EV လျှပ်စစ်သုံးမော်တော်သည် ICE (Internal Combustion Engine) ယာဉ် ထက်ပေါ့ပါးပြီး ကမ္ဘာမြေ၏ ဗဟိုချက်သို့ ဆွဲငင်သည့်အား CG (Center of Gravity) မှာ မြေပြင်နှင့် ပိုမိုနီးကပ်သဖြင့် အရှိန်ဖြင့်ကွေ့ရာတွင် တိမ်းမှောက်နိုင်မှုကို ကာကွယ်နိုင် ခြင်း၊ စက်သုံးဆီခြွေတာနိုင်သဖြင့် နိုင်ငံခြားငွေ ကုန်ကျစရိတ်သက်သာခြင်းတို့ကလည်း ၎င်း၏အားသာချက်များပင်ဖြစ်ပါသည်။ ထို့ကြောင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစိုးရလက်ထက်တွင် ပြည်သူများ ဘေးအန္တရာယ်ကင်းပြီး အသုံးစရိတ်လျော့နည်းစေရန် EV လျှပ်စစ်သုံးမော်တော်ယာဉ်များကို တင်သွင်းဖြန့်ချိလျက်ရှိပါသည်။
အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီ၏ ခွင့်ပြုချက်ဖြင့် ၂၀၂၂-၂၀၂၃ ခုနှစ်တွင် ခွင့်ပြုကုမ္ပဏီ ၃၄ ခုနှင့် ၂၀၂၄ ခုနှစ်တွင် ခွင့်ပြုကုမ္ပဏီ ၅၂ ခု၊ စုစုပေါင်းကုမ္ပဏီ ၈၆ ခုမှ လျှပ်စစ်သုံးမော်တော် ယာဉ်အမျိုးအစားများဖြစ်သည့်် လူစီး ၊ Taxi ၊ Delivery ၊ Bus ၊ မော်တော်ဆိုင်ကယ် အမျိုးအစားများဖြစ်သည့် Bicycle ၊ Tricycle နှင့် အားသွင်းစက် (EV Charger) ၊ ယာဉ် အပိုပစ္စည်းမျိုးစုံအား တင်သွင်းရန် ခွင့်ပြုထားပါသည်။ လက်ရှိတွင် ကုမ္ပဏီ ၃၅ ခုမှ စုစုပေါင်းမော်တော်ကား ၄,၆၁၂ စီး၊ မော်တော်ဆိုင်ကယ် ၉,၀၈၈ စီး၊ အားသွင်းစက် ၉၄၂ ခုနှင့် ယာဉ်အပိုပစ္စည်း ၁၀ ခုတို့ကို တင်သွင်းရောက်ရှိပြီး Charging Station အနေဖြင့်လည်း ၂၀ ခုဆောက်လုပ်ပြီးစီးပြီးဖြစ်ပါသည်။
EV လျှပ်စစ်သုံးမော်တော်ယာဉ်များ သုံးစွဲခြင်းဖြင့် ပြည်ပမှ လောင်စာဆီအား ဝယ်ယူတင်သွင်းနေရသည့် နိုင်ငံခြားငွေ သုံးစွဲမှု လျော့နည်းစေခြင်း၊ လောင်စာဆီသုံး ယာဉ်များမှ ထွက်ပေါ်လာသော အဆိပ်ဓာတ်ငွေ့ ကာဗွန်ဒိုင်အောက်ဆိုက်ကြောင့် လူ၊ သတ္တဝါများနှင့် သစ်ပင်များ ထိခိုက်ပျက်စီးသေကြေမှုလွတ်ကင်းစေခြင်း၊ EV ယာဉ် များသွားလာရာတွင် ICE ယာဉ်များကဲ့သို့ ဆူညံသံမဖြစ်ပေါ်စေခြင်းနှင့် ပြုပြင်ထိန်း သိမ်းရန် လွယ်ကူသောကြောင့် ယာဉ်ပြုပြင်ထိန်းသိမ်းစရိတ် များစွာလျော့နည်းစေ ခြင်းတို့ကြောင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရလက်ထက်တွင် ဖော်ဆောင် ခဲ့သည့် စီမံကိန်းများအနက် နိုင်ငံတော်နှင့် ပြည်သူလူထုအတွက် များစွာအကျိုးပြုသည့် စီမံကိန်းတစ်ခုဖြစ်ကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂-၇-၂၀၂၄)
- အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီ၏ ခွင့်ပြုချက်ဖြင့် ကုမ္ပဏီပေါင်း ၈၆ မှ လျှပ်စစ်သုံးမော်တော်ယာဉ် အမျိုးအစားများဖြစ်သည့် လူစီး ၊ Taxi ၊ Delivery ၊ Bus ၊ မော်တော်ဆိုင်ကယ် အမျိုးအစားများဖြစ်သည့် Bicycle ၊ Tricycle နှင့် အားသွင်းစက် (EV Charger)၊ ယာဉ်အပိုပစ္စည်းမျိုးစုံအား တင်သွင်းရန် ခွင့်ပြုထား။
- ကုမ္ပဏီ ၃၅ ခုမှ စုစုပေါင်းမော်တော်ကား ၄,၆၁၂ စီး၊ မော်တော်ဆိုင်ကယ် ၉,၀၈၈ စီး၊ အားသွင်းစက် ၉၄၂ ခုနှင့် ယာဉ်အပိုပစ္စည်း ၁၀ ခုတို့ကို တင်သွင်းရောက်ရှိပြီး Charging Station အနေဖြင့်လည်း ၂၀ ခုဆောက်လုပ်ပြီးစီးပြီးဖြစ်။
- EV လျှပ်စစ်သုံးမော်တော်ယာဉ်များ သုံးစွဲခြင်းဖြင့် ပြည်ပမှ လောင်စာဆီအား ဝယ် ယူတင်သွင်းနေရသည့် နိုင်ငံခြားငွေသုံးစွဲမှု လျော့နည်းစေခြင်းကြောင့် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအစိုးရလက်ထက်တွင် ဖော်ဆောင်ခဲ့သည့် စီမံကိန်းများအနက် နိုင်ငံတော်နှင့် ပြည်သူလူထုအတွက် များစွာအကျိုးပြုသည့် စီမံကိန်းတစ်ခုဖြစ်။
Add new comment