ရန်ကုန်မြို့မှ မုံရွာမြို့သို့ မောင်းနှင်ထွက်ခွာလာသည့် ခရီးသည်တင်ယာဉ်များအား ချောင်းဦးမြို့နယ် ငါးယှန်ကျေးရွာအနီး၌ PDF အမည်ခံအကြမ်းဖက်သမားများက လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်

ဇွန်လ ၃၀ ရက်တွင် ရန်ကုန်-မုံရွာ ပြေးဆွဲလျက်ရှိသည့် ခရီးသည်တင်ယာဉ် စုစုပေါင်း ၈ စီးတို့သည် ရန်ကုန်မြို့မှထွက်ခွာခဲ့ကြပြီး စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့နယ် ငါးယှန်ကျေးရွာ အနီးဖြတ်ကျော်စဉ်ကျေးရွာအနီး PDF အမည်ခံ အကြမ်းဖက်သမားများက လက်လုပ်မိုင်းများဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ပြီး လက်နက် ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် ခရီးသွားပြည်သူ အမျိုးသမီး ၁ ဦးသေဆုံးခဲ့ရပြီး သံဃာတော် ၁ ပါးနှင့် အမျိုးသား ၁၃ ဦး၊ အမျိုးသမီး ၁၀ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ ကြောင်း သိရှိရပါသည်။

ဖြစ်စဉ်ဖြစ်ပွားရာနေရာသို့ မုံရွာမြို့နှင့် ချောင်းဦးမြို့မှလုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့်လုံခြုံရေးကိစ္စရပ်များနှင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက် ပေးနိုင်ရေးသွားရောက်ခဲ့ရာ အသင့်စောင့်ဆိုင်းနေရာယူထားသည့် PDF အမည်ခံ အကြမ်းဖက်သမားများနှင့် ထိတွေ့မှုဖြစ်ပွားခဲ့ပြီး အကြမ်းဖက်သမားများသည် ဆုတ်ခွာ ထွက်ပြေးသွားခဲ့ပြီး ပေါက်ကွဲမှုမရှိသေးသည့် လက်လုပ်မိုင်းမျိုးစုံ ၃၀ လုံးအား သိမ်းဆည်းရမိခဲ့ပါသည်။

ထိခိုက်ဒဏ်ရာရရှိခဲ့သော ခရီးသွားပြည်သူများအား မုံရွာမြို့၊ ပြည်သူ့ဆေးရုံသို ပို့ဆောင်၍ ဆေးကုသမှုခံယူကာ စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက သွားရောက်၍ လိုအပ်သည့် ဆေးကုသမှုများဆောင်ရွက်နိုင်ရေး စီစဉ်ဆောင်ရွက်ပေးကာ ထောက်ပံ့ငွေများ ပေးအပ်ခဲ့ပါသည်။

ယခုကဲ့သို့ စစ်ရေးနှင့်မသက်ဆိုင်ဘဲ အေးချမ်းစွာခရီးသွားလာလျက်ရှိသည့် အများပြည်သူများ၏ အသက်အန္တရာယ် ထိခိုက်သေကျေသည်အထိ ရက်စက်ယုတ်မာစွာဖြင့် ရည်ရွယ်ချက်ရှိရှိပစ်ခတ်တိုက်ခိုက်ခဲ့သည့် PDF အမည်ခံအကြမ်းဖက်သမားများအား ချေမှုန်းနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်းနှင့် ခရီးသွားပြည်သူများ ဘေးကင်းလုံခြုံစွာ သွားလာနိုင်ရေးအတွက် လုံခြုံရေးလုပ်ငန်းများကို တာဝန်သိပြည်သူများနှင့်ပူးပေါင်း၍ တိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁-၇-၂၀၂၄)

  • ရန်ကုန်မြို့မှ မုံရွာမြို့သို့ မောင်းနှင်ထွက်ခွာလာသည့် ခရီးသည်တင်ယာဉ် ၈ စီးအား PDF အမည်ခံအကြမ်းဖက်သမားများက လက်လုပ်မိုင်းများဖြင့် ဖောက်ခွဲတိုက်ခိုက်ပြီး လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်သဖြင့် ခရီးသွား ပြည်သူ အမျိုးသမီး ၁ ဦးသေဆုံးခဲ့ရပြီး သံဃာတော် ၁ ပါးနှင့် အမျိုးသား ၁၃ ဦး၊ အမျိုးသမီး ၁၀ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့။

 

 

Add new comment