မြစ်ကြီးနားမြို့ရှိ ရပ်ကွက်၊ ကျေးရွာများမှ ရေဘေးသင့်ပြည်သူများအား ရေဘေးကင်းလွတ်ရာသို့ ကူညီရွှေ့ပြောင်း၊ စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်

 

ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဧရာဝတီမြစ်ရေမြင့်တက်လာပြီး မြစ်ကြီးနားမြို့ပေါ်ရှိ ရပ်ကွက်များနှင့် ကျေးရွာများ အတွင်း၌ ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့ရာ-

  • ဇွန်လ ၃၀ ရက်တွင် နယ်မြေခံတပ်မတော်သားများက မြစ်ကြီးနားမြို့ ပမ္မတီးရပ်ကွက်၊ ရေကြည်ကျေးရွာအတွင်းသို့ ရေဝင်ရောက်မှုများ ဖြစ်ပေါ်ခဲ့သည့် ရေဘေးသင့်ပြည်သူ အိမ်ထောင်စု ၁၅၀ ခန့်၊ လူဦးရေ ၃၈၀ ခန့်တို့အား ရေဘေးကင်းလွတ်ရာ အမှတ် (၄) အခြေခံပညာအထက် တန်းကျောင်းသို့ ကူညီ ရွှေ့ပြောင်းပေးပြီး လိုအပ်သည့်ကူညီ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက် ပေးခဲ့။
  • ဇူလိုင်လ ၁ ရက်တွင် ရေဝင်ရောက်လျက်ရှိသည့် ရပ်ကွက်၊ ကျေးရွာများမှ ပြည်သူများအား နယ်မြေခံတပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများက ရေဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခြင်းနှင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့။

ထိုသို့ ဆောင်ရွက်ပေးနေမှုများကို ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှု အားပေးပြီး ရေဘေးသင့်ပြည်သူများအတွက် စားသောက်ဖွယ်ရာများနှင့် လိုအပ်သည်များ ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂-၇-၂၀၂၄)

  • မြစ်ကြီးနားမြို့ရှိ ရပ်ကွက်၊ ကျေးရွာများမှ ရေဘေးသင့်ပြည်သူများအား နယ်မြေခံတပ်မတော်သားများက ရေဘေးကင်းလွတ်ရာသို့ ကူညီရွှေ့ပြောင်းပေးပြီး  ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက စားသောက်ဖွယ်ရာများ ထောက်ပံ့ ပေးအပ်ခဲ့။

 

Add new comment