နိုင်ငံတော်အနေဖြင့် ပြည်တွင်းစီးပွားရေးတည်ငြိမ်စေရေးနှင့် ဖွံ့ဖြိုးတိုးတက်စေ ရေးအတွက် အဘက်ဘက်မှ ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ အချို့လုပ်ငန်းရှင်များသည် စီးပွားရေးကမောက်ကမဖြစ်စေရန် ရည်ရွယ်ချက်ဖြင့် ပြည်တွင်းဆန်ဈေးကွက်အတွင်း ဆန်ဈေးနှုန်းများ အဆမတန် မြှင့်တင်ရောင်းဝယ်လျက်ရှိသောကြောင့် နေပြည်တော် အပါအဝင် ပြည်နယ်နှင့်တိုင်းဒေသကြီးများရှိ မြို့ကြီးများတွင်ရှိသည့် ဆန်ဂိုဒေါင် ၁၀၂ လုံး၊ ဆန်စက် ၂၅ ခု၊ ဆိုင်ခန်း ၇ ခုတို့မှ ဆန်စပါးလုပ်ငန်းရှင် ၅၈ ဦးနှင့် ဈေးဝယ် စင်တာနှင့်စတိုးဆိုင်ကြီး ၅၃ ဆိုင်တွင် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ လစဉ်ထုတ် ပြန်သည့် သင့်တင့်မျှတသောဈေးကွက် ဈေးနှုန်းထက် အမြတ်အစွန်းပိုမိုရယူကာ ရောင်းချမှုရှိ/မရှိအား လုံခြုံရေးအဖွဲ့အစည်းများက ဖော်ထုတ်စစ်ဆေးခဲ့ရာ-
- သင့်တင့်မျှတသော ဈေးကွက်ဈေးနှုန်းထက် ၁၀ ရာခိုင်နှုန်းအထိ အမြတ်အစွန်း ပိုယူခဲ့သည့် ဆန်စပါးလုပ်ငန်းရှင် ၂၇ ဦး၊ ၁၁ ရာခိုင်နှုန်းမှ ၃၀ ရာခိုင်နှုန်းအထိ ပိုမိုအမြတ်တင်ရောင်းခဲ့သည့် ဆန်စပါးလုပ်ငန်းရှင် ၂၄ ဦး၊ ၃၁ ရာခိုင်နှုန်းမှ ၇၀ ရာခိုင်နှုန်းအထိ ပိုမို၍ အကျိုးအမြတ်များစွာ ရယူရောင်းခဲ့သည့် ဆန်စပါးလုပ်ငန်းရှင် ၇ ဦးတွေ့ရှိခဲ့။
- သတ်မှတ်ဈေးနှုန်းထက် ၁၁ ရာခိုင်နှုန်းမှ ၃၀ ရာခိုင်နှုန်းအထိ ပိုမိုအမြတ်တင် ရောင်းချခဲ့သည့် ဆန်စပါးလုပ်ငန်းရှင် ၂၄ ဦးကို ၎င်းတို့ရရှိခဲ့သည့် အကျိုးအမြတ် များအပေါ် ဒဏ်ကြေးနှင့်အခွန် ထပ်မံစည်းကြပ်သွားမည်ဖြစ်။
- သတ်မှတ်ဈေးနှုန်းထက် ၃၁ ရာခိုင်နှုန်းမှ ၇၀ ရာခိုင်နှုန်းအထိ ပိုမို၍ အကျိုးအမြတ် များစွာ ရယူရောင်းချခဲ့သည့် လုပ်ငန်းရှင် ၇ ဦးကို ၂၀၁၂ ခုနှစ်၊ အရေးကြီး ကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေပုဒ်မ-၅ အရ အရေးယူဆောင်ရွက်သွားမည်ဖြစ်။
- ဈေးဝယ်စင်တာနှင့်စတိုးဆိုင်ကြီးများတွင် အလေးချိန်အမျိုးမျိုးဖြင့် အသင့်ထုပ် ပိုးထားသည့် ဆန်အိတ်များကို သင့်တင့်မျှတသော ဈေးကွက်ဈေးနှုန်းထက် ၂၀ ရာခိုင်နှုန်းအထိ အမြတ်အစွန်းပိုမိုရယူကာ ရောင်းချလျက်ရှိသည့် စတိုးဆိုင် ၁ ဆိုင်၊ ၂၁ ရာခိုင်နှုန်းမှ ၅၀ ရာခိုင်နှုန်းအထိ ပိုမိုအမြတ်တင်ရောင်းချနေသည့် ဈေးဝယ်စင်တာနှင့် စတိုးဆိုင် ၃၀ ဆိုင်၊ ၅၁ ရာခိုင်နှုန်းမှ ၇၀ ရာခိုင်နှုန်းအထိ ပိုမိုအမြတ်တင်ရောင်းချနေရှိသည့် ဈေးဝယ်စင်တာ ၂၂ ဆိုင်ရှိကြောင်း တွေ့ရှိရ။
