၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ကျင်းပရေးဦးစီးကော်မတီ ဒုတိယအကြိမ် အစည်းအဝေးကို ဇွန်လ ၂၈ ရက်တွင် နေပြည်တော်ရှိ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ကျင်းပရေးဦးစီးကော်မတီနာယက နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း တက်ရောက်အမှာစကားပြောကြားခဲ့ပါသည်။
အစည်းအဝေးသို့ ကျင်းပရေးဦးစီးကော်မတီဝင် ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုစာရင်းစစ်ချုပ်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးများ၊ ဌာန ဆိုင်ရာအကြီးအကဲများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။
ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်ကျင်းပရေး ဦးစီးကော်မတီနာယက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက အမှာစကားပြောကြားရာတွင်-
- အားကစား၏ရည်မှန်းချက်သည် တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်မှုကို ရှေးရှု သည်ဆိုသော်လည်း ယခုအခါ အားကစားသည် တစ်ဦးချင်းယှဉ်ပြိုင်ရသည့် ပြိုင်ပွဲမှသည် လူပေါင်းရာထောင်ချီပါဝင်သည့် ပြိုင်ပွဲများ၊ ကျေးလက်အဆင့် အားကစားပြိုင်ပွဲများမှသည် ကမ္ဘာနှင့်ချီသည့် အိုလံပစ်ပြိုင်ပွဲများအထိ ကျင်းပလျက်ရှိနေပြီဖြစ်ကြောင်း။
- အားကစားအောင်မြင်မှုသည် နိုင်ငံနှင့်လူမျိုး၏ ဂုဏ်သိက္ခာကို နိုင်ငံတကာ အလယ်တွင် ထည်ဝါခန့်ညားစေခြင်းဖြစ်သည့်အတွက် “အားကစားပြိုင်ပွဲများ ကို လက်နက်မပါသောတိုက်ပွဲများ” ဟု တင်စားလာနေကြပြီဖြစ်ကြောင်း။
- ယခုကျင်းပမည့် အမျိုးသားအားကစားပွဲတော်သည် နိုင်ငံ့ဂုဏ်ဆောင် မျိုးဆက်သစ်အားကစားသမားများ ပေါ်ထွက်လာရေးရည်ရွယ်ပြီး ကျင်းပခြင်း ဖြစ်သည့်အတွက် ပါဝင်ယှဉ်ပြိုင်ကြမည့် အားကစားသမားများအနေဖြင့် အားကစားစိတ်ဓာတ်အပြည့်ဖြင့် ယှဉ်ပြိုင်ပြီး အောင်မြင်မှုများ ရရှိအောင် ကြိုးစားဆောင်ရွက်သွားရန်လိုကြောင်း။
- အမျိုးသားအားကစားပွဲတော်ကြီး အနှစ်သာရရှိရှိ၊ ရည်မှန်းချက်များအတိုင်း အောင်မြင်စွာကျင်းပနိုင်ရေး ဦးစီးကော်မတီ၊ လုပ်ငန်းကော်မတီ၊ သက်ဆိုင်ရာ ဆပ်ကော်မတီများနှင့် ဝန်ကြီးဌာနများ၊ ပြည်နယ်နှင့်တိုင်းဒေသကြီးများ အနေဖြင့် အလေးထားလိုက်နာ ဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြား လိုကြောင်း။
- အမျိုးသားအားကစားပွဲတော်ကြီး ကျင်းပနေဆဲကာလအတွင်း လုံခြုံရေး ကျိုးပေါက်မှုမရှိစေရေးသည် အရေးကြီးဆုံးဖြစ်သည့်အတွက် အားလုံးက လုံခြုံရေးအသိ၊ လုံခြုံရေးသတိနှင့် အလေးထား လိုက်နာဆောင်ရွက်ကြရန် လိုအပ်ကြောင်း။
- ပြိုင်ပွဲကာလအတွင်း ပါဝင်ယှဉ်ပြိုင်ကြမည့် အားကစားသမားများ တည်းခို ကြမည့် နေရာများတွင် စနစ်တကျရှိစေရေး၊ စိတ်အေးချမ်းသာစွာ ပါဝင်ယှဉ် ပြိုင်နိုင်ရေး၊ နေထိုင်စားသောက်ရေး၊ လုံခြုံရေး၊ ကျန်းမာရေးနှင့် သယ်ယူ ပို့ဆောင်ရေးစသည့်ကိစ္စရပ်များတွင် ဆပ်ကော်မတီအလိုက် တာဝန်ရှိသူများ အနေဖြင့် အသေးစိတ်စီမံဆောင်ရွက်သွားကြရန်လိုကြောင်း ပြောကြားခဲ့။
ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်ကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌနှင့် ကော်မဝင်များက ပဉ္စမအကြိမ်အမျိုးသားအားကစားပွဲတော် အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် သက်ဆိုင်ရာကဏ္ဍများအလိုက် လုပ်ငန်းဆောင်ရွက်ထားရှိမှုနှင့် ဆက်လက်ဆောင်ရွက်သွားကြမည့်အစီအမံများကို ရှင်းလင်းဆွေးနွေးတင်ပြခဲ့ကြပါ သည်။
ထို့နောက် ပဉ္စမအကြိမ်အမျိုးသားအားကစားပွဲတော်ကျင်းပရေးဦးစီးကော်မတီ နာယက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က ရှင်းလင်းဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက် ပေးခဲ့ပြီး နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးကိုရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၉-၆-၂၀၂၄)
- ယခုကျင်းပမည့် အမျိုးသားအားကစားပွဲတော်သည် နိုင်ငံ့ဂုဏ်ဆောင် မျိုးဆက်သစ် အားကစားသမားများ ပေါ်ထွက်လာရေးရည်ရွယ်ပြီး ကျင်းပခြင်းဖြစ်သည့်အတွက် ပါဝင်ယှဉ်ပြိုင်ကြမည့် အားကစားသမားများအနေဖြင့် အားကစားစိတ်ဓာတ်အပြည့်ဖြင့် ယှဉ်ပြိုင်ပြီး အောင်မြင်မှုများရရှိအောင် ကြိုးစားဆောင်ရွက်သွားရန်လို။
- အမျိုးသားအားကစားပွဲတော်ကြီး အနှစ်သာရရှိရှိ၊ ရည်မှန်းချက်များအတိုင်း အောင်မြင်စွာကျင်းပနိုင်ရေး ဦးစီးကော်မတီ၊ လုပ်ငန်းကော်မတီ၊ သက်ဆိုင်ရာ ဆပ်ကော်မတီများနှင့် ဝန်ကြီးဌာနများ၊ ပြည်နယ်နှင့်တိုင်းဒေသကြီးများအနေဖြင့် အလေးထားလိုက်နာ ဆောင်ရွက်သွားကြရန်။
- အမျိုးသားအားကစားပွဲတော်ကြီး ကျင်းပနေဆဲကာလအတွင်း လုံခြုံရေးကျိုးပေါက် မှုမရှိစေရေးသည် အရေးကြီးဆုံးဖြစ်သည့်အတွက် အားလုံးက လုံခြုံရေးအသိ၊ လုံခြုံရေးသတိနှင့် အလေးထား လိုက်နာဆောင်ရွက်ကြရန်လိုအပ်။
Add new comment