ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ ၂၀၂၄ ခုနှစ် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (SCO) ၏ တိုင်းရင်းဆေးဖိုရမ်သို့ တက်ရောက်

          ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ နန်းချန်းမြို့၌ ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ ကျင်းပပြုလုပ်သည့် ၂၀၂၄ ခုနှစ် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေး အဖွဲ့အစည်း၏ တိုင်းရင်းဆေးဖိုရမ်သို့ တက်ရောက်ခဲ့ပြီး ညီလာခံ၌ ပြည်ထောင်စုဝန် ကြီးသည်-

  • သိပ္ပံနည်းကျသုတေသနတွင် ရင်းနှီးမြှုပ်နှံပြီး   ခေတ်မီနည်းပညာများ အသုံးပြု ခြင်းဖြင့်  တိုင်းရင်းဆေးဝါးများ၏ အရည်အသွေး၊ ထိရောက်မှု၊   ဘေးကင်းလုံခြုံ စိတ်ချရမှုနှင့် သုံးစွဲနိုင်မှုတို့ကို မြှင့်တင်နိုင်မည်ဖြစ်ကြောင်း။
  • ယနေ့ကျင်းပသော ညီလာခံသည် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုဆိုင်ရာအဖွဲ့၏ အဖွဲ့ဝင်နိုင်ငံများ၊ လေ့လာသူနိုင်ငံများနှင့် ဆွေးနွေးဖက်နိုင်ငံများအကြား တိုင်းရင်း ဆေးကဏ္ဍဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် အပြန်အလှန် နားလည်ယုံကြည်မှု၊ တီထွင်ဆန်းသစ်မှုများဖြင့် ပိုမိုပူးပေါင်းဆောင်ရွက်သွားနိုင်မည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့။
  • ဇွန်လ ၂၇ ရက်တွင် ပြည်ထောင်စုဝန်ကြီးနှင့့််အဖွဲ့သည် တရုတ်ပြည်သူ့သမ္မတ နိုင်ငံ ကျန်းရှီးပြည်နယ်ရှိ ကျန်းကျုံးတိုင်းရင်းဆေးဥယျာဉ်နှင့် တိုင်းရင်းဆေးဝါး ထုတ်လုပ်ရေးစက်ရုံသို့လည်းကောင်း၊ နန်ချန်းတိုင်းရင်း ဆေးရုံသို့သွားရောက်၍ တရုတ်တိုင်းရင်းဆေးကုထုံးများဖြစ်သည့် အပ်စိုက်ကုထုံး၊ အပူကုထုံး၊ အနှိပ် ကုထုံးများကို ခေတ်မီစက်ကိရိယာများအသုံးပြု၍ လူကြီးနှင့် ကလေးငယ်များကို ကုသပေးနေမှုကိုလည်းကောင်း၊ ပြန်လည်သန်စွမ်းမှုဌာနတွင် ခေတ်မီစက်ကိရိယာများ အသုံးပြု၍ ကုသနေမှုကိုလည်းကောင်း သွားရောက်လေ့လာခဲ့။
  • ဇွန် ၂၈ ရက်တွင်  ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကျန်းရှီးပြည်နယ် တိုင်းရင်း ဆေးပညာအုပ်ချုပ်ရေး အဖွဲ့ခေါင်းဆောင်နှင့် ပါတီအတွင်းရေးမှူးဦးဆောင်သည့် အဖွဲ့တို့နှင့်တွေ့ဆုံ၍ တိုင်းရင်းဆေးဝါးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်း ဆောင်ရွက်သွားမည့်အခြေအနေ၊ တိုင်းရင်းဆေးပညာဦးစီးဌာနနှင့် နန်ချန်း တိုင်းရင်းဆေးတက္ကသိုလ်တို့အကြား နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုး သွားမည့်အစီအစဉ်၊ တိုင်းရင်းဆေးပညာပြတိုက် ပေါ်ထွန်းလာရေးအတွက် ပူးပေါင်းဆောင်ရွက်သွားမည့်အစီအစဉ်များနှင့် စပ်လျဉ်း၍ အသေးစိတ်ဆွေးနွေးခဲ့။

ညီလာခံသို့ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုဆိုင်ရာအဖွဲ့၏ အဖွဲ့ဝင်နိုင်ငံ၊ လေ့လာ သူနိုင်ငံနှင့် မိတ်ဖက်နိုင်ငံများမှ ကိုယ်စားလှယ်အဖွဲ့ဝင်များ၊ တိုင်းရင်းဆေးပညာရှင် များ၊ ဆေးဝါးကွပ်ကဲရေးအဖွဲ့များမှ ပညာရှင်များနှင့် စီးပွားရေးလုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဇွန်လ ၂၉ ရက်တွင် မြန်မာ နိုင်ငံသို့ လေကြောင်းခရီးဖြင့် ပြန်လည်ရောက်ရှိကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၃၀-၆-၂၀၂၄)

  • ပြည်ထောင်စုဝန်ကြီးနှင့့််အဖွဲ့သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကျန်းရှီးပြည် နယ်ရှိ ကျန်းကျုံးတိုင်းရင်းဆေးဥယျာဉ်နှင့် တိုင်းရင်းဆေးဝါး ထုတ်လုပ်ရေး စက်ရုံသို့လည်းကောင်း၊ အပ်စိုက်ကုထုံး၊ အပူကုထုံး၊ အနှိပ်ကုထုံးများကို ခေတ်မီ စက်ကိရိယာများအသုံးပြု၍ လူကြီးနှင့် ကလေးငယ်များကို ကုသပေးနေမှုကို လည်းကောင်း၊ ပြန်လည်သန်စွမ်းမှုဌာနတွင် ခေတ်မီစက်ကိရိယာများ အသုံးပြု၍ ကုသနေမှုကိုလည်းကောင်း သွားရောက်လေ့လာခဲ့။
  • ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် တိုင်းရင်းဆေးဝါးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး အတွက် ပူးပေါင်းဆောင်ရွက်သွားမည့်အခြေအနေ၊ တိုင်းရင်းဆေးပညာဦးစီး ဌာနနှင့် နန်ချန်းတိုင်းရင်းဆေးတက္ကသိုလ်တို့အကြား နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုး သွားမည့်အစီအစဉ်၊ တိုင်းရင်းဆေးပညာပြတိုက် ပေါ်ထွန်း လာရေးအတွက် ပူးပေါင်းဆောင်ရွက်သွားမည့်အစီအစဉ်များနှင့် စပ်လျဉ်း၍ အသေးစိတ်ဆွေးနွေးခဲ့။

 

Add new comment