ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကိုယ်စားလှယ်အဖွဲ့ ထိုင်းနိုင်ငံ အထက်လွှတ်တော်ရွေးချယ်ပွဲလေ့လာစောင့်ကြည့်ရေးအစီအစဉ်သို့ သွားရောက်လေ့လာ

          ထိုင်းနိုင်ငံ အထက်လွှတ်တော်ရွေးချယ်ပွဲလေ့လာစောင့်ကြည့်ရေးအစီအစဉ်သို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များဖြစ်သည့် ဦးမြင့်ဦးနှင့် ဦးခင်မောင်ဦး တို့သည် ထိုင်းနိုင်ငံရွေးကောက်ပွဲကော်မရှင်ရုံး အထွေထွေအတွင်းရေးမှူးချုပ်၏ ဖိတ်ကြားချက်အရ သွားရောက်လေ့လာခဲ့ရာ-

  • ဇွန်လ ၂၅ ရက်တွင် အထက်လွှတ်တော်ရွေးချယ်ပွဲဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများနှင့် ရွေးချယ်ပွဲဆိုင်ရာပြစ်မှုများ ရှင်းလင်းဆွေးနွေးခြင်းအခမ်းအနားသို့ တက်ရောက်ခဲ့။
  • ဇွန်လ ၂၆ ရက်တွင် နိုင်ငံအဆင့် အထက်လွှတ်တော် ကိုယ်စားလှယ်ရွေးချယ်မှု လုပ်ငန်းစဉ်အဆင့်ဆင့်ကို လေ့လာစောင့်ကြည့်ခြင်းတို့ ဆောင်ရွက်ကာ လေ့လာ့ရေး ခရီးစဉ်သို့ တက်ရောက်လာသည့် နိုင်ငံတကာရွေးကောက်ပွဲကော်မရှင်၊ အဖွဲ့အစည်း အသီးသီးတို့မှ တာဝန်ရှိသူများနှင့် အမြင်ချင်းဖလှယ်ခွင့်များ ရရှိခဲ့။

အဆိုပါလေ့လာစောင့်ကြည့်ရေးအစီအစဉ်သို့ သွားရောက်ခဲ့သည့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကိုယ်စားလှယ်အဖွဲ့သည် ဇွန်လ ၁၇ ရက်တွင် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိရာ ရန်ကုန်တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ တာဝန် ရှိသူများက ကြိုဆိုနှုတ်ဆက်ခဲ့ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၈-၆-၂၀၂၄)

  • ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကိုယ်စားလှယ်အဖွဲ့ ထိုင်းနိုင်ငံ အထက်လွှတ်တော် ရွေးချယ်ပွဲလေ့လာစောင့်ကြည့်ရေးအစီအစဉ်သို့ သွားရောက်လေ့လာခဲ့ပြီး ဇွန်လ ၂၇ ရက်တွင် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိ။

 

 

Add new comment