PDF အမည်ခံ အကြမ်းဖက်သမားများ၏ ပစ်ခတ်တိုက်ခိုက်မှုကြောင့် ဆေးကုသမှုခံယူနေသော အပြစ်မဲ့ပြည်သူများအား ပြည်နယ်ဝန်ကြီးချုပ် အာဟာရဖြည့်စွက်စာများ ထောက်ပံ့ပေးအပ်

ဇွန်လ ၃၀ ရက်တွင် ရန်ကုန်မှ မုံရွာသို့ မောင်းနှင်ထွက်ခွာလာသည့် ခရီးသည် တင်ယာဉ် ၈ စီးအား ချောင်းဦးမြို့နယ်၊ ငါးယှန်ကျေးရွာအနီး၌ PDF အမည်ခံ အကြမ်းဖက်သမားများ၏ ပစ်ခတ်တိုက်ခိုက်မှုကြောင့် ခရီးသွားပြည်သူ ၁ ဦး သေဆုံးပြီး သံဃာတော် ၂ ပါးအပါအဝင် ခရီးသွားပြည်သူ ၂၃ ဦး ထိခိုက်ဒဏ်ရာများရရှိခဲ့ပါသည်။

အဆိုပါ  ထိခိုက်ဒဏ်ရာရရှိခဲ့သူများသည်  ကုတင် ၅၀၀ ဆံ့၊ မုံရွာပြည်သူ့ဆေးရုံ ကြီး၌ ဆေးကုသမှုခံယူလျက်ရှိပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များ၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ဌာနဆိုင်ရာများက ဇူလိုင်လ ၁ ရက်တွင် သွားရောက်ကြည့်ရှုအားပေးစကားများ ပြောကြားကာ ထောက်ပံ့ငွေများနှင့် အာဟာရဖြည့်စွက်စာများအား ထောက်ပံ့ပေးအပ်ခဲ့ကြပြီး လိုအပ်သည့် ကုသရေး လုပ်ငန်းများအား တာဝန်ရှိသူများနှင့် ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂-၇-၂၀၂၄)

  • တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များက ကုတင် ၅၀၀ ဆံ့၊ မုံရွာ ပြည်သူ့ဆေးရုံကြီး၌ ဆေးကုသမှုခံယူနေသည့် ချောင်းဦးမြို့နယ်၊ ငါးယှန် ကျေးရွာအနီး PDF အမည်ခံ အကြမ်းဖက်သမားများ၏ ပစ်ခတ်တိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သူများအား ထောက်ပံ့ငွေများနှင့် အာဟာရ ဖြည့်စွက်စာများ ထောက်ပံ့ပေးအပ်ခဲ့။

Add new comment