တရုတ်ပြည်သူ့သမ္မတနိုင်ငံအစိုးရ၏ ဖိတ်ကြားချက်အရ နိုင်ငံတော်သမ္မတ(ငြိမ်း) ဦးသိန်းစိန်နှင့်အဖွဲ့ဝင်များသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ပေကျင်းမြို့ Great Hall of the People ၌ ကျင်းပမည့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူကြီး(၅) ရပ်ချမှတ်ခဲ့သည့် နှစ်(၇၀)ပြည့်အထိမ်းအမှတ် အခမ်းအနားသို့ တက်ရောက်ရန် ဇွန်လ ၂၇ ရက်တွင် နေပြည်တော်မှ အထူးလေယာဉ်ဖြင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ထွက်ခွာသွားခဲ့ပါသည်။
ဇွန်လ ၂၈ ရက်တွင် ကျင်းပသော ဖွင့်ပွဲအခမ်းအနားတွင် တရုတ်ပြည်သူ့သမ္မတ နိုင်ငံ သမ္မတ မစ္စတာရှီကျင့်ဖျင်က မိန့်ခွန်းပြောကြားခဲ့ပါသည်။ အခမ်းအနားသို့ နိုင်ငံတော်သမ္မတ (ငြိမ်း)နှင့်အတူ မြန်မာနိုင်ငံမဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေး အဖွဲ့ ဥက္ကဋ္ဌ ဦးသန့်ကျော်၊ မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်းဥက္ကဋ္ဌ ဦးတင်ဦး၊ ဦးနု-ဒေါ်မြရီဖောင်ဒေးရှင်းဥက္ကဋ္ဌ ဒေါ်သန်းသန်းနုနှင့် မြန်မာနိုင်ငံမှ တာဝန်ရှိသူများ၊ နိုင်ငံအကြီးအကဲဟောင်းနှင့် အစိုးရအဖွဲ့အကြီးအကဲဟောင်း (၂၀) အပါအဝင် နိုင်ငံ ပေါင်း (၁၀၀) ကျော်မှ နိုင်ငံတကာနှင့် ဒေသတွင်းအဖွဲ့အစည်းများ၊ သံတမန်ကိုယ်စား လှယ်များ၊ ပညာရှင်များနှင့် မီဒီယာနှင့် စီးပွားရေးအသိုက်အဝန်းမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပါသည်။
နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိ (Mr. Wang Yi) က တည်ခင်းဧည့်ခံသည့် နေ့လည်စာစားပွဲသို့ နိုင်ငံတော်သမ္မတ (ငြိမ်း) ဦးသိန်းစိန်၊ ဗီယက်နမ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးရာဗျူရို အတွင်းရေးမှူးဟောင်း Nong Due Manh၊ ဘရာဇီးလ် နိုင်ငံသမ္မတဟောင်း Dilma Rousseffi အီသီယိုးပီးယားနိုင်ငံ သမ္မတဟောင်း Mulatu Teshome Wirtu နှင့် ပြင်သစ်နိုင်ငံဝန်ကြီးချုပ်ဟောင်း Dominique Marle Francois Galouzeau de Villepin တို့လည်း တက်ရောက်ကြပြီး နိုင်ငံတော်သမ္မတ (ငြိမ်း) ဦးသိန်းစိန်က နိုင်ငံများအကြား ဆက်ဆံရာတွင် သာတူညီမျှနှင့် လေးစားမှုအတွက် စံချိန်စံညွှန်းများဖြင့် ကျင့်သုံးနိုင်အောင် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူကြီး (၅) ရပ်ကို စတင်အကောင်အထည်ဖော်ခဲ့မှု၊ ယင်းမူကြီး (၅) ရပ်အား လိုက်နာကျင့်သုံးကြ သည့် နိုင်ငံများအကြား ပြဿနာရပ်များကို ငြိမ်းချမ်းသောနည်းလမ်းဖြင့် ဖြေရှင်းနိုင် မှုနှင့် ကမ္ဘာလုံးဆိုင်ရာပြောင်းလဲမှုများ ဖြစ်ပေါ်လျက်ရှိသည့်အခြေအနေတွင် ကမ္ဘာ့ ငြိမ်းချမ်းရေးအတွက် ယင်းမူကြီးများ၏ အရေးကြီးမှုတို့ကို မိန့်ခွန်း၌ထည့်သွင်းပြော ကြားခဲ့ကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၃၀-၆-၂၀၂၄)
- တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၌ ကျင်းပမည့် ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေး မူကြီး(၅)ရပ်ချမှတ်ခဲ့သည့် နှစ်(၇၀) ပြည့်အထိမ်းအမှတ်အခမ်းအနားသို့ နိုင်ငံတော်သမ္မတ (ငြိမ်း)နှင့်အတူ မြန်မာနိုင်ငံမှတာဝန်ရှိသူများ၊ နိုင်ငံအကြီးအကဲ ဟောင်းနှင့် အစိုးရအဖွဲ့အကြီးအကဲဟောင်း (၂၀) အပါအဝင် နိုင်ငံပေါင်း (၁၀၀) ကျော်မှ နိုင်ငံတကာနှင့် ဒေသတွင်းအဖွဲ့အစည်းများ၊ သံတမန်ကိုယ်စားလှယ်များ၊ ပညာရှင်များနှင့် မီဒီယာနှင့် စီးပွားရေးအသိုက်အဝန်းမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့။
- နိုင်ငံတော်သမ္မတ (ငြိမ်း) ဦးသိန်းစိန်က နိုင်ငံများအကြား ဆက်ဆံရာတွင် သာတူညီမျှနှင့် လေးစားမှုအတွက် စံချိန်စံညွှန်းများဖြင့် ကျင့်သုံးနိုင်အောင် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူကြီး (၅) ရပ်ကို စတင်အကောင်အထည် ဖော်ခဲ့မှု၊ ယင်းမူကြီး (၅) ရပ်အား လိုက်နာကျင့်သုံးကြသည့် နိုင်ငံများအကြား ပြဿနာရပ်များကို ငြိမ်းချမ်းသောနည်းလမ်းဖြင့် ဖြေရှင်းနိုင်မှုနှင့် ကမ္ဘာလုံး ဆိုင်ရာပြောင်းလဲမှုများ ဖြစ်ပေါ်လျက်ရှိသည့်အခြေအနေတွင် ကမ္ဘာ့ငြိမ်းချမ်း ရေးအတွက် ယင်းမူကြီးများ၏ အရေးကြီးမှုတို့ကို မိန့်ခွန်း၌ထည့်သွင်းပြော ကြားခဲ့။
Add new comment