မြန်မာနိုင်ငံလုံးဆိုင်ရာ ပညာရေးညီလာခံ (၂၀၂၄) စာတမ်းဖတ်ပွဲများကို ဇွန်လ ၂၆ ရက်နှင့် ၂၇ ရက်တွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၂ ၌ ကျင်းပခဲ့ရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ချာလီသန်းနှင့် ဒေါက်တာညွန့်ဖေ၊ ပညာရေးဝန်ကြီးဌာနနှင့် ဆက်စပ်ဝန်ကြီးဌာန များမှ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခ ချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ပညာရှင်ကြီးများ၊ ပါမောက္ခများ၊ စာတမ်းရှင်များ၊ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြပါသည်။
ဇွန်လ ၂၆ ရက် ညီလာခံဒုတိယနေ့တွင်-
- Parallel Session 1 အခြေခံပညာကဏ္ဍတွင် “တိုင်းချစ်ပြည်ချစ်ရှိသော လူငယ်များပေါ်ထွက်လာစေရေး”ခေါင်းစဉ်ဖြင့် စာတမ်းဖတ်ကြားသူ (၆) ဦး ဖတ်ကြားခဲ့။
- Parallel Session 2 အဆင့်မြင့်ပညာကဏ္ဍတွင် “အရည်အသွေးပြည့်ဝသော ပညာတတ်များမွေးထုတ်ရေး” ခေါင်းစဉ်ဖြင့် စာတမ်းဖတ်ကြားသူ (၆) ဦး ဖတ်ကြားခဲ့။
- Parallel Session 3 သက်မွေးပညာကဏ္ဍတွင် “ထုတ်လုပ်မှုကို အားပေး သော သက်မွေးပညာတိုးတက်ရေး” ခေါင်းစဉ်ဖြင့် စာတမ်းဖတ်ကြားသူ (၆) ဦး ဖတ်ကြားခဲ့။
- Parallel Session 4 ဆရာအတတ်ပညာကဏ္ဍတွင် “ဆရာ၊ ဆရာမများ၏ အရည်အသွေး စဉ်ဆက်မပြတ်မြှင့်တင်ရေး”ခေါင်းစဉ်ဖြင့် စာတမ်းဖတ်ကြားသူ (၆) ဦး ဖတ်ကြားခဲ့။
- Parallel Session 5 သုတေသနနှင့် တီထွင်ဆန်းသစ်မှုကဏ္ဍတွင် “သုတေသန နှင့် တီထွင်ဆန်းသစ်မှု ဖွံ့ဖြိုးတိုးတက်ရေး”ခေါင်းစဉ်ဖြင့် စာတမ်းဖတ်ကြား သူ (၆) ဦး ဖတ်ကြားခဲ့။
- Parallel Session 6 အရည်အသွေးအာမခံမှုကဏ္ဍတွင် “အရည်အသွေးအာမခံ မှုရှိသော ပညာရေးစနစ် ပိုမိုအားကောင်းလာစေရေး”ခေါင်းစဉ်ဖြင့် စာတမ်း ဖတ်ကြားသူ (၆) ဦး ဖတ်ကြားခဲ့။
- ဇွန်လ ၂၇ ရက်တွင် အဆိုပါ ဖတ်ကြားဆွေးနွေးခဲ့ကြသည့် စာတမ်း ခြောက်စောင်၏ ရေတိုရေရှည်လုပ်ငန်းစဉ်များ၊ အကြံပြုဆွေးနွေးချက်များ နှင့်စပ်လျဉ်း၍ စာတမ်းအကျဉ်းချုပ်များကို ဖတ်ကြားတင်ပြရာ စာတမ်းပါ အကြောင်းအရာများနှင့်ပတ်သက်၍ တက်ရောက်လာသူများက အကြံပြု ဆွေးနွေးခဲ့။
ဇွန်လ ၂၅ ရက်နေ့မှ ၂၇ ရက်အထိ ပြုလုပ်ခဲ့သည့် ပညာရေးညီလာခံတွင် ပြည်ထောင်စုဝန်ကြီးက ယခုညီလာခံကြီးက ချမှတ်လိုက်သည့် ရေတို ရေရှည်လုပ်ငန်းအစီအမံများကို အောင်မြင်အောင် ဟန်ချက်ညီညီနှင့် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးကြရန်လိုကြောင်း၊ ဆရာ၊ ဆရာမများအနေဖြင့် မိမိတို့၏ တပည့်သား မြေးများ၏ အသိပညာ၊ အတတ်ပညာကို မြင့်မားအောင်မြှင့်တင်ပေးနိုင်သူ၊ ပဲ့ပြင်ဆုံးမ နိုင်သူ၊ လမ်းပြပေးနိုင်သူများအဖြစ် ဆရာ့ဂုဏ်နှင့်အညီ ပျိုးထောင်ပေးရင်း ညီလာခံ ကြီး၏ ရှေ့လုပ်ငန်းအစီအမံများ အောင်မြင်စေရန် တစ်ဖက်တစ်လမ်းက လက်တွဲ ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားကာ ညီလာခံအောင်မြင်စွာ ပြီးမြောက်ခဲ့ကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၈-၆-၂၀၂၄)
- မြန်မာနိုင်ငံလုံးဆိုင်ရာ ပညာရေးညီလာခံ (၂၀၂၄) ဒုတိယနေ့ စာတမ်းဖတ် ပွဲသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းနှင့် ဒေါက်တာညွန့်ဖေ၊ ပညာရေး ဝန်ကြီးဌာနနှင့် ဆက်စပ်ဝန်ကြီးဌာနများမှ သက်ဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့။
- Parallel Session ၆ ခုတွင် ခေါင်းစဉ်ကြီး ၆ ခုအောက်၌ စုစုပေါင်း စာတမ်းရှင် ၃၆ ဦးက သက်ဆိုင်ရာစာတမ်းများအား အသီးသီးဖတ်ကြားခဲ့။
- စာတမ်းခြောက်စောင်၏ ရေတိုရေရှည်လုပ်ငန်းစဉ်များ၊ အကြံပြုဆွေးနွေးချက် များနှင့်စပ်လျဉ်း၍ စာတမ်းအကျဉ်းချုပ်များကို ဖတ်ကြားတင်ပြရာ စာတမ်းပါ အကြောင်းအရာများနှင့်ပတ်သက်၍ တက်ရောက်လာသူများက အကြံပြုဆွေးနွေးခဲ့။
Add new comment