- စစ်ဆေးတွေ့ရှိရသည့်ဆိုင်များအနက် သတ်မှတ်ဈေးနှုန်းထက် ၂၁ ရာခိုင်နှုန်းမှ ၅၀ ရာခိုင်နှုန်းအထိ ပိုမိုအမြတ်တင်ရောင်းချခဲ့သည့် ဈေးဝယ်စင်တာနှင့် စတိုးဆိုင် ၃၀ ဆိုင်ကို ၎င်းတို့ရရှိခဲ့သည့် အကျိုးအမြတ်များအပေါ် ဒဏ်ကြေးနှင့် အခွန် ထပ်မံစည်းကြပ်သွားမည်ဖြစ်။
- သတ်မှတ်ဈေးနှုန်းထက် ၅၁ ရာခိုင်နှုန်းမှ ၇၀ ရာခိုင်နှုန်း အထိပိုမို၍ အကျိုးအမြတ် များစွာ ရယူရောင်းချခဲ့သည့် ဈေးဝယ်စင်တာ ၂၂ ဆိုင်မှ တာဝန်ရှိသူ ၄ ဦးကို ၂၀၁၂ ခုနှစ်၊ အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေပုဒ်မ-၅ အရ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်။
ဆန်ဈေးနှုန်းများ မြှင့်တင်ရောင်းချမှုများကြောင့် အခြေခံပြည်သူများမှာ ဆန် ဈေးနှုန်းမြင့်မားစွာဖြင့် ဝယ်ယူစားသုံးရလျက်ရှိသည့်အပြင် နိုင်ငံတော်၏စီးပွားရေး ဈေးကွက်တည်ငြိမ်မှုကိုလည်း အနှောင့်အယှက်ဖြစ်စေခဲ့သဖြင့် ၎င်းတို့အား ဥပဒေနှင့် အညီ ထိရောက်စွာအရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ပြည်သူလူထုအနေ ဖြင့်လည်း ဆန်ဈေးကွက်အတွင်း ဝယ်ယူစားသုံးရာတွင် မြန်မာနိုင်ငံဆန်စပါးအသင်း ချုပ်မှ လစဉ်ထုတ်ပြန်သည့် သင့်တင့်မျှတသော ဈေးကွက်ဈေးနှုန်းထက် ပိုမို၍အမြတ် အစွန်းရယူရောင်းချနေကြောင်း တွေ့ရှိရပါက သက်ဆိုင်ရာလုံခြုံရေးအဖွဲ့အစည်းများသို့ လျှို့ဝှက်စွာသတင်းပေးပို့နိုင်ကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁-၇-၂၀၂၄)
- ပြည်တွင်းဆန်ဈေးကွက်တွင် သင့်တင့်မျှတသည့် ဈေးကွက်ဈေးနှုန်းထက်ပိုမို၍ ဈေး နှုန်းမြှင့်တင်ရောင်းချခဲ့သည့် ဆန်စပါးလုပ်ငန်းရှင် ၅၈ ဦးနှင့် ဈေးဝယ်စင်တာနှင့် စတိုးဆိုင် ၅၃ ဆိုင်တို့တွင် အမြတ်အစွန်းပိုမိုတင်ရောင်းခဲ့သည့် တာဝန်ရှိသူများအား ဖမ်းဆီးအရေးယူခဲ့။
- ဆန်ဈေးနှုန်းများ မြှင့်တင်ရောင်းချမှုများကြောင့် အခြေခံပြည်သူများမှာ ဆန်ဈေးနှုန်း မြင့်မားစွာဖြင့် ဝယ်ယူစားသုံးရလျက်ရှိသည့်အပြင် နိုင်ငံတော်၏စီးပွားရေး ဈေးကွက် တည်ငြိမ်မှုကိုလည်း အနှောင့်အယှက်ဖြစ်စေခဲ့။
- ပြည်သူလူထုအနေဖြင့်လည်း ဆန်ဈေးကွက်အတွင်း မြန်မာနိုင်ငံဆန်စပါးအသင်း ချုပ်မှ လစဉ်ထုတ်ပြန်သည့် ဈေးနှုန်းထက် ပိုမို၍အမြတ်အစွန်းရယူရောင်းချနေကြောင်း တွေ့ရှိရပါက သက်ဆိုင်ရာလုံခြုံရေးအဖွဲ့အစည်းများသို့ လျှို့ဝှက်စွာသတင်းပေးပို့နိုင်။
Add new comment