ရုရှားနိုင်ငံတရားရေးဝန်ကြီးဌာန တရားရေးဝန်ကြီး H.E. Honorable Mr.Konstantin A. Chuychenko ၏ ဖိတ်ကြားချက်အရ ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦး ဦးဆောင်သည့် မြန်မာ ကိုယ်စားလှယ်အဖွဲ့ ရုရှားဖက်ဒရေးရှင်းနိုင်ငံ စိန့်ပီတာစဘတ်မြို့၌ ကျင်းပလျက်ရှိသော (၁၂) ကြိမ်မြောက် စိန့်ပီတာစဘတ်အပြည်ပြည်ဆိုင်ရာ ဥပဒေရေးရာဖိုရမ် (12th St. Petersburg International Legal Forum)သို့ တက်ရောက်ခဲ့ကြပါသည်။
(၁၂) ကြိမ်မြောက်စိန့်ပီတာစဘတ်အပြည်ပြည်ဆိုင်ရာ ဥပဒေရေးရာဖိုရမ် (12th St. Petersburg International Legal Forum) ၏ Plenary Session ကို “Law as the Basis for Global Balance” ခေါင်းစဉ်ဖြင့် ကျင်းပပြီး ဥပဒေရေးရာနှင့် တရားရေး ဝန်ကြီးများအစည်းအဝေး (Opening Meeting of Justice Ministers) တွင် မြန်မာ ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦးက ဥပဒေရေးရာဝန်ကြီးဌာနနှင့် ရုရှား ဖက်ဒရေးရှင်းနိုင်ငံ တရားရေးဝန်ကြီးဌာနတို့အကြား ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ စာချွန်လွှာအရ ဥပဒေရေးရာစနစ်များ၊ ဥပဒေပြုရေးဆိုင်ရာ အတွေ့အကြုံနှင့် သတင်း အချက်အလက် ဖလှယ်ခြင်းတို့တွင် အမြင်ချင်းဖလှယ်ဆောင်ရွက်နိုင်ရန် ဆွေးနွေးပွဲများ၊ အလုပ်ရုံဆွေးနွေးပွဲများနှင့် မျက်နှာစုံညီဆွေးနွေးပွဲများ၊ ကျွမ်းကျင်သူများ အပြန်အလှန် ဖလှယ်မှုများဖြင့် နှစ်နိုင်ငံအဖွဲ့အစည်းနှစ်ရပ်အကြား ပိုမိုပူးပေါင်းဆောင်ရွက်သွားနိုင်မည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
(၁၂) ကြိမ်မြောက် စိန့်ပီတာစဘတ်အပြည်ပြည်ဆိုင်ရာ ဥပဒေရေးရာဖိုရမ် (12th St. Petersburg International Legal Forum) တွင် အပြည်ပြည်ဆိုင်ရာဥပဒေ၊ လူ့အဖွဲ့ အစည်းနှင့် လူ့အခွင့်အရေး၊ နိုင်ငံ၏ဥပဒေနှင့် အချုပ်အခြာအာဏာ၊ ပြစ်မှုဆိုင်ရာ ဥပဒေ များ၊ စီးပွားရေးဆိုင်ရာ ဥပဒေများနှင့် တစ်ဖက်သတ်အရေးယူ ပိတ်ဆို့မှုများအပေါ် တုံ့ပြန် ဆောင်ရွက်ခြင်းဆိုင်ရာဥပဒေများ၊ စီးပွားရေးနှင့်ကုမ္ပဏီ အုပ်ချုပ်မှုဆိုင်ရာ ဥပဒေများ စသည့်ဥပဒေဘာသာရပ်ဆိုင်ရာ ခေါင်းစဉ်များအလိုက်ကျင်းပသော ဆွေးနွေးပွဲများသို့ လည်း မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ပြီး ပါဝင်ဆွေးနွေးခဲ့ကြပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ရုရှားနိုင်ငံမော်စကိုမြို့၌ကျင်းပမည့် ရုရှားဖက်ဒရေးရှင်း နိုင်ငံ ရှေ့နေချုပ်ရုံးနှင့် မြန်မာနိုင်ငံ ဥပဒေရေးရာဝန်ကြီးဌာနတို့အကြား လက်မှတ်ရေး ထိုးထားသော ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာစာချွှန်လွှာကို အကောင်အထည်ဖော် ဆောင်ရွက်ရေးဆိုင်ရာ ဆွေးနွေးပွဲများသို့ ဆက်လက်တက်ရောက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၉-၆-၂၀၂၄)
- ရုရှားနိုင်ငံတရားရေးဝန်ကြီးဌာန တရားရေးဝန်ကြီး၏ ဖိတ်ကြားချက်အရ ဥပဒေ ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာ သီတာဦး ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ ရုရှားဖက်ဒရေးရှင်းနိုင်ငံ စိန့်ပီတာစဘတ်မြို့၌ ကျင်းပလျက်ရှိသော (၁၂) ကြိမ်မြောက် စိန့်ပီတာစဘတ် အပြည်ပြည်ဆိုင်ရာ ဥပဒေရေးရာဖိုရမ် (12th St. Petersburg International Legal Forum) သို့ တက်ရောက်ခဲ့။
- ဥပဒေရေးရာဝန်ကြီးဌာနနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ တရားရေးဝန်ကြီးဌာနတို့ အကြား ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ စာချွန်လွှာအရ ဥပဒေရေးရာစနစ်များ၊ ဥပဒေပြုရေးဆိုင်ရာ အတွေ့အကြုံနှင့် သတင်းအချက်အလက် ဖလှယ်ခြင်းတို့တွင် အမြင်ချင်းဖလှယ် ဆောင်ရွက်နိုင်ရန် ဆွေးနွေးပွဲများ၊ ကျွမ်းကျင်သူများ အပြန် အလှန်ဖလှယ်မှုများဖြင့် နှစ်နိုင်ငံအဖွဲ့အစည်းနှစ်ရပ်အကြား ပိုမိုပူးပေါင်းဆောင်ရွက် သွားနိုင်မည်ဖြစ်။
Add new comment