မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပပြုလုပ်သည့် (၃၆) ကြိမ်မြောက် မြန်မာ - ထိုင်းဒေသဆိုင်ရာ နယ်ခြားကော်မတီအစည်းအဝေးကို ဇွန်လ ၂၈ ရက် နံနက်တွင် မြိတ်မြို့ရှိ ပုလဲသန္တာဟိုတယ်၌ ပြုလုပ်ရာ မြန်မာကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီးညွန့်ဝင်းဆွေ၊ ဒုတိယခေါင်းဆောင် ဗိုလ်ချုပ် နိုင်နိုင်ဦးနှင့် တပ်မတော်အရာရှိကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ထိုင်းနိုင်ငံမှ ကိုယ်စားလှယ် အဖွဲ့ ခေါင်းဆောင် Lt.Gen. Prasan Saengsirirak နှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြ ပါသည်။
မြန်မာကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်ကြီး ညွန့်ဝင်းဆွေနှင့် ထိုင်း ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် Lt.Gen. Prasan Saengsirirak တို့က အမှာစကား ပြောကြားကြပြီးနောက် နယ်စပ်ဒေသပူးပေါင်းဆောင်ရွက်မှုကိစ္စရပ်များ၊ မူးယစ်ဆေးဝါး တားဆီးကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ကိစ္စရပ်များ၊ နှစ်နိုင်ငံနယ်နိမိတ်ဆိုင်ရာ ကိစ္စရပ်များ၊ နယ်စပ်ဒေသဆိုင်ရာ ကိစ္စရပ်များနှင့် အခြားကိစ္စရပ်များအား ကဏ္ဍအလိုက် အသီးသီးဆွေးနွေးခဲ့ကြပါသည်။
ညပိုင်းတွင် မြန်မာကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်ကြီး ညွန့်ဝင်းဆွေ က ထိုင်းကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် Lt.Gen. Prasan Saengsirirak နှင့် နယ်ခြား ကော်မတီအစည်းအဝေးသို့ တက်ရောက်ကြသည့် နှစ်နိုင်ငံကိုယ်စားလှယ်အဖွဲ့ဝင်များအား ပုလဲသန္တာဟိုတယ်၌ ဂုဏ်ပြုညစာစားပွဲဖြင့် တည်ခင်းဧည့်ခံပြီး အမှတ်တရလက်ဆောင် ပစ္စည်းများ အပြန်အလှန်ပေးအပ်ခဲ့ကြပါသည်။
အစည်းအဝေးဒုတိယနေ့တွင် နှစ်နိုင်ငံကိုယ်စားလှယ်ခေါင်းဆောင်များက (၃၆) ကြိမ် မြောက် မြန်မာ-ထိုင်းဒေသဆိုင်ရာ နယ်ခြားကော်မတီအစည်းအဝေး သဘောတူညီချက်များ အား အတည်ပြုလက်မှတ်ရေးထိုး၍ အပြန်အလှန်လဲလှယ်ခဲ့ကြပြီး ကော်မတီအဖွဲ့ဝင်များ နှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြပါသည်။
(၃၆) ကြိမ်မြောက် မြန်မာ - ထိုင်း ဒေသဆိုင်ရာနယ်ခြားကော်မတီအစည်းအဝေးကို တက်ရောက်လာကြသည့် ထိုင်းကိုယ်စားလှယ်အဖွဲ့များသည် မြန်မာနိုင်ငံသို့ရောက်ရှိနေစဉ် အတွင်း နေပြည်တော်ရှိ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးနှင့် မြိတ်မြို့ရှိ တန်ခိုးကြီးဘုရား စေတီများအား သွားရောက်ဖူးမြော်ခြင်း၊ အခြားအထင်ကရနေရာများအား သွားရောက် လေ့လာခြင်းများ ဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၃၀-၆-၂၀၂၄)
- (၃၆) ကြိမ်မြောက် မြန်မာ - ထိုင်းဒေသဆိုင်ရာ နယ်ခြားကော်မတီအစည်းအဝေး တွင် နယ်စပ်ဒေသပူးပေါင်းဆောင်ရွက်မှုကိစ္စရပ်များ၊ မူးယစ်ဆေးဝါး တားဆီး ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ကိစ္စရပ်များ၊ နှစ်နိုင်ငံနယ်နိမိတ်ဆိုင်ရာ ကိစ္စရပ်များ၊ နယ်စပ်ဒေသဆိုင်ရာကိစ္စရပ်များနှင့် အခြားကိစ္စရပ်များအား ကဏ္ဍ အလိုက် အသီးသီးဆွေးနွေးခဲ့။
- နှစ်နိုင်ငံကိုယ်စားလှယ်ခေါင်းဆောင်များက (၃၆) ကြိမ်မြောက် မြန်မာ-ထိုင်း ဒေသ ဆိုင်ရာ နယ်ခြားကော်မတီအစည်းအဝေး သဘောတူညီချက်များအား အတည်ပြု လက်မှတ်ရေးထိုး၍ အပြန်အလှန်လဲလှယ်ခဲ့။
- ထိုင်းကိုယ်စားလှယ်အဖွဲ့များသည် မြန်မာနိုင်ငံသို့ရောက်ရှိနေစဉ်အတွင်း နေပြည်တော် ရှိ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးနှင့် မြိတ်မြို့ရှိ တန်ခိုးကြီးဘုရား စေတီများအား သွားရောက်ဖူးမြော်ခြင်း၊ အခြားအထင်ကရနေရာများအား သွားရောက်လေ့လာ ခြင်းများ ဆောင်ရွက်ခဲ့။
Add new comment