ့ရှိရသဖြင့် ဝင်ရောက်စစ်ဆေးခဲ့ရာ လက်ဆွဲအိတ် အလုံး ၁၂၀၊ ခေါက်ဆွဲထုပ် ၁,၉၅၀၊ ကွေကာအုပ် ၁၂၀၊ အသားဘူးမျိုးစုံ ၇၆၀၊ ဆီဘူး ၅၅၀၊ စောင်အထည် ၁၀၀ နှင့် ကုလားပဲ၊ ဆပ်ပြာမှုန့်၊ ဆပ်ပြာခဲ အစရှိသည့် လူသုံးကုန်ပစ္စည်းမျိုးစုံကို သိမ်းဆည်းရမိခဲ့ပါသည်။

 အဆိုပါပစ္စည်းများနှင့်ပတ်သက်၍ စိစစ်ချက်များအရ အကြမ်းဖက်လုပ်ရပ်များကို လုပ်ဆောင်လျက်ရှိသည့် PDF အကြမ်းဖက်သမားများကို ထောက်ပံ့ရန် လုပ်ဆောင်ထားခြင်းဖြစ်ကြောင်းသိရှိရပြီး တည်ဆဲဥပဒေများနှင့်အညီ လိုအပ်သလို အရေးယူဆောင်ရွက်နိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိပါသည်။

မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသော လက်နက်ကိုင်ပဋိပက္ခများ ပိုမိုကြီးထွားစေရန် ရည်ရွယ်ချက်ဖြင့် ပြည်ပနိုင်ငံများမှ အဖျက်သမားများသည် လူသားချင်းစာနာထောက်ထားမှု အကြောင်းပြချက်ဖြင့် ပြည်တွင်းရှိလက်နက်ကိုင်အကြမ်းဖက်သောင်းကျန်းသူများအား အစိုးရမဟုတ်သည့် အဖွဲ့အစည်း (NGO) အမည်ခံပြီး တရားမဝင် နည်းလမ်းမျိုးစုံဖြင့် ကူညီထောက်ပံ့ပေးလျက်ရှိပါသည်။

 လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် ကယားပြည်နယ်အတွင်း နယ်မြေတည်ငြိမ်အေးချမ်းရေးအတွက် လုံခြုံရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်လျက်ရှိပြီး ဒေသခံပြည်သူလူထုနှင့်ပူးပေါင်းကာ အကြမ်းဖက်လုပ်ရပ်များအား ဖော်ထုတ်ဖမ်းဆီးမှုများ ဆောင်ရွက်လျက်ရှိပါသည်။

  • လွိုင်ကော်မြို့နယ်၊ ဘာဒိုကျေးရွာ အဆောက်အဦတစ်လုံးအတွင်းမှ ပြည်ထဲရေးဝန်ကြီးဌာနနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတို့တွင် တရားဝင်မှတ်ပုံတင်ထားခြင်းမရှိသည့် အသင်းအဖွဲ့ ဆိုင်းဘုတ်ဖြစ်သော (AVSI) People For Development ကိုမသင်္ကာဖွယ် တွေ့ရှိရသဖြင့် ဝင်ရောက်စစ်ဆေးခဲ့ရာ PDF အကြမ်းဖက်သမားများကိုထောက်ပံ့မည့် လူသုံးကုန်ပစ္စည်းများနှင့် စားသောက်ကုန်ပစ္စည်းများ သိမ်းဆည်းရမိ
  • မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသော လက်နက်ကိုင်ပဋိပက္ခများ ပိုမိုကြီးထွားစေရန် ရည်ရွယ်ချက်ဖြင့် ပြည်ပနိုင်ငံများမှ အဖျက်သမားများသည် လူသားချင်းစာနာထောက်ထားမှု အကြောင်းပြချက်ဖြင့် ပြည်တွင်းရှိလက်နက်ကိုင်အကြမ်းဖက်သောင်းကျန်းသူများအား အစိုးရမဟုတ်သည့် အဖွဲ့အစည်း (NGO) အမည်ခံပြီး တရားမဝင်နည်းလမ်းမျိုးစုံဖြင့် ကူညီထောက်ပံ့ပေးလျက်ရှိ။

Add new comment