ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးလုပ်ငန်းများတွင် ကာကွယ်ဆေး ထိုးနှံမှုများအား အရှိန်မြှင့်တင်ဆောင်ရွက်လျက်ရှိ

ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် ကာကွယ်ဆေးထိုးခြင်းသည် အဓိကလုပ်ငန်းတစ်ရပ်ဖြစ်သဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီလက်ထက်တွင် ၁၈ နှစ်နှင့်အထက် ဦးတည်အုပ်စုများသတ်မှတ်ပြီး ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းများကို အလေးထားဆောင်ရွက်လျက်ရှိပါသည်။ ထိုသို့ ဆောင်ရွက်လျက်ရှိရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီလက်ထက်တွင် ကာကွယ်ဆေးများ လုံလောက်စွာရရှိရေးအတွက် ပြည်ပနိုင်ငံများမှ ဝယ်ယူခြင်းနှင့် မိတ်ဆွေနိုင်ငံများမှ လှူဒါန်းခြင်းတို့ကြောင့်  လုံလောက်သည့်ကာကွယ်ဆေးအရေအတွက်ရရှိလာသဖြင့် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလမှစတင်၍ ၁၈ နှစ်နှင့်အထက် ဦးတည်အုပ်စုများအပြင် တက္ကသိုလ်ကျောင်းသား/သူများ၊ ၁၂ နှစ်နှင့်အထက် ကျောင်းသား/သူများ၊ တိုက်ပွဲရှောင်နှင့် နေရပ်စွန့်ခွာသူများအား လျာထားသတ်မှတ်ချက်ထက်ကျော်လွန်၍ ထိုးနှံပေးနိုင်ခဲ့ပြီး ကျန်းမာရေးဝန်ထမ်းများနှင့် လိုအပ်သူများအား Booster (Third Dose) ထိုးနှံပေးလျက်ရှိပါသည်။

ဂျပန်နိုင်ငံ နီပွန်ဖောင်ဒေးရှင်းက မြန်မာနိုင်ငံသို့ Covaxin အမှတ်တံဆိပ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ၂ သန်း လှူဒါန်းခဲ့ရာ ဒုတိယအသုတ်ကာကွယ်ဆေး ၁ သန်းသည် ဇန်နဝါရီလ ၂၃ ရက်တွင် ထပ်မံရောက်ရှိခဲ့ပါသည်။ ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ဝယ်ယူခြင်းမှ ၄၆ ဒသမ ၁ သန်းနှင့် လှူဒါန်းမှုမှ ၁၆ ဒသမ ၄ သန်း ရရှိခဲ့ရာ စုစုပေါင်း ၆၂ ဒသမ ၅ သန်းခန့်ရရှိခဲ့ပြီးဖြစ်ပါသည်။ အဆိုပါကာကွယ်ဆေးများကို ထိုးနှံပေးလျက်ရှိရာ-

  • တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် ဇန်နဝါရီလ ၁ ရက်မှ ၂၅ ရက်အထိ ကိုဗစ်-၁၉ ကာကွယ်ဆေး Booster (Third Dose) ကို ၁၉,၀၈၃ ဦးအား ထိုးနှံပြီးစီးခဲ့ပြီးဖြစ်။
  • တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် ဖွင့်လှစ်သင်ကြားလျက်ရှိသည့် တက္ကသိုလ်/ ကောလိပ်/ဒီဂရီကောလိပ်နှင့် သင်တန်းကျောင်းများရှိ ကျောင်းသား/သူများ၏ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပြီးစီးမှုမှာ ဇန်နဝါရီလ ၁၈ ရက်မှ ၂၅ ရက်အထိ ၁၈၂ ဦးအား ကာကွယ်ဆေးထိုးနှံပြီးစီးခဲ့ပြီးဖြစ်။
  • အသက် ၁၂ နှစ်နှင့်အထက် ကျောင်းသား/သူများ၏ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပြီးစီးမှုမှာ ဇန်နဝါရီလ ၂၅ ရက်အထိ ဒုတိယအကြိမ်အဖြစ် ၁,၄၁၇,၂၄၅ ဦးအားလည်းကောင်း၊ ပထမအကြိမ်အဖြစ် ၁၂၁,၆၅၈ ဦးအား ကာကွယ်ဆေးထိုးနှံပြီးစီးခဲ့ပြီးဖြစ်။
  • ရခိုင်ပြည်နယ်အတွင်းရှိ ယာယီတိုက်ပွဲရှောင်စခန်းများတွင် ခိုလှုံနေကြသည့် ဒေသခံပြည်သူများ၏ ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပြီးစီးမှုမှာ ဇန်နဝါရီလ ၂၅ ရက် အထိ ဒုတိယအကြိမ်အဖြစ် ၁၇,၉၂၂ ဦးအားလည်းကောင်း၊ ပထမအကြိမ်အဖြစ် ၁၉,၂၁၅ ဦးအား ကာကွယ်ဆေးထိုးနှံပြီးစီးခဲ့ပြီးဖြစ်။
  • ရခိုင်ပြည်နယ်အတွင်းရှိ IDPs စခန်းများတွင် ခိုလှုံနေကြသည့် ဘင်္ဂါလီများ၏ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပြီးစီးမှုမှာ ဇန်နဝါရီလ ၂၅ ရက် အထိ ဒုတိယ အကြိမ်အဖြစ် ၂၂,၇၇၃ ဦးအားလည်းကောင်း၊ ပထမအကြိမ်အဖြစ် ၃၆,၃၇၄ ဦးအား ကာကွယ်ဆေး ထိုးနှံပြီးစီးခဲ့ပြီးဖြစ်။
  • ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် ဇန်န ဝါရီလ ၂၅ ရက်အထိ လူဦးရေစုစုပေါင်း ၂၁ ဒသမ ၈ သန်းအား ထိုးနှံပေးပြီး ဖြစ်၍ ကာကွယ်ဆေးနှစ်ကြိမ်အပြည့်ထိုးနှံပြီးစီးသူ ၁၈ ဒသမ ၄ သန်းနှင့် ပထမ အကြိမ်ထိုးနှံပြီးစီးသူ ၃ ဒသမ ၄ သန်းရှိကာ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအကြိမ်ရေစုစုပေါင်း ၄၀ ဒသမ ၂၅ သန်းထိုးနှံပြီးဖြစ်။

