ကမ္ဘာ့ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ၏ အစီရင်ခံစာပါ ရေးသားချက်များအပေါ် မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်နှင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်တို့၏ သဘောထားထုတ်ပြန်ချက်

ကမ္ဘာ့ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီသည် အပြည်ပြည်ဆိုင်ရာဘဏ်များ၊ ပြည်တွင်း နိုင်ငံပိုင်ဘဏ်နှင့် ပုဂ္ဂလိကဘဏ်အချို့မှာ မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးချိုး ဖောက်မှုများ၌ ပါဝင်နေသည့်အတွက် အရေးယူပေးပါရန် တောင်းဆိုမှုများ ဖော်ပြထား သော အစီရင်ခံစာတစ်စောင်ကို ၂၆-၆-၂၀၂၄ ရက်နေ့တွင် ထုတ်ပြန်ခဲ့ပါသည်။

၎င်းအစီရင်ခံစာနှင့်ပတ်သက်၍ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည်များ နှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်နှင့် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်တို့မှ သဘောထားများကို အောက်ပါအတိုင်း ထုတ်ပြန်ခဲ့ပါသည်-

  • ကုန်သည်စက်မှုအသင်းချုပ်အနေဖြင့် နိုင်ငံတွင်း စီးပွားရေးလုပ်ငန်းများအား ထိခိုက်စေနိုင်မှုမှတစ်ဆင့် အများပြည်သူနစ်နာဆုံးရှုံးစေမှုကို မဖြစ်ပေါ်စေရန်နှင့် သာမန်ပြည်သူများ၏ လူမှုစီးပွားဘဝအား ထိခိုက်မှုမရှိစေရန်တို့ကို ဆောင်ရွက် ပေးရန် သက်ဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်းများအား တိုက်တွန်းလိုပါသည်။
  • ကမ္ဘာ့ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ၏ အစီရင်ခံစာပါ အချက်များသည် မြန်မာပြည်သူလူထု၏ အကျိုးစီးပွားကို ထိခိုက်စေသည့်အပြင် မြန်မာနိုင်ငံနှင့် ပြည်ပနိုင်ငံများအကြား စီးပွားရေးအရ ဆက်ဆံမှုကိုလည်း ထိခိုက်စေနိုင်မည်ဖြစ် သဖြင့် ကုန်သည်စက်မှုအသင်းချုပ်အနေဖြင့် စိုးရိမ်ပူပန်မိကြောင်းနှင့် အသင်းချုပ် သည် နိုင်ငံ့စီးပွားရေးနှင့် သာမန်ပြည်သူများ၏ လူမှုစီးပွားဘဝများ ရှင်သန်ရေး တို့အတွက် ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်အပ် ပါသည်။
  • မြန်မာနိုင်ငံရှိ ဘဏ်များ၊ မြန်မာနိုင်ငံနှင့် ဘဏ်လုပ်ငန်း ပူးပေါင်းဆောင်ရွက်နေ သော နိုင်ငံတကာဘဏ်များကို အရေးယူရန် တောင်းဆို တိုက်တွန်းမှုများသည် ပြည်သူအများစု မှီခိုနေသည့် လယ်ယာကဏ္ဍနှင့် စားနပ်ရိက္ခာဖူလုံမှု၊ စားနပ် ရိက္ခာ ထုတ်လုပ်မှုလုပ်ငန်းများကို ထိခိုက်နစ်နာစေရန် ဦးတည်သကဲ့သို့ဖြစ်၊ နိုင်ငံ တကာအဖွဲ့အစည်းများအနေဖြင့် ဘဏ်လုပ်ငန်းများ တည်ငြိမ်ကောင်းမွန်ရေးကို ရှေ့ရှုပြီး မှန်ကန်သော မြေပြင်အခြေအနေ၊ တိကျခိုင်လုံသော အချက်အလက် များ၊ လက်တွေ့ဆောင်ရွက်နေမှုအခြေအနေများကို လေ့လာသုံးသပ်လျက် အပြု သဘောဖြင့်သာ ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်လုပ်ဆောင်သင့်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က ထုတ်ပြန်ခဲ့ပါသည်။

          သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၃၀-၆-၂၀၂၄)

  • ကုန်သည်စက်မှုအသင်းချုပ်အနေဖြင့် နိုင်ငံတွင်း စီးပွားရေးလုပ်ငန်းများအား ထိခိုက်စေနိုင်မှုမှတစ်ဆင့် အများပြည်သူနစ်နာဆုံးရှုံးစေမှုကို မဖြစ်ပေါ်စေရန်နှင့် သာမန်ပြည်သူများ၏ လူမှုစီးပွားဘဝအား ထိခိုက်မှုမရှိစေရန်တို့ကို ဆောင်ရွက် ပေးရန် သက်ဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်းများအား တိုက်တွန်းလို။
  • နိုင်ငံတကာအဖွဲ့အစည်းများအနေဖြင့် ဘဏ်လုပ်ငန်းများ တည်ငြိမ်ကောင်းမွန် ရေးကို ရှေ့ရှုပြီး မှန်ကန်သော မြေပြင်အခြေအနေ၊ တိကျခိုင်လုံသော အချက်အ လက်များ၊ လက်တွေ့ဆောင်ရွက်နေမှုအခြေအနေများကို လေ့လာသုံးသပ်လျက် အပြု သဘောဖြင့်သာ ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်လုပ်ဆောင်သင့် ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က ထုတ်ပြန်။

Add new comment