မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်နှင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်တို့တွင် တရားမဝင် Online လောင်းကစားလုပ်ကိုင်သူများအား သက်သေခံပစ္စည်းများနှင့်အတူ ဖော်ထုတ်ဖမ်းဆီးရမိ

၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၇ ရက်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်‌များပါဝင်သော ပူးပေါင်း အဖွဲ့သည် မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ ကိုထင်ရှမ်း၏နေအိမ်တွင် တရားမဝင် Online လောင်းကစားလုပ်ကိုင်နေကြောင်း သိရှိရသဖြင့် ဝင်ရောက်ရှာဖွေ ရာတွင်-

  • နေအိမ်အပေါ်ဆုံးထပ်ရှိ ဧည့်ခန်းအတွင်း၌ Online လောင်းကစားပြုလုပ်ရန် အတွက် အငှားထားသောအိမ်ပိုင်ရှင်ဖြစ်သူ ထင်ရှမ်းနှင့် ရပ်ကွက်နေမန်နေဂျာ ရန်ဝင်းမြင့်(ခ) ကျန်ဝမ်ရီ၊ ကြီးကြပ်လုပ်ကိုင်သူ လော်ကျင်းကျွမ်နှင့် လောင်းကစား ဂိမ်းဝန်ထမ်းများဖြစ်ကြသည့် ဇင်မာထွေး(ခ)ရင်ရုံ အမျိုးသား(၁)ဦးနှင့် အမျိုးသမီး(၈)ဦး၊ စုစုပေါင်းအိမ်ရှင်(၁)ဦးအပါအဝင် တရားခံ (၁၂)ဦးတို့အား တရားမဝင် Online လောင်းကစားပြုလုပ်ရာတွင် အသုံးပြုသည့် Laptop မျိုးစုံ (၆)လုံး၊ လက်ကိုင်ဖုန်းမျိုးစုံ(၆၃)လုံး၊ မြန်မာငွေစက္ကူ(၁၁၀)သိန်းကျပ်၊ နိုင်ငံသား စိစစ်ရေးကတ်ပြား (၆)ခု၊ အခြားဆက်စပ်ပစ္စည်းများနှင့်အတူ တွေ့ရှိဖမ်းဆီးရမိခဲ့။
  • ဇွန်လ ၂၈ ရက်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့သည် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်၊ ပါဆတ်ရပ်ကွက်တွင် တရုတ် နိုင်ငံသားများ ခိုအောင်းနေထိုင်သဖြင့် ဝင်ရောက်ရှာဖွေခဲ့ရာ အထောက်အထား တစ်စုံတစ်ရာမပါရှိဘဲ တရားမဝင်ရောက်ရှိနေသည့် တရုတ်နိုင်ငံသား အမျိုးသား (၂၈၈)ဦး၊ အမျိုးသမီး(၇)ဦး၊ စုစုပေါင်း(၂၉၅)ဦးတို့အား Online လောင်းကစား ပြုလုပ်ရာတွင် အသုံးပြုသည့် လက်ကိုင်ဖုန်းမျိုးစုံ (၉၀၀)လုံး၊ အခြားဆက်စပ် ပစ္စည်းများနှင့်အတူ တွေ့ရှိဖော်ထုတ်ဖမ်းဆီးရမိခဲ့။

 

ဖြစ်စဉ်များတွင် ဖမ်းဆီးရမိထားသည့် တရားမဝင် Online လောင်းကစား လုပ်ကိုင်သူ မြန်မာနိုင်ငံသား(၁၂)ဦးနှင့် တရုတ်နိုင်ငံသား(၂၉၅)ဦးတို့အား ဥပဒေနှင့် အညီ အရေးယူနိုင်ရေးလိုအပ်သော စစ်ဆေးမှုများ ဆက်လက်ဆောင်ရွက်လျက်ရှိ ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂-၇-၂၀၂၄)

  • မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်နှင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်တို့တွင် တရားမဝင် Online လောင်းကစားလုပ်ကိုင်သူ မြန်မာနိုင်ငံသား(၁၂)ဦးနှင့် တရုတ်နိုင်ငံသား(၂၉၅)ဦးတို့အား သက်သေခံပစ္စည်း များနှင့်အတူ ဖော်ထုတ်ဖမ်းဆီးရမိခဲ့။

 

 

Add new comment