မြန်မာနိုင်ငံ၌ ၂၅-၁-၂၀၂၂ ရက်အထိ အိုမီခရွန်ရောဂါပိုးတွေ့ရှိသူစုစုပေါင်း ၁၈၃ ဦးရှိပြီး ပြည်ပမှ Relife Flight များဖြင့် ပြန်လည်ဝင်ရောက်လာသူ ၁၈၁ ဦးနှင့် ၎င်းတို့နှင့် ထိတွေ့သည့်မိသားစုဝင် ၂ ဦးတို့ဖြစ်ပါသည်။ ပြည်ပမှ ပြန်လည်ဝင်ရောက်လာသူ ၁၈၁ ဦးမှာ မြန်မာနိုင်ငံသား ၁၆၅ ဦးနှင့် နိုင်ငံခြားသား ၁၆ ဦးတို့ဖြစ်ပြီး အဆိုပါ ၁၈၁ ဦးမှာ ယူအေအီးနိုင်ငံမှ ၃၃ ဦး၊ မလေးရှားနိုင်ငံမှ ၃၇ ဦး၊ အိန္ဒိယနိုင်ငံမှ ၇၅ ဦး၊ ထိုင်းနိုင်ငံမှ ၁၀ ဦး၊ ဖိလစ်ပိုင်နိုင်ငံမှ ၁၂ ဦး၊ စင်ကာပူနိုင်ငံမှ ၈ ဦး၊ ရုရှားနိုင်ငံမှ ၂ ဦးနှင့် ကိုရီးယားနိုင်ငံမှ ၄ ဦးတို့ဖြစ်ပါသည်။

ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါရှိ/မရှိ ဓာတ်ခွဲစမ်းသပ်စစ်ဆေးခြင်းအား ပုံမှန်ဆောင်ရွက်လျက်ရှိရာ ဇန်နဝါရီလ ၂၅ ရက်တွင် ဓာတ်ခွဲနမူနာစုစုပေါင်း ၁၁,၂၃၆ ခုအားစစ်ဆေးခဲ့ပြီး၊ ဓာတ်ခွဲအတည်ပြုလူနာသစ် ၂၂၀ ဦးဖြင့် ရောဂါပိုးတွေ့ရှိမှု ၁.၉၆ ရာခိုင်နှုန်းရှိခဲ့ပါသည်။ ၂၅-၁-၂၀၂၂ ရက်အထိ ဓာတ်ခွဲနမူနာ စုစုပေါင်း ၆,၂၉၄,၂၉၆ ခုအား စစ်ဆေးခဲ့ရာ အတည်ပြုလူနာစုစုပေါင်း ၅၃၄,၃၈၃ ဦးနှင့် သေဆုံးသူစုစုပေါင်း ၁၉,၃၁၀ ဦးရှိကြောင်း သိရှိရပါသည်။

  • ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ဝယ် ယူခြင်းမှ ၄၆ ဒသမ ၁ သန်းနှင့် လှူဒါန်းမှုမှ ၁၆ ဒသမ ၄ သန်းရရှိခဲ့ရာ စုစုပေါင်း ၆၂ ဒသမ ၅ သန်းခန့်ရရှိခဲ့ပြီးဖြစ်။
  • နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီလက်ထက်တွင် တက္ကသိုလ်/ ကောလိပ်/ ဒီဂရီကောလိပ်နှင့် သင်တန်းကျောင်းများရှိ ကျောင်းသား/သူများ၊ အသက် ၁၂ နှစ်နှင့်အထက် ကျောင်းသား/သူများ၊ ရခိုင်ပြည်နယ်အတွင်းရှိ ယာယီ တိုက်ပွဲရှောင်စခန်းများတွင် ခိုလှုံနေကြသည့် ဒေသခံပြည်သူများ ရခိုင်ပြည် နယ်အတွင်းရှိ IDPs စခန်းများတွင် ခိုလှုံနေကြသည့် ဘင်္ဂါလီများအား ကိုဗစ် -၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများကို အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်လျက်ရှိ။
  • ၂၅-၁-၂၀၂၂ ရက်အထိ ဓာတ်ခွဲနမူနာစုစုပေါင်း ၆,၂၉၄,၂၉၆ ခုအား စစ်ဆေး ခဲ့ရာ အတည်ပြုလူနာစုစုပေါင်း ၅၃၄,၃၈၃ ဦးနှင့် သေဆုံးသူစုစုပေါင်း ၁၉,၃၁၀ ဦးဖြစ်ပြီး ၂၅-၁-၂၀၂၂ ရက်တွင် ရောဂါပိုးတွေ့ရှိမှု ၁.၉၆ ရာခိုင် နှုန်းရှိ။

Add new comment