နိုင်ငံတော်သမ္မတ (ငြိမ်း) ဦးသိန်းစိန်နှင့် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၊ နိုင်ငံရေးရာဗျူရိုအဖွဲ့ဝင်၊ နိုင်ငံခြားရေးရာဗဟိုကော်မရှင်ရုံး ညွှန်ကြားရေးမှူးနှင့် နိုင်ငံခြားရေးဝန်ကြီးတို့ တွေ့ဆုံဆွေးနွေး

          တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ပေကျင်းမြို့သို့ ခေတ္တရောက်ရှိလျက်ရှိသော နိုင်ငံတော်သမ္မတ (ငြိမ်း) ဦးသိန်းစိန်သည် ၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၉ ရက်တွင် ပေကျင်းမြို့ရှိ လင်ကွန်းကျောင်းတိုက်သို့သွားရောက်ကာ မြတ်ဗုဒ္ဓစွယ်တော်အား သွားရောက်ဖူးမြော်၍ ကျောင်းထိုင်ဆရာတော်အားရိုသေစွာဖြင့် သွားရောက်ဂါရဝပြု တွေ့ဆုံစဉ် နေပြည်တော်မှပင့်ဆောင်လာသည့် မာရဝိဇယဘုရား၏ ရုပ်ပွားတော်ငယ် အား လှူဒါန်းခဲ့ပါသည်။

နိုင်ငံတော်သမ္မတ (ငြိမ်း) ဦးသိန်းစိန်သည် တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ၊ နိုင်ငံရေးရာဗျူရိုအဖွဲ့ဝင်၊ နိုင်ငံခြားရေးရာဗဟိုကော်မရှင်ရုံး ညွှန်ကြားရေးမှူးနှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိတို့နှင့်တွေ့ဆုံစဉ် မြန်မာ-တရုတ် နှစ်နိုင်ငံအကြား ရှိရင်းစွဲချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုနှင့် မြန်မာနိုင်ငံ၏ပြည်တွင်းရေး ဖြစ်ပေါ်တိုးတက်မှအခြေအနေတို့နှင့်ပတ်သက်၍ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ပါသည်။

နိုင်ငံတော်သမ္မတ(ငြိမ်း) ခေါင်းဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၌ ကျင်းပသည့် ငြိမ်းချမ်းစွာအတူယှဉ်တွဲမူကြီး (၅) ရပ် ချမှတ်ခဲ့သည့် နှစ် (၇၀) ပြည့် အထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက်ခဲ့ပြီးနောက် ဇွန်လ ၃၀ ရက်တွင် အထူးလေယာဉ်ဖြင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ပေကျင်းမြို့မှ နေပြည်တော်သို့ ပြန်လည်ရောက်ရှိခဲ့ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ရန်ကုန်မြို့၊ တရုတ်သံရုံးမှ သံရုံးဒုတိယအကြီးအကဲ (သံမှူးကြီး) မစ္စစ်ချောင်ဂျင်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိကြီးများက နေပြည်တော် လေဆိပ်တွင် ကြိုဆိုနှုတ်ဆက်ခဲ့ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁-၇-၂၀၂၄)

  • နိုင်ငံတော်သမ္မတ (ငြိမ်း) ဦးသိန်းစိန်နှင့် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၊ နိုင်ငံရေးရာဗျူရိုအဖွဲ့ဝင်၊ နိုင်ငံခြားရေးရာဗဟိုကော်မရှင်ရုံး ညွှန်ကြားရေးမှူးနှင့် နိုင်ငံခြားရေးဝန်ကြီးတို့တွေ့ဆုံစဉ် မြန်မာ-တရုတ် နှစ်နိုင်ငံအကြား ရှိရင်းစွဲ ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုနှင့် မြန်မာနိုင်ငံ၏ပြည်တွင်းရေး ဖြစ်ပေါ်တိုးတက်မှအခြေအနေတို့နှင့်ပတ်သက်၍ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့။

 

Add new comment