ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ အိန္ဒိယပြည်ပရေးရာဝန်ကြီးနှင့် နယူးဒေလီမြို့၌ နှစ်နိုင်ငံသီးခြားတွေ့ဆုံ

အာရှပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာဆွေးနွေးပွဲအဖွဲ့ (အေစီဒီ)၏ (၁၉)ကြိမ်မြောက် နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးသို့ ပါဝင်တက်ရောက်ခဲ့သည့် ဒုတိယဝန်ကြီးချုပ် နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် ခရီးစဉ် ဒုတိယ ပိုင်းအဖြစ် ဇွန်လ ၂၅ ရက်တွင် အီရန်နိုင်ငံ၊ တီဟီရန်မြို့မှ အိန္ဒိယနိုင်ငံ၊ နယူးဒေလီ မြို့သို့ ဆက်လက်ထွက်ခွာလာခဲ့ရာ ဇွန် ၂၆ ရက်တွင် နယူးဒေလီမြို့သို့ ရောက်ရှိခဲ့ပါ သည်။

ပြည်ထောင်စုဝန်ကြီးသည် အိန္ဒိယပြည်ပရေးရာဝန်ကြီး ဒေါက်တာအက်စ်ဂျိုင်ရှန်ကာ နှင့် နယူးဒေလီမြို့ရှိ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာန၌ နှစ်နိုင်ငံသီးခြားတွေ့ဆုံ ဆွေး နွေးစဉ် မြန်မာနှင့်အိန္ဒိယနိုင်ငံတို့အကြား ရှိရင်းစွဲချစ်ကြည်ရင်းနှီးမှု ပိုမိုတိုးတက်ခိုင် မာစေရေး၊ တရားမဝင်မူးယစ်ဆေးဝါးနှင့် လက်နက်ရောင်းဝယ်ဖောက်ကားမှုများ၊ လူ ကုန်ကူးမှုများတိုက်ဖျက်ရေး စသည့်ကဏ္ဍများတွင် နှစ်နိုင်ငံ အပြန်အလှန် ပူးပေါင်းဆောင် ရွက်မှုများမြှင့်တင်ရေး၊ အေစီဒီနှင့် ဘင်းမ်စတက်မျက်နှာစာတွင် ပိုမိုနီးကပ်စွာ ပူးပေါင်း ဆောင်ရွက်သွားရေးကိစ္စရပ်များအပေါ် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြောင်း သိရှိရ ပါသည်။

          သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၈-၆-၂၀၂၄)

  • ပြည်ထောင်စုဝန်ကြီးသည် အိန္ဒိယပြည်ပရေးရာဝန်ကြီးနှင့် နယူးဒေလီမြို့၌ နှစ်နိုင်ငံ သီးခြားတွေ့ဆုံ ဆွေးနွေးစဉ် မြန်မာနှင့် အိန္ဒိယနိုင်ငံတို့အကြား ရှိရင်းစွဲချစ်ကြည် ရင်းနှီးမှု ပိုမိုတိုးတက်ခိုင်မာစေရေး၊ တရားမဝင်မူးယစ်ဆေးဝါးနှင့် လက်နက် ရောင်းဝယ်ဖောက်ကားမှုများ၊ လူကုန်ကူးမှုများတိုက်ဖျက်ရေး စသည့်ကဏ္ဍများ တွင် အပြန်အလှန် ပူးပေါင်းဆောင်ရွက်မှုများမြှင့်တင်ရေး၊ အေစီဒီနှင့် ဘင်းမ် စတက် မျက်နှာစာတွင် ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားရေး ကိစ္စရပ်များအပေါ် ဆွေးနွေးခဲ့။

 

Add new